"ငြိမ်းငြိမ်းချမ်းချမ်းဆုတောင်းတာပါ။ ဆူဆူပူပူလုပ်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့မှာ အားကိုးရာဆိုတာမရှိတော့ဘူး။ ဘုရားပဲရှိတော့တယ် ဆုတောင်းတယ်။ ပင်မသပိတ်ကြီးကို
အာဏပိုင်တွေက မဖယ်ပေးသ၍ ရန်ကုန်မြို့နဲ့ အခြားပြည်နယ်နဲ့ တိုင်းတွေမှာ ဆန္ဒပြပွဲတွေ အရှိန်မြှင့်သွားမှာပါ"ဟု ရန်ကုန်လူငယ်ကွန်ယက်မှ အထွေထွေအတွင်းရေးမှူး ရဲဝင်းထွဋ်က မီဒီယာများကိုပြောသည်။
ဆုတောင်းပွဲတွင် ကျောင်းသားများကို အကြမ်းဖက်ခြင်းကင်းဝေးပါစေ၊ ဒီမိုကရေစီ ပညာရေး အမြန်ဆုံး ပေါ်ပေါက်ပါစေ၊ ကျောင်းသားသပိတ် ပင်မစစ်ကြောင်းအား ဝန်းရံပိတ်ဆို့ထားခြင်းကန့်ကွက်ပါသည်၊ အကြမ်းဖက်မှုကို မလိုလားသော ပြည်သူများဟူသော စာသားများပါသည့် ဗွီနိုင်များကိုကိုင် ဆောင်၍ ဗိုလ်တစ်ထောင်ဘုရားကို လက်ယာရစ် ၃ကြိမ်ပတ်၍ ကြွေးကြော်သံများဖြင့် ဆုတောင်းပွဲကို ကျင်းပခဲ့သည်။
ကျောင်းသားများ ဆုတောင်းပွဲပြုလုပ်ခြင်းကို မည်သို့မျှ မပြောလိုသော်လည်း ဗီနိုင်းများ ကိုင်ဆောင်ခြင်းကိုမူာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ပေးရန် ဗိုလ်တစ်ထောင်ဘုရား ဂေါပကဥက္ကဋ္ဌနှင့် ဗိုလ်တစ်ထောင် ဆိပ်ကမ်းမှ အထွေထွေ အုပ်ချုပ်ရေးမှူးက လာရောက် သတိပေးခဲ့သည်။
မတ်လ၅ရက်က မြို့တော်ခန်းမရှေ့တွင် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ကျောင်းသားများကျောင်းသူများကို မတရားဖမ်းဆီးခြင်း နှင့် လက်ပတ်အနီဝတ်ထားသူများက အကြမ်းဖက် ဖမ်းဆီးမှုအပေါ် ရှုတ်ချကြောင်း ဒဂုံတက္ကသိုလ်မှ တတိယနှစ် အင်္ဂလိမ်စာ ကျောင်းသူ မချိုချိုဝင်းကပြောသည်။
ဆူးလေကျောင်းသားဆန္ဒထုတ်ဖော်မှုနှင့် လက်ပံတန်းကျောင်းသားသပိတ်မှ ကျောင်းသား အချို့ကို ဖမ်းဆီးခြင်းသည် ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော လေးပွင့်ဆိုင်တွေ့ဆုံပွဲ၏ ပူးတွဲကြေညာချက်ပါ အချက်တစ်ချို့ကို ချိုးဖောက်ခြင်းဖြစ်သည် ဟု အရပ်ဘက်လူထု အဖွဲ့အစည်းများ နှီးနှောဖလှယ်ပွဲ Coordination Committee က ထုတ်ပြန်လိုက်သည်။
Credit - Mizzima News

No comments:
Post a Comment