ပုသိမ်၊ မတ် ၎
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်း ရှိပညာရေး ၀န်ထမ်းများ၏ ဖေဖော် ၀ါရီလအ တွက် လစာငွေထုတ်ယူ ရာတွင် ငါးထောင်ကျပ်တန် အုပ်စည်းများ၌ စက္ကူဖြူများကြားညှပ် ထည့်သွင်း ကာ ငွေကျပ် သိန်း ၅၀ ပျောက်ဆုံးနေမှုအား မအူပင်မြို့နယ် ဒုတိယ ပညာရေးမှူးဦးမြင့်စိုးက တိုင်တန်းခဲ့ သဖြင့် မအူပင်မြို့မရဲ စခန်းတွင် (ပ)၄၀/ ၂၀၁၅၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၄၂၀ ဖြင့် အမှု ဖွင့်ကာဖြစ်စဉ်တွင် ပါဝင်ပတ် သက် သူများအား စတင်စစ်ဆေးနေပြီဖြစ် သည်။
““ကျွန်တော်အစည်းအဝေးသွားဖို့ စီစဉ်နေတုန်းမှာပဲ နယ် မြေ တာဝန်ခံ(၃)ဆရာမဒေါ်စန်း စန်းဌေးဆီက ဖုန်း လာပါတယ်၊ ကျွန်မကိုထည့်ပေးလိုက်တဲ့ ငွေထုပ်ထဲမှာ (၅၀၀၀)ကျပ်တန် (၁၀)အုပ် စည်းထဲမှာ စာရွက် ဖြူတွေ ညပ်နေ ပါတယ်လို့ပြောပါတယ်။ ပညာရေးမှူး ခရီးသွားနေတုန်းလက်ရှိမှာ ကျွန်တော်ကတာဝန်ခံ ပညာရေး မှူးလည်း လုပ်နေရတော့၊ ပြီးတော့ ငွေထုတ်အရာရှိလည်း ဖြစ်တော့ ကျွန်တော့်မှာ တာဝန်ရှိတယ်။ အဲဒါ နဲ့ ကျွန်တော်တို့ ဒီကိစ္စကိုဖြေရှင်းဖို့ နည်းလမ်း အမျိုးမျိုးစဉ်းစားတယ်၊ နောက်ဆုံး လောလောဆယ်ဝန်ထမ်း တွေ လစာလက်ဝယ်ရဖို့အတွက် မြို့နယ်တွင်း ပညာရေးဝန်ထမ်း (၁၅၁၄)ဦးကို တစ်ဦးကို (၃၃၀၃) ကျပ်နဲ့ ဖြတ်ပြီး ဖြေ ရှင်းလိုက်တယ်၊ နောက် မအူပင်ခရိုင်ပညာရေးမှူး၊ တိုင်းပညာရေးမှူးတွေ ဆီ ဖြစ်စဉ် တွေ ကိုတင်ပြပြီး၊ ဘဏ် ကိုလည်း စက္ကူဖြူတွေပါတဲ့ အထုတ်ကို သွားပြန်အပ်တယ်၊ နောက်နေ့မှာ တိုင်းပညာရေးမှူး၊ အစိုးရအဖွဲ့ ညွှန် ကြားရေးမှူးတွေရဲ့ လမ်းညွှန်ချက်အရ ဒီအမှုမှန်ပေါ်ပေါက်အောင် စုံစမ်း စစ်ဆေးဖော် ထုတ်ပေးဖို့ ရဲစခန်း မှာ တိုင်ချက်ဖွင့်ခဲ့တယ်၊ ဆရာ/ဆရာမ တွေဆီက ဖြတ်ထားတဲ့ (၃၃၀၃)ကျပ် ကိုလည်း ပြန် လည်ဖြည့်စွက်ပေး လိုက် ပါပြီ၊ အခုဒီကိစ်္စမှာ ပါဝင်ပတ်သက်နေတဲ့ သူတွေကို သက်ဆိုင်ရာ က စုံစမ်းမှုတွေလုပ်နေပါပြီ”” ဟု ဘဏ်ငွေ သွားထုတ်ရာတွင် ဦးဆောင်သူ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်စိုးက မြန်မာသံတော်ဆင့်သို့ ပြော သည်။…
