– ဆောင်းဝင်းလတ်
သပိတ်မှောက်ကျောင်းသူ၊ ကျောင်းသားတွေ ချီတက်လာရင် ရန်ကုန်ကို ဘယ်တော့မှ အ၀င်မခံဘူး။ နည်းမျိုး စုံနဲ့ ဟန့်တားမယ်လို့ ကြေညာထားတဲ့ အာဏာပိုင်အဖွဲ့အစည်းရဲ့ လက်တွေ့ သာဓက ပြယုဂ်ကို အဝေးပြေးကားကြီး ပေါ်က ခရီးသည်အားလုံး မျက်ဝါး ထင်ထင် မြင်တွေ့ခဲ့ရ …
ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၁၅ နေ့ မနက်စောစောမှာ ဇနီးဖြစ်သူ ဒေါ်အေမီနဲ့ ကျွန်တော် ရန်ကုန်မြို့မှာရှိတဲ့ လက်ပံတန်း ကားဂိတ်ဆီ ထွက်လာခဲ့ကြတယ်။ ကားက ၉ နာရီခွဲမှ ထွက်မှာဆိုတော့ ကားလက်မှတ်ယူပြီး အနီး အနားမှာရှိတဲ့ သခင်မြပန်းခြံထဲမှာ ခဏသွားထိုင်ရင်းလမ်းမှာတုန်းက ၀ယ်လာတဲ့ ကောက်ညှင်းပေါင်းကို စားနေကြ တယ်။ အိမ်က
အသင့်ဖျော်လာတဲ့ ကော်ဖီဘူးထဲက ကော်ဖီပူပူနွေးနွေးနဲ့ ကောက်ညှင်း ငချိတ်ပေါင်း လေး က မြန်မာ့ခံတွင်းအရသာ လိုက်ဖက်လှပါတယ်။ မနက်ခင်းမို့ထင်ပါရဲ့၊ အလုံ သခင်မြပန်းခြံကြီးထဲမှာ အေးချမ်း တိတ်ဆိတ်နေပါတယ်။ အာဇာနည်ခေါင်း ဆောင်ကြီးတစ်ယောက်ဖြစ်တဲ့ သခင်မြဟာ ဗိုလ်ချုပ် အောင် ဆန်း ခေါင်းဆောင်ခဲ့တဲ့ ၀န်ကြီးအဖွဲ့မှာ ပြည်ထဲရေးဝန်ကြီး တာဝန်ထမ်းဆောင်ရင်း မသမာသူအကြမ်း ဖက်သမားတွေ လုပ်ကြံပစ်ခတ်လို့ ဇူလိုင် ၁၉ ရက်၊ ၁၉၄၇ ခုနှစ်၊ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ အသက်ဆုံးရှုံး သွားခဲ့ရရှာတဲ့ တိုင်းပြည်ရဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ပါ။ အာဇာနည်ခေါင်းဆောင်ကြီး သခင်မြရဲ့ သမိုင်းကြောင်းအရ ပြန်ပြီးတွေး ဆကြည့်မယ်ဆိုရင် ပြည်ခရိုင် ထုံးဘိုမြို့ ဇာတိပါ။… ငယ်စဉ်က သာယာဝတီ အေဘီအမ်ကျောင်း၊ ရန်ကုန်ဘက် ပတစ်ဟိုက်စကူး ကျောင်းတွေမှာလည်း ပညာသင်ကြားခဲ့ပြီး ရန်ကုန်တက္က သိုလ်နဲ့ ကာလကတ္တား တက္ကသိုလ်တွေက ဘွဲ့ရခဲ့တဲ့သူ ဖြစ်ပါတယ်။ ၁၉၂၀-၂၁ ခုနှစ်များရဲ့ ရန်ကုန်ကောလိပ် ကျောင်းသား၊ ကျောင်းသူများသပိတ်မှာ ခေါင်းဆောင်ဖြစ်ပါတယ်။ အဖွဲ့ဝင် ၂၄ ဦး ပါဝင်တဲ့ သပိတ်မှောက် ကောင်စီရဲ့ ဒုတိယ ဥက္ကဋ္ဌဖြစ်ပါတယ်။ အမျိုးသားပညာရေး ကောင်စီမှာ အဖွဲ့ဝင်ဖြစ်ခဲ့ ပါတယ်။ ၁၉၂၂-၂၃မှာ ကြည့်မြင်တိုင် အမျိုးသားကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး အမျိုးသား ကျောင်းတွေက အစိုးရရဲ့ အထောက်အပံ့ကို ယူတဲ့အတွက် အမျိုးသားပညာရေးကောင်စီ က နုတ်ထွက်ခဲ့တဲ့ ဆရာကြီးဖြစ်ပါတယ်။ ၁၉၂၄ ခုနှစ်မှာ ဘီအက်စီဓာတုဗေဒ ဂုဏ်ထူးနဲ့အောင်ပြီး ၁၉၂၇ ခုနှစ်မှာ ဥပဒေပညာ ဘီအယ်လ်စာမေး ပွဲ အောင်ပါတယ်။ သာယာဝတီမြို့ကိုပြန်ပြီး ဥပဒေအကျိုးဆောင် အလုပ်လုပ်ပါ တယ်။ ဆင်းရဲသားတွေ ဆီက ငွေကြေးမယူဘဲ အခမဲ့ အကျိုးဆောင်ပေးပါ တယ်။
တောင်သူလယ် သမားခေါင်းဆောင်ကြီး ဆရာစံရဲ့အရေးတော်ပုံနဲ့ ပတ်သက်တဲ့ အမှုတွေမှာ ဆင်းရဲသားတရားခံတွေ ဘက်ကအခမဲ့ရှေ့နေလိုက်ပေးခဲ့တဲ့ကျေးဇူး ရှင်ကြီးလည်း ဖြစ်ပါတယ်။ ၁၉၃၆ ခုနှစ်မှာ သခင်ဖြစ်လာပြီး ၁၉၃၇ခုနှစ်မှာ တို့ဗမာ အစည်းအရုံး အမှုဆောင် ဖြစ်လာပါတယ်။ တို့ဗမာအစည်းအရုံးရဲ့ ကိုယ့်မင်းကိုယ့်ချင်း အဖွဲ့ကနေပြီး ဥပဒေပြုလွှတ်တော်ကို သာယာဝတီတောင်ပိုင်း ကနေ အမတ်အဖြစ်ဝင် အရွေးခံရင်း ရွေးကောက်တင်မြှောက်ခံခဲ့ ရပါတယ်။ ဒီဇင်ဘာ၂၀ရက်၊ ၁၉၃၈ ခုနှစ်၊ ကျောင်းသား အရေး တော်ပုံကြီးမှာ ကျောင်းသားတွေ သွေးမြေကျတာကို မကျေနပ်လို့ လွှတ်တော်အမတ် အဖြစ် က နုတ်ထွက်ပါတယ်။ ၁၉၃၉ ခုနှစ်မှာ ဖွဲ့စည်းတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံးကြီး မှာ ဥက္ကဋ္ဌတာဝန်ယူခဲ့ပါတယ်။ ပြည်သူ့အရေးတော်ပုံပါတီကိုလည်း ဦးဆောင်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကပြည်ပတာဝန်ကို ခေါင်းဆောင်ပြီးသခင်မြက ပြည်တွင်းကို ခေါင်းဆောင်ခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း အစိုးရအဖွဲ့ဝန်ကြီး တာဝန်နဲ့ ဒုတိယ၀န်ကြီးချုပ်တာဝန်ကို ယူခဲ့ပါတယ်။ ၁၉၄၄ခုနှစ်၊ ဖက်ဆစ်တော်လှန် ရေးမှာ ဖဆပလအဖွဲ့ဖြစ်လာပြီး သခင်မြကပြည်သူ့အရေးတော်ပုံပါတီက ဦးဆောင် ပါဝင်ခဲ့ပါတယ်။ ၁၉၄၅ခုနှစ်မှာ ပြည်သူ့အရေး တော်ပုံပါတီကို မြန်မာပြည်ဆိုရှယ်လစ်ပါတီ နာမည်ပြောင်းပြီး ဖွဲ့စည်းတော့ ဥက္ကဋ္ဌ တာဝန်ယူခဲ့ ပါတယ်။ ၁၉၄၆ခုနှစ်မှာ အစိုးရအဖွဲ့ဝန်ကြီး တာဝန်ယူခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့ အတူကျဆုံးတော့ သခင်မြရဲ့ အသက်ဟာ ၅၀ပဲ ရှိပါသေး တယ်။ နိုင်ငံရေးအစဉ် အလာကြီးမားတဲ့ ပုဂိ္ဂုလ်ကြီး ကိုဂုဏ်ပြုပြီး ဖန်တီး ထားခဲ့တဲ့ အလုံသခင် မြပန်းခြံကြီးထဲကနေပြီး ဇနီးဖြစ်သူနဲ့ ကျွန်တော်ဟာ ကားဂိတ်ရှိရာကို ထွက်လာခဲ့ကြ ပါတယ်။ ၉ နာရီခွဲတိတိမှာ အဝေးပြေးကား စထွက်ပါတယ်။ ကျွန်တော်တို့ရှေ့က ထိုင်ခုံမှာလိုက်ပါလာတဲ့ အဘွားကြီးနဲ့ သူ့ရဲ့ သမီးဖြစ်သူက ခုမှဆေးရုံက ဆင်းလာကြတာတဲ့။ နွမ်းနွမ်းပါးပါး သားအမိပါ။ သမီးက ဝေဒနာသည်ပေါ့။
ဇီးကုန်းကို သွားကြမှာတဲ့။ ရန်ကုန်ဧရိယာနဲ့ ပဲခူးဧရိယာနယ်ခြား မျဉ်းရောက်တော့ သံဆူးကြိုး ကြီးတွေနဲ့ဒိုင်းတွေ၊ သေနတ်တွေ၊ နံပါတ်တုတ်တွေ၊ ကျည်ဆန်တွေနဲ့အဆင်သင့် တပ်ချထားတဲ့လုံခြုံ ရေးတပ် ဖွဲ့ဝင်တွေကို တွေ့လိုက်ရပါတယ်။ သပိတ်မှောက်ကျောင်းသူ ကျောင်းသား တွေချီတက်လာရင် ရန်ကုန်ကို ဘယ်တော့မှ အ၀င်မခံဘူး။ နည်းမျိုးစုံနဲ့ ဟန့်တား မယ်လို့ကြေညာထားတဲ့ အာဏာပိုင်အဖွဲ့ အစည်းရဲ့ လက်တွေ့သာဓကပြယုဂ်ကို အဝေးပြေးကားကြီးပေါ်က ခရီးသည်အားလုံး မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရခြင်း ပါပဲ။ အမြို့မြို့ အနယ်နယ်ကို ဖြတ်သန်းလာရင်း လက်ပံတန်းမြို့ထဲကိုဝင်ခဲ့ကြပါပြီ။ အောင် မြေဗိမာန်ကျောင်း တိုက်ကြီးရှေ့ရောက်တော့ ဇနီးဖြစ်သူနဲ့ ကျွန်တော်ကားပေါ်က ဆင်းခဲ့ကြပါတယ်။ ပင်မသပိတ်မှောက် စစ် ကြောင်းကစခန်းချ ရပ်နားနေကြတဲ့ သပိတ်မှောက် ကျောင်းသူကျောင်းသားတွေ နဲ့ တွေ့ရပါပြီ။
သြော် … အရေးတော်ပုံဆိုတာ
ကျောင်းသားအတွေးအခေါ် အဟုန် ကစရတာပဲ။
ကျနစွာယုံပါ။
ဒဂုန်တာရာပြောခဲ့သလို ကောက်ရိတ်ပွဲတော်နွှဲပျော်ဖို့ နွေဦးကိုကြိုပါစို့ ရဲဘော်တို့ရယ်။ ရဲဘော်တို့ သွေးခရီးမှာ အရေးအကြီးဆုံးက စည်းကမ်းရှိဖို့နဲ့ ညီညွတ်ဖို့ပဲ။
