Thursday, March 5, 2015

နေပြည်တော်ကောင်စီ နယ်မြေတွင် တစ်ကိုယ်တော် ဆန္ဒဖော် ထုတ်ခဲ့ သူထောင် ဒဏ်လေးလကျ

ထောင်က လွှတ်လာပါက မြို့နယ်မှူးနှင့်ထွေ အုပ်အား တရားစွဲ မည်ဟုဆို

နေပြည်တော် ၊ မတ် ၅။      ။ မြို့ကြီးများတွင် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်မှု အကြိမ်ကြိမ်ဆောင်ရွက် ခဲ့သော်လည်း အရေးယူမှု တစ်စုံတစ်ရာ မခံရဘဲနေ ပြည်တော်ကောင်စီ နယ်မြေ၌ ဆန္ဒဖော်ထုတ်ခဲ့ခြင်းကြောင့် ဦးဇော်မြင့်အား ထောင်ဒဏ်လေးလ ကျခံစေရန် ပျဉ်းမနားမြို့နယ် တရားရုံးက ယနေ့ အမိန့်ချမှတ် ခဲ့သည်။

ဦးဇော်မြင့်က တရားခွင်သို့မဝင်ရောက်မီ “တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်မှု ၁၃ကြိမ်ပြုလုပ်ခဲ့ပါတယ်၊အခြားမြို့တွေမှာတရားစွဲတာမရှိဘူး၊နေပြည်တော်ကောင် စီနယ်မြေက သမ္မတနယ်မြေ ဆိုတော့ ခွင့်ပြုမိန့် မပေးဘူး” ဟု ဆိုသည်။

သမ္မတ ကိုယ်တိုင် တိုက်ရိုက် အုပ်ချုပ်သောနေ ပြည်တော်ကောင်စီ နယ်မြေ၌ ကျင့်သုံးနေသော ဥပဒေများနှင့် အခြားသော တိုင်းဒေသ ကြီးနှင့်ပြည် နယ်များ တွင်ပြဌာန်းကျင့်သုံးနေသည့် ဥပဒေ တူညီခြင်းရှိ မရှိ ဦးဇော်မြင့်က သက်ဆိုင်ရာ ဒေသအာဏာပိုင်များကို မေးမြန်းခဲ့သော်လည်း မည်သည့် အကြောင်းပြချက် မျှမပေးဘဲ ခွင့်ပြုမိန့် မပေးနိုင်ကြောင်းကိုသာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ကပြောကြောင်းလည်း ၎င်းကပြန်ပြောပြသည်။

“ငြိမ်းချမ်းစွာ စီတန်းလှည့်  လည်ခွင့် ဥပဒေ  မှာပါတယ်၊  လူငါးယောက်နဲ့  အထက်မှာမှ  ဥပဒေနဲ့  ငြိတာနေပြည်တော်မှာ  စက်တင်ဘာ  ၂၁ ရက်နေ့ ကတစ် ကိုယ်တော် ဆန္ဒပြခဲ့တာ၊ အခုထောင်ကျပြီး ထောင်ကလွတ်လာရင် မြို့ နယ်မှူး နဲ့ ထွေ/အုပ် ကို တရားပြန်စွဲမယ်” ဟု ဦးဇော်မြင့်က မီဒီယာများ ကိုပြောသည်။

ဦးဇော်မြင့် သည်နိုင်ငံတော် သမ္မတ ၊ပြည်ထောင်စု လွှတ်တော်နာယက၊ တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်နှင့်ဒေါ်အောင်ဆန်းစုကြည် တို့လေးပွင့် ဆိုင်တွေ့ ဆုံရေး အတွက် အဓိကထား ဆန္ဒဖော်ထုတ်မှုကို နေပြည်တော် ပှဉ်းမနား မြို့ နယ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၎င်းက“ပုဒ်မ ၁၈ ပြင်ဆင်ချက်မှာ အကြောင်းကြားရင်ခွင့်ပြုရမယ်လို့  ပြဌာန်းထားတယ်၊ ဒါက သူတို့ထုတ်တဲ့ ဥပဒေသူတို့ မလိုက်နာတာ၊ အခုဟာကတရားလို ကတရား ခံဖြစ်နေတယ်၊ အမှန်က သူတို့က တရားခံ၊ သူတို့က ဥပဒေကို မလိုက်နာတာ” ဟု ဆိုသည်။

အခြားသောမြို့နယ်များတွင် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်မှုကြောင့် အများဆုံးထောင်ဒဏ် နှစ်လသာအပြစ်ပေးသော် လည်းနေပြည်တော်ကောင် စီနယ်မြေ တွင် “နေပြည်တော် ကောင်စီအား အယုံအကြည် မရှိ” ဟူသည့် ခေါင်းစဉ်ဖြင့် ပထမဦးဆုံး တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့သူ ဦးသာချိုနှင့် ဒုတိယမြောက်တစ် ကိုယ်တော် ဆန္ဒဖော် ထုတ်သူ ဦးဇော်မြင့် တို့နှစ်ဦး မှာထောင်ဒဏ်လေး လအထိပြစ်ဒဏ် ချခံခဲ့ရသည်။

Credit - Mizzima News

No comments:

Post a Comment