အဆိုပါ ငွေကျပ် သိန်း ၅၀ တန်ဖိုး၏ စာရွက်ဖြူများကြားညပ် ခံရမှုမှာ ဖေဖော်ဝါရီလ (၂၇)ရက် နေ့ နံနက်ပိုင်း တွင် မအူပင်မြို့နယ် ဒုတိယပညာရေးမှူး ဦးမြင့်စိုးနှင့် ကျောင်းအုပ်ဆရာကြီး ၃ဦးတို့သည် မြို့နယ်ပညာရေး မှူးရုံး ၀န်ထမ်းများနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၈၈)ကျောင်းရှိ ပညာရေးဝန်ထမ်းများ အတွက်လစာငွေကျပ်သိန်း(၂၀၀၀) ကျော်အား မအူပင်မြို့နယ် မြန်မာ့ စီးပွားရေးဘဏ်ခွဲတွင် ချက်လက် မှတ် (၂)စောင်ဖြင့်ထုတ်ယူခဲ့ပြီး သက် ဆိုင်ရာနယ်မြေ တာဝန်ခံ ဆရာ/ ဆရာမကြီးများထံမှတစ်ဆင့် ၀န်ထမ်းများ သို့လစာငွေ ထုတ်ပေးရန် စီစဉ်ပေးခဲ့သည်။ ယင်းသို့စီစဉ်ရာ တွင် နယ်မြေ (၃)တာဝန်ခံ ဆရာမ ဒေါ်စန်းစန်း ဌေးထံသို့ ရောက်ရှိ သွားသော ငွေစက္ကူထုတ်များထဲတွင် (၅၀၀၀)ကျပ်တန် (၁၀၀)အုပ် (၁၀)အုပ်တစ်စည်းတွင် ငွေစက္ကူစစ် (၁၃) ရွက်သာရှိပြီး၊ အလယ်တွင် စာရွက်ဖြူများ ကြားညပ် ပါဝင်နေ ခြင်းဖြစ် သည်။
““ကျွန်မတို့ဘဏ်မှာက ငွေထုတ်ယူလျှင် သေချာစစ်ဆေးယူဖို့ ဘဏ်အပြင်ရောက်ပါက တာဝန် မယူကြောင်း စာကပ် ထားပါတယ်။ ပြီးတော့ CCTV ကင်မရာမှတ်တမ်းမှာလည်း သူတို့စစ်ဆေးပြီး ယူသွားတာ မြင်ရပါ တယ်။ ပြန်ပို့လာတဲ့ ငွေထုပ်တွေက ကျွန်မတို့ဆီမှာ အသုံးပြုတဲ့ကြိုးနဲ့ စည်းထားတာ မဟုတ်ဘူး၊ စည်းပုံစည်းနည်း လည်း မတူဘူး၊ ငွေထုပ်တွေရဲ့ခါးပတ်စက္ကူတွေကလည်း ကျွန်မတို့ဆီကနေ မဟုတ်ဘူး၊ ဒီတော့ကျွန်မတို့ ဘဏ်အပိုင်းမှာတော့ တာဝန်မရှိတော့ပါဘူး၊ ကျွန်မတို့ဆီက ငွေထုတ်တာဝန် ရှိသူတွေကိုတော့ ဒီနေ့ရဲစခန်းမှာ ခေါ် ယူပြီးမေးမြန်းမှုတွေ လုပ်ပါတယ်”” ဟု ပြန်လည်ပြောဆိုခဲ့သည်။
ရဲရင့်ထွန်း (ပုသိမ်)
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment