ယင်းကြေညာချက်တွင် ဒေသတွင်းတည်ငြိမ်အေးချမ်ေးရးနှင့် တရားဥပဒေးစိုးမိုးရေး လုပ်ငန်းစဉ်များ အတွက် ငြိမ်းချမ်းစွာ အဖြေရှာရေးသည် အလွန်အရေးကြီးကြောင်း၊ အင်အားသုံးဖြေရှင်းမှုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မထောက်ခံဟု ပါဝင်သည်။
အဆိုပါ ကြေညာချက် ထုတ်ပြန်ခြင်းနှင့်ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ကော်မတီဝင် ဦးတင်လှိုင်က “အစကတည်းက ညွှန်ကြားချက် ထုတ်ထားတာရှိတယ်။ ဒါကို ကြေညာချက်ထပ်ထုတ်တယ်ဆိုတာက ခုဖြစ်စဉ်တွေမှာ ပြည်ခိုင်ဖြိုးက ပါတယ်ပြောနေကြလို့ပါ။ ကျွန်တော်တို့ ပါတီကလည်း ဒါမျိုးဝင်ပါရင် ပါတီနာမည်ပျက်မယ်။ ပြည်သူ ငြိုငြင်မယ်။ အင်အားသုံးဖြေရှင်းတယ်ဆိုတာက ခေတ်ပြောင်းသွားပါပြီ။ ဆန္ဒဖော်ထုတ်မှုတွေကို ဖြေရှင်းရာမှာ ပဋိပက္ခ အသွင်ဆောင်စေပြီး ဖြေရှင်းတာတော့ မကောင်းပါဘူး”ဟုဆိုသည်။
ယင်းအပြင် အဆိုပါ ထုတ်ပြန်ချက်တွင် လတ်တလောဖြစ်စဉ်များတွင် မည်သည့်ဖြစ်စဉ်တွင်မဆို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် အင်အားသုံး ပါဝင်ဆောင်ရွက်ခြင်းမပြုရန် သက်ဆိုင်ရာ တိုင်းဒေသေကြီး၊ မြို့နယ် အဆင့်ဆင့်ရှိ ၄င်းတို့ ပါတီဌာနများသို့ ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၃၀ရက်စွဲဖြင့် အကြောင်းကြားပြီး ဖြစ်သည်ဟုလည်း ပါရှိသည်။
၎င်းတို့ပါတီအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်ရေး၊ တရားဥပဒေးစိုးမိုးရေးနှင့် ဒီမိုကရေစီ အရေးတို့ ရှေးရှု၍ ပြဿနာများ ပေါ်ပေါက်လာပါက ညှိနှိုင်းဆွေးနွေး အဖြေရှာကြရန် တိုက်တွန်းသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေးတို့တွင် အခြေအနေအရပ်ရပ်အရ သဘောထားကွဲလွဲမှု များဖြစ်ပေါ်လာပါက မျက်နှာစုံညီ ညှိနှိုင်းအဖြေရှာ၍ ပူးပေါင်းဆောင်ရွက်နေသော ပါတီဖြစ်သည်ဟုလည်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။
Credit - Mizzima News

No comments:
Post a Comment