Saturday, March 7, 2015

ဆရာဂျက်ဖရီတင်အုန်း (စက်မှုတက္ကသိုလ်)

တက္ကသိုလ်ဝင်တန်း အဖြေလွှာများကို စာဖြေသူတိုင်းသည် မိမိတို့၏ စာစစ်ဌာနနှင့် ခုံနံပါတ်ကို သာရေးရသည်။ မိမိတို့ အမည်များကို အဖြေလွှာများ တွင်လုံးဝ မရေး ရပါ။ရေးမိပါက အဖြေလွှာ ပယ်ဖျက် ခံရမည်။

အဖြေ လွှာများကို ဧပြီလဆန်း မစစ်ဆေးခင်  သက်ဆိုင်ရာ  စာစစ် အဖွဲ့က ကုတ်နံပါတ် လုပ်ထားသည်။  ကုတ်နံပါတ် တပ်စစ်ဆေးနေသည်  ဆိုသော်လည်း စီအိုင်အေ၊ အက်ဖ်ဘီအိုင်ထောက် လှမ်းရေးနည်း များထက် သာသော စုံစမ်းနည်းများကို ဆရာဆရာမများက သိနေသည်။

မည်သည့် မြို့နယ်၏ အဖြေလွှာကို စစ်ဆေးနေ  သည်ကအစ သိနေသည်။ ငွေကြေးတံစိုး လက်ဆောင်ပေး၍ မိမိတို့ သားသမီး များ၏ရမှတ်များ၊ ဂုဏ်ထူးမှတ် များကို ကြိုတင် သိအောင် ကြိုးစားသူ၊ မိဘများ ကလည်း  ပညာရေးလောကကို ကူညီရာ  မရောက်ဘဲ ဖျက်ဆီး ရာရောက် သည်။ရေနစ်နေသူကို ၀ါးကူပေးရ မည့်အစား ၀ါးလုံးဖြင့် ထိုးသတ်ပစ် သည်နှင့် တူနေပေသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ များတွင် တက္ကသိုလ်များရှိ စာစစ်မှူး ချုပ်များသည် သက်ဆိုင်ရာဘာသာရပ် များအတွက် အမှတ်ပေး စည်းမျဉ်းများကို (Marking Scheme)ရေးဆွဲ ကြသည်။ ထိုအမှတ်ပေး စည်းမျဉ်း အတိုင်း ဆရာ၊ ဆရာမများက မိမိတို့ သက်ဆိုင်ရာ  တိုင်းနှင့်ပြည်နယ် အလိုက် စစ်ဆေး ကြရသည်။

မည်သို့ပင် အမှတ်ပေးစည်း မျဉ်းရေးဆွဲ ထားစေကာ မူမြန်မာစာ၊အင်္ဂလိပ် စာစသည့် ဘာသာ စကားကို အခြေခံသည့် ဘာသာရပ်များတွင် အရေး အသားပိုင်း ကဏ္ဍများ၌ အတွေး မတူလျှင် အရေးမတူနိုင် သကဲ့သို့ အရောင်အသွေး အမျိုးမျိုးရှိသည့် အဖြေလွှာများကို စာစစ်သူများ သည်နှစ်စဉ် မဖြစ်မနေ ကြုံတွေ့ရပေ မည်။

စာစစ်နေသူ ဆရာ၊ ဆရာမ များ၏ အတွေ့ အကြုံကို တိုင်းတာ သည့်ပေတံ သည်လည်း ကမ္ဘာပေါ် တွင်တီထွင် ၍မရ၊ ကိုယ်တိုင်ခံစား၊ အကဲခတ်မှ သာသိနိုင် သည်။ ထို့ကြောင့် စာစစ်ဆရာ ဆရာမများ၏ အတွေ့အကြုံသည် လုံးဝကွာခြားနေမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ စာစစ်နေသူ ၏အတွေ့အကြုံ၊ ကျွမ်းကျင် မှုသည် ပညာ အရည်အသွေးနှင့် လုပ်ငန်းအတွေ့ အကြုံ များပေါ် မူတည်၍ စာဖြေ သူများ၏ ရမှတ် သည်လည်း ကွာခြား သွားပေမည်။

သိက္ခာနှင့်ရိက္ခာကိုမလဲသော ပညာရေးဝန်ထမ်းများရှိသလို အနန္တဂိုဏ်းဝင်ဆရာသမား၏ တန်ဖိုးရှိဂုဏ် ကိုထောက်ထား စာနာခြင်းမရှိငွေကြေး ချမ်းသာကြွယ် ၀မှုကိုကြည့်၍ အကြံအဖန် လုပ်စားသော ဆရာ၊ ဆရာမ အချို့လည်း ယနေ့ မြန်မာ့ ပညာရေးလောကတွင် ရှိနေသည်။ မျက်မြင် ကိုယ်တွေ့ဖြစ်သည်။

ဗဟုသုတ အနေနှင့်လေ့လာ လိုလျှင် တက္ကသိုလ် ၀င်တန်းစာမေးပွဲ အဖြေလွှာ များစစ်ဆေးနေချိန် ဧပြီလဆန်းတွင် မရိုးသားသောမိဘ အချို့ငွေ ထုပ်ပိုက်ကာ မိုဘိုင်းလ်ဖုန်း ကိုယ်စီဖြင့် ရန်ကုန် တက္ကသိုလ်ဝင်း အနီးအနားတွင် ကားကိုယ်စီဖြင့်ခြေချင်း လိမ်နေသည်ကို လက်တွေ့မြင်နိုင်သည်။

အကျင့်ပျက်ပညာရေးဝန်ထမ်းအချို့ ရုံးရောက်ဂတ်ရောက်ဖြစ်ရခြင်း

စသုံးလုံးဦးစီး အရာရှိကြီးမိတ်ဆွေတစ်ဦးနှင့် စာရေးသူစကား လက်ဆုံကြခဲ့သည်။ မိတ်ဆွေ ဦးစီးအရာရှိကြီးက သူ ကိုယ်တိုင် တက္ကသိုလ် ဆရာဆရာမများက တက္ကသိုလ် ၀င်တန်းဖြေ ဆိုခဲ့သောကျောင်းသားကို စာမေးပွဲအောင်အောင် လုပ်ပေး မည်ဟု ကတိပေးခဲ့ ပြီးငွေကြေး သုံးသိန်းကို ယူခဲ့သည်။

အချိန်တန်၍ စာမေးပွဲအောင်စာရင်း ထွက်သောအခါ ထိုကျောင်းသားမှာ စာမေးပွဲ ကျခဲ့သည်။ တရားရုံးရောက် ခဲ့သည်။ပြဿနာ တက်ခဲ့ရသည်။ ထိုကဲ့သို့အမှု များမြန်မာနိုင်ငံတစ်လွှား ယနေ့တိုင်ဖြစ်ပျက်လျက်ရှိသည်။ အကျင့်ပျက်ခြစားသောပညာရေးဝန်ထမ်း အတ္တသမားတချို့ကြောင့် ဂုဏ်သိက္ခာရှိသော ပညာရေး ၀န်ထမ်း အချို့ မျက်နှာ ပျက်ရသည်။

တည်ဆဲ လျှို့ဝှက်ဥပဒေကို ချိုးဖောက်ခြင်း

တက္ကသိုလ်ဝင် တန်းအောင်စာရင်း ရလဒ်များကို ဇွန်လတွင် အစိုးရ ရုံးပိတ်ရက် စနေ(သို့မဟုတ်) တနင်္ဂနွေနေ့များ၌ သက်ဆိုင်ရာ စာဖြေဌာနကျောင်း များတွင် ထုတ်ပြန်ကြေ ညာလေ့ရှိသည်။ အစိုးရရုံး စိုက်ရာနေပြည်တော်သို့ တိုင်းနှင့်ပြည်နယ် အလိုက် စာမေးပွဲ ရလဒ်များကို  ပို့ပေးရသည်။

