ရန်ကုန် (မဇ္ဈိမ)။ ။ အာဆီယံအဖွဲ့ဝင် နိုင်ငံ ၁၀ နိုင်ငံအနက် ဒေသတွင်း ခရီးသွားလုပ်ငန်း အတိုးတက်ဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံက ဦးဆောင်ခဲ့သည်ဟု အာဆီယံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က သတင်းထုတ်ြပန်ခဲ့သည်။
၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွား ၃ ဒသမ ၀၈ သန်း ဝင်ရောက်ခဲ့ပြီး တိုးတက်မှု ၅၃ ရာခိုင်နှုန်းရှိခဲ့ပြီး ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။
အာဆီယံဒေသသို့ ၂၀၁၄ ခုနှစ်အတွင်း နိုင်ငံခြားသားခရီးသွား ၁၀၂ သန်းကျော် လာရောက်ခဲ့ပြီး လာအိုက ၁၀ ရာခိုင်နှုန်း၊ မလေးရှားက ၈ ဒသမ ၈ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားက ၇ ဒသမ ၂ ရာခိုင်နှုန်း၊
ကမ္ဘောဒီးယားက ၇ ရာ ခိုင်နှုန်း၊ ဗီယက်နမ်က ၄ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်က ၃ ဒသမ ၃ ရာခိုင်နှုန်း ခရီးသွားတိုးတက်ခဲ့သည်။
အာဆီယံနိုင်ငံများအနက် သုံးနိုင်ငံမှာ ခရီးသွားဝင်ရောက်မှုနှုန်း လျော့နည်းခဲ့ပြီး ထိုင်းက ၆ ဒသမ ၇ ရာခိုင်နှုန်း၊ ဘရူနိုင်းက ၆ ရာခိုင်နှုန်း၊ စင်ကာပူက ၃ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်အတွင်း ခရီးသွားတိုးတက်မှုနှုန်း အများဆုံးနိုင်ငံဖြစ်သော်လည်း နိုင်ငံခြားသားခရီး သွားအရေအတွက်၌ အဆင့်ကိုးတွင်သာ ရပ်တည်နေသည်။ အာဆီယံဒေသအတွင်း ခရီးသွားဝင်ရောက်မှုနှုန်း အများဆုံးသုံးနိုင်ငံမှာ မလေးရှား၊ ထိုင်းနှင့် စင်ကာပူတို့ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment