သမ္မတဦးသိန်းစိန် ဦးဆောင် ဆက်ကပ်သည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ဆက်ကပ်ခြင်း နှင့် ဆွမ်းဆန် စိမ်းလောင်းလှူပွဲကို မတ်လ ၄ရက်နေ့က နေပြည်တော်ရှိ ဥပ္ပါတသန်္တိစေတီတော်ဘုရားဝန်း၌ ကျင်းပပြုလုပ်ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီမှ ပြည်ထောင်စု လွှတ် တော် ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့သည်။…
အဆိုပါဘွဲ့တံဆိပ် ဆက်ကပ်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ (ဆွမ်းကြီးလောင်းပွဲ)သို့ သမ္မတ ဦးသိန်းစိန် နှင့် ဒုသမ္မတများ၊ ပြည်ထောင်စု လွှတ်တော် နာယကသူရ ဦးရွှေမန်း၊ တပ်မတော်
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ အပါအ၀င် လွှတ်တော်သုံးရပ်မှ ရေးရာကော်မတီ ဥက္ကဋ္ဌများ၊ သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ ဘွဲ့တံဆိပ် ဆက်ကပ်ခံရသည့် သံဃာတော်များမှာ ပြည်တွင်းဘွဲ့ခံ ဆရာတော် ၁၃၅ ပါး၊ ပြည်ပဘွဲ့ခံ ဆရာတော်၁၅ စုစု ပေါင်း ဆရာတော် ၁၅၀ပါး၊ သီလရှင်ဆရာကြီး ၁၃ပါး၊ လူပုဂ်္ဂိုလ် အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး၂၈တို့အား သမ္မတအပါ အ၀င်တာဝန်ရှိသူများက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆပ်ကပ်လှူဒါန်းခဲ့သည်။
ထူးခြားချက်အနေဖြင့် ယင်းဘွဲ့တံဆိပ်ဆက်ကပ်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ သတင်းကို မတ်လ ၅ ရက်ထုတ် အစိုးရပိုင်သတင်းစာများဖြစ်သော မြန်မာ့အလင်း၊ ကြေးမုံနှင့် တပ်မတော်ပိုင် မြ၀တီသတင်းစာ တို့တွင် တစ်ပြိုင်တည်း ဖော်ပြခဲ့သော် လည်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD လွှတ်တော် အမတ်များ တက်ရောက်ခဲ့သည့်အကြောင်းနှင့် ဓာတ်ပုံတို့ကိုမူ ဖော်ပြခဲ့ခြင်း မရှိပေ။
MH-0025
Photo: NLD Chairperson Facebook
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


No comments:
Post a Comment