မညွှတ်ဦးခေါင်း အတောင်မညောင်း တဲ့ ဒေါင်းတို့ရဲ့ခရီး …
အတွင်းစည်းထဲမှာ သပ်လျှိုခွဲမယ့် ဒလန်ပဉ္စမံတွေ အ၀င်မခံနဲ့။ ကလေကချေ လန်ပန်တွေလည်း အ၀င် မခံလေနဲ့။
ဒါ …မုန်တိုင်းထန်ချိန်၊
တို့ … နိုင်ငံရေးလုပ်နေတာ …
ဟုတ်တယ်…
ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရင်
ကျွန်တော့်ရင်ထဲကို ဟိုအဝေးဆီက ချစ်ရခင်ရတဲ့ ချစ်ရဲဘော် ကဗျာဆရာအောင် ဝေးရေးလိုက်တဲ့ ““ရန်ကုန်ချီ ကျောင်းသား သပိတ်တပ်ကြီးဘွဲ့”” ကဗျာစကားလုံးတချို့ က ဝေ့၀ဲရိုက်ခတ်ဝင် ရောက်လို့လာခဲ့တယ်။ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ ကိုကျော်ကိုကိုနဲ့ တကွ ကျောင်းသား ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုမင်းသွေးသစ်၊ မဟန်နီဦးတို့က လှိုက်လှိုက်လှဲလှဲနဲ့ ကျွန်တော်တို့ကို နှုတ်ဆက်ကြတယ်။ ဇနီး ဖြစ်သူနဲ့ ကျွန်တော်ဟာ ခရီးရောက်မဆိုက်မှာပဲ ကျောင်းသားတွေနဲ့ လက်ရည်တစ် ပြင်တည်း ထမင်းစားပွဲဝိုင်းမှာ ပဲပြုတ် နဲ့အား ပါးတရစားလိုက်ကြတယ်။ ဟုတ်တယ်။ အဲဒီနေ့ရဲ့ ထမင်းစားဝိုင်းမှာ ကျောင်းသူ ကျောင်းသားတွေရဲ့ အဓိကဟင်းလျာ တစ်ခွက်တည်းဟာ ““ပဲပြုတ်””ပါပဲ မြန်မာပြည် သူပြည်သားတို့ရေ …။ ထမင်းစားပြီးတော့ ဇနီးဖြစ်သူနဲ့ ကျွန်တော်ဟာ သပိတ်စခန်းက ကျောင်းသူကျောင်းသားတွေ နားနေရာ အဆောင်ဆီကို ၀င်ခဲ့ပါ တယ်။ အမှတ်တရ ဆုတောင်း မေတ္တာစကား ကျွန်တော်ပြောခွင့်လည်း ရခဲ့ပါတယ်။
သူတို့ဆီကိုရောက်လာ ခဲ့တဲ့ ရည်ရွယ်ချက်ကို ကျွန်တော်ပြောပြခဲ့ပါ တယ်။ ပထမရည်ရွယ်ချက်က ခရီးရှည် ချီတက်လာကြပြီး ပင်ပန်း နွမ်းနယ်နေကြရတဲ့ သပိတ်မှောက် ကျောင်းသားကျောင်းသူ အားလုံးကို မြေးအရင်း ရင်နှစ်သည်းချာ ရတနာ တွေလို တွေ့ချင်မြင်ချင်လို့ပါ။ ဒုတိယ ရည်ရွယ်ချက်ကတော့ အမေရိကန်ပြည် ထောင်စု မှာ နေထိုင်ကြတဲ့ ကျွန်တော်ရဲ့ သားကြီးကိုအောင်နိုင်ဦး မိသားစု၊ တူ တူမ တွေဖြစ်ကြတဲ့ ကိုအံ့မောင်၊ ကိုချင်းတို့ မိသားစုက ပေးပို့ လှူဒါန်းလိုက်တဲ့ အမေရိကန်ဒေါ်လာ ၃၀၀ တိတိကိုလည်း သူတို့ ကိုယ်စား သပိတ်မှောက်ကျောင်းသား ကျောင်းသူတွေအတွက် ကျွန်တော်လာပြီး လှူဒါန်းပေးအပ်တာပါ။ အားလုံးကျန်းမာ ကြပါစေ။ ဘေးဆိုးရန်စွယ် အန္တရာယ် အသွယ်သွယ်က ကင်းဝေးကြပါစေ။ ရည်မှန်းချက် လိုရာ ဆန္ဒတွေပြည့်ဝနိုင်ကြပါစေလို့လည်း ကျွန်တော်က ဆုတောင်းမေတ္တာစကား ပြောခဲ့ပါတယ်။ သူတို့အားလုံးလည်း ၀မ်းသာနေ ကြပါတယ်။ ကျွန်တော် တို့ရောက် နေတုန်းမှာပဲ ပြည်ခရိုင်နဲ့ မှော်ဘီ၊ တိုက်ကြီးဘက် ကစာပေသမား၊ ကဗျာဆရာတချို့ ရောက် လာ လို့ဝမ်းသာအားရ နှုတ်ဆက်မိကြတယ်။
သူတို့က ကျွန်တော်တို့ကို ကားထွက် ခါနီးအထိ လိုက်ပို့နှုတ်ဆက်ကြပါတယ်။ လက်ပံတန်းမြို့က မွန်းလွဲ ၂နာရီခွဲ ထွက်တဲ့ အဝေးပြေးကားကြီးနဲ့ ကျွန်တော်တို့ ပြန်ခဲ့ပါတယ်။ ရန်ကုန်အပြန်ခရီးမှာလည်း ကျွန်တော့် ရင်ထဲမှာ ကဗျာစကားလုံးတွေကို ရဲ ဘော်ကြီးအောင်ဝေးက ပေးဝေငှနေသလို ရိုက်ခတ်လို့လာခဲ့လေရဲ့။
““အရေးတော်ပုံအောင်ပါစေ””
““အရေးတော်ပုံအောင်ပါစေ””
တောတောင်ရေမြေ၊လှည်းနေလှေအောင်း
မြင်းဇောင်းမကျန်၊ သံလွင်၊ စစ်တောင်း
ပေါင်းလောင်းမချန်၊ သပိတ်တပ်ပေါင်း
ချွေးချောင်းစီးသံ၊ ရန်ကုန်ကြောင်း
ခွပ်ဒေါင်းချီကြပြန်ပကွဲ့၊ ဂီတသံတော်လှန် သီချင်းတွေနဲ့ တိုက်ပွဲခေါ်သံ၊ အော်သံပြင်း ချေပေါ့
မြွေမှန်ရင် တွင်းဝင်ဖြောင့်မှာပဲ၊
တို့အသည်းကယုံကြည်
ကျောင်းသားပြည်သူစုံညီ
မန္တလာဒဂုံချီကြ
ကန္တာဝသုန်ဆီက၊ ဥုံ …
နီနီဒေါင်း အလံတလူလူနဲ့
ဗုံညီညီမောင်းသံ တဆူဆူပေါ့
ဘယ်သူတားမလဲ …
ဘယ်သူတားရဲသလဲ
တရားလည်းစောင့် …
မြားလည်းဖြောင့် …တဲ့။
သပိတ်စခန်းနဲ့လက်ပံတန်းမြို့ကလေး ကတော့ဟိုဝေးဝေးမှာမှုန်ပြပြ ကျန်ရစ်ခဲ့ပေ မယ့်တကယ့် တကယ်မှာ တော့ ကျောင်းသား ကျောင်းသူဆိုတဲ့““မြေးအနှစ်””ကလေးတွေ ရဲ့ ချစ်ခင်လေးစားဖွယ် ရာ နှလုံး သားတွေဟာ ကျွန်တော်တို့နဲ့ အတူအရိပ်ပမာ။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment