ဆူးလေကျောင်းသားဆန္ဒထုတ်ဖော်မှုနှင့် လက်ပံတန်းကျောင်းသားသပိတ်မှ ကျောင်းသား အချို့ကို ဖမ်းဆီးခြင်းသည် ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့သော လေးပွင့်ဆိုင်တွေ့ဆုံပွဲ၏ ပူးတွဲကြေညာချက်ပါ အချက်တစ်ချို့ကို ချိုးဖောက်ခြင်းဖြစ်သည် ဟု အရပ်ဘက်လူထုအဖွဲ့အစည်းများနှီးနှောဖလှယ်ပွဲ Coordination Committee က ထုတ်ပြန်လိုက်သည်။
အမည်မသိ အရပ်ဝတ် အကြမ်းဖက် အင်အားစုများကို သုံးပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သော အမျိုးသမီးငယ်များ အပါအဝင် ကျောင်းသားပြည်သူများကို
အကြမ်းဖက်မှုသည် မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်ကို ပျက်ပြားစေသည့်လုပ်ရပ်ဟု Coordination Committeeက သုံးသပ်ထားသည်။ ယင်းလုပ်ရပ်ကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး တာဝန်ရှိသူများက ဖြေရှင်းပေးရန်နှင့် ထိထိရောက်ရောက် အရေးယူပေးပါရန်၊ နောက်နောင်တွင်လည်း ယခုကဲ့သို့ အကြမ်းဖက်နည်းလမ်းများကို အသုံးမပြုရန် အတွက် ကတိကဝတ်ပြုရန် တောင်းဆိုတိုက်တွန်းထားသည်။
Credit - Mizzima - News in Burmese
No comments:
Post a Comment