အနယ်နယ်အရပ်ရပ် တိုင်းနှင့်ပြည်နယ်မှ စာမေးပွဲအောင်၊ရှုံး ရလဒ်များကို ကြိုတင်သိလိုသောအခါနေပြည်တော်ရှိ ပညာရေးဝန်ထမ်းအချို့ကို ကျပ်ငွေအနည်း ဆုံးတစ်သိန်းပေး ၍ကြိုတင်သိနိုင် သည်။ ယခုလို မိုဘိုင်းဖုန်းများဖြင့် မက်ဆေ့ အလွယ်တကူပေး ပို့နိုင်သောအခါ ထိုခြစားမှုများသည် ပိုမိုတွင် ကျယ်လာတော့ သည်။ အချိန်မီ အစိုးရတာဝန် ရှိသူက ထိုကိစ္စကို ကြပ်ကြပ်မတ်မတ် ထိန်းသိမ်း ကိုင်တွယ် သင့်ပေသည်။

မဟာရန်ကုန်မြို့ရှိ နာမည်ကြီးကျောင်းများ အခွင့်ထူးရနေခြင်း

မြန်မာနိုင်ငံတွင် ဒဂုံ (၁)၊ ရန်ကုန် ပညာရေး တက္ကသိုလ် (TTC)၊ ဗဟန်း အထက (၂) အစရှိသည့် အထက် တန်းကျောင်းများ တွင်နိုင်ငံတော် အကြီး အကဲဆို သူများနှင့် အာဏာပိုင်များ၏ သားသမီး ၊မြေးမြစ်များ တက်ရောက် ပညာသင်ကြား လျက်ရှိသည်။

ထိုအထက် တန်းကျောင်းများ မှဖြေဆိုခဲ့သော တက္ကသိုလ်ဝင်တန်း အဖြေလွှာများကို အထူးသီး သန့်ရွေးချယ် ထားသော မိုးကျရွှေကိုယ် ဆရာ၊ ဆရာမ များက စစ်ဆေးလေ့ ရှိသည်။

ခေတ်အဆက် ဆက်မြန်မာ တစ်နိုင်ငံလုံး ပထမဆုရှင်များ၊ ဒုတိယဆုရှင်များ အပါအ၀င် တစ်နိုင်ငံလုံး Top One to Ten ပါဝင် သူများသည် ထိုကျောင်းများမှ အများ စုဖြစ်နေခြင်း သည်စဉ်းစားစရာ အချက်တစ် ချက်ဖြစ်သည်။

အရည်အချင်းမမီတဲ့ စာစစ်ဆရာဆရာမများ

စာရေးသူ၏ မိတ်ဆွေ၊ သူငယ်ချင်း များသည်  ယခုဆို တက္ကသိုလ် ၊ကောလိပ် အသီးသီးတွင် ပါမောက္ခများ၊ ဒုတိယ ပါမောက္ခချုပ် များဖြစ်နေ ကြပေပြီ။ အထူး သဖြင့် တက္ကသိုလ် ၀င်တန်းအဖြေ လွှာများကို စစ်ဆေးကြသော ဆရာဆရာမ အချို့သည် စာစစ်မှူးချုပ်ပေးထားသော အမှတ်ပေး စည်းမျဉ်းကြီး ကိုသာ ပုံသေ ကားကျ တရားသေ သတ်မှတ်၍  အမှတ်ပေးနေ ကြကြောင်းတွေ့ရသည်။

အခြားဖြစ်နိုင်သော အဖြေ များဖြင့်ဖြေ ဆိုသော တင်ပြသူ များ၏ အဖြေလွှာ များကို သက်ဆိုင်ရာ စာစစ်သူများနှင့် အတိုက်အခံ အငြင်းအခုံ လုပ်မနေတော့ဘဲ စာစစ်မှူးချုပ်ရေး ဆွဲပေးခဲ့သော အမှတ်ပေး စည်းမျဉ်း ကန့်သတ်ဘောင် အတိုင်း အမှတ်ပေး စာစစ်နေသူ ကမြန်မာနိုင်ငံတွင် ၉၉ ရာခိုင်နှုန်းဖြစ် ပါသည်။

မကျေနပ်လျှင် ကျပ်ငွေ ငါးထောင်သွင်း ပြန်စစ်ဆေးပေးရန် တောင်းဆိုနိုင်

စာစစ်သူများ၏ အရည်အသွေး ညံ့ဖျင်းမှု၊ ပေါ့ဆမှု တို့ကြောင့် မိမိတို့၏ တက္ကသိုလ် ၀င်တန်းရမှတ်ကို မကျေနပ် လျှင်မြန်မာနိုင်ငံ စာစစ်အဖွဲ့ သို့သွားရောက်ပြီး ကျပ်ငွေ ငါးထောင်ပေး သွင်းကာ သတ်မှတ် ထားသောလျှောက် လွှာပုံစံ တွင်ဖြည့်စွက်ပြီး မိမိအဖြေလွှာ ကိုပြန်စစ်ဆေး ခိုင်းနိုင်သည်။

စာစစ်အဖွဲ့ တာဝန်ရှိသူက ထိုအဖြေလွှာကို အထူးခုံ အဖွဲ့ဖွဲ့ကာ အထူးပြန်စစ်ဆေး တာဝန်ပေးနိုင်သည်။ စာဖြေသူ၏ မူလအဖြေလွှာရမှတ် ထက်ပိုနေ လျှင်ထို စာမေးပွဲ အထူးခုံ  အဖွဲ့ကစစ်ဆေး  ခဲ့ပြီး ရရှိခဲ့သော ရမှတ် အတိုင်း အကျိုး ခံစား ခွင့်ရှိပြီးပေး သွင်းငွေကျပ် ငါးထောင် ကိုပြန်လည် ရရှိနိုင်သော အခွင့်အရေး တစ်ရပ် ပင်ဖြစ်သည်။

ထိုစနစ်ကိုသိသော အချို့မိဘများ၏ လုပ်ဆောင်မှုကြောင့် မူလအမှတ်ထက်ပို၍ ရရှိသွားကြသောကျောင်းသားကျောင်းသူ များလည်း ရှိခဲ့ကြောင်း စာစစ်ဌာနမှ ဆရာတစ်ဦး ထံမှ သိခဲ့ရသည်။

ရွှေခဲ ကြက်တူရွေး ပညာရေးစနစ်နှင့် စာမေးပွဲစနစ်

မြန်မာ့  ပညာရေးသည်  အရှေ့တောင်   အာရှနိုင်ငံများ  ပညာရေး ထက်ပင် အဆင့် အတန်း နိမ့်ကျနေ ရခြင်းကို ဆန်းစစ်လေ့ လာကြည့်လျှင်  နှုတ်တိုက်အာ ဂုံဆောင်နိုင်ခြင်းကို အလွန်အမင်း အားပေးနေခြင်းနှင့် စာမေးပွဲများ တွင်နှုတ်တိုက် အာဂုံဆောင်နိုင်သူကို အထူးအခွင့်အရေးပေးနေခြင်းသည် ပညာရေးစနစ် ၏ အဆိုးရွားဆုံး မဟာအမှားကြီး တစ်ခုဖြစ်သည်။

နှုတ်တိုက် ရွတ်ဆိုပြီး စာကျက်လျှင် စာမေးပွဲ လုံးဝအောင်မြင်မည်။ ထူးချွန်မည်ဟု အခြေခံမှစ၍ တက္ကသိုလ် အထိကျောင်း သားကျောင်းသူများ၏ စိတ်ထဲတွင် သံမှိုစွဲသလို စွဲမြဲနေပေသည်။ ထို့ကြောင့် အာဂုံဆောင် ရွှေခဲ ပညာရေး စနစ်ဆိုးကြီးကို ရိုက်ချိုး ပစ်ရပေမည်။

Credit - Mizzima News

No comments:

Post a Comment