Saturday, March 7, 2015

လောက်ကိုင်ဒေသသို့ ဒေသခံ သုံးထောင်နီးပါးပြန်လည်အခြေချ၊ ရန်လုံကျိုင်းနယ်စပ်စစ်ဆေးရေးဂိတ်လည်းပြန်ဖွင့်ပြီ

အစိုးရတပ်မတော်နှင့် ကိုးကန့်တပ်တို့အကြား ဖေဖော်ဝါရီလမှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့သည့် လောက်ကိုင်ဒေသသို့ ဒေသခံ မတ်လ ၆ရက်အထိ အိမ်ထောင်စု ၉၄၆စု၊ လူဦးရေ ၂၇၄၆ဦး ပြန်လည်ဝင်ရောက် နေထိုင်ခဲ့ပြီး တိုက်ပွဲများအတွင်း ပိတ်ထားခဲ့သည့် ရန်လုံကျိုင်းနယ်စပ်စစ်ဆေးရေး ဂိတ်ကိုလည်း မတ်လ ၆ရက် နံနက်က ပြန်ဖွင့်ပေးလိုက်ပြီဟု ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မတ်လ ၆ရက်တွင် နယ်နိမိတ်မှတ်တိုင် ၁၂၅မှ အိမ်ထောင်စု ၂၇စု၊ လူဦးရေ ယင်းအပြင် ၇၄ဦး လောက်ကိုင်မြို့တွင်း ပြန်လည် နေထိုင်မှုအတွက် တာဝန်ရှိသူများက
ကြိုဆိုနေရာချထားမှု ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ယင်းအပြင် ရန်လုံကျိုင်းနယ်စပ် ပြန်ဖွင့်လိုက်ပြီ ဖြစ်၍ ထိုနယ်စပ်ဂိတ်မှလည်း ၁၀၆ဦး မြို့တွင်း ပြန်လည် နေရာချထားခဲ့သည်ဟု ဆိုသည်။

ုလက်ရှိတွင် လောက်ကိုင်ဒေသ၌ မတ်လ ၄ရက်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသေးပြီး စစ်အုပ်ချုပ်ရေးအမိန့်လည်း ဖေဖော်ဝါရီ ၁၈ရက်မှ စတင်ကာ ကြေညာထားသည်။ ယင်းအပြင် ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေးအမိန့်ပါ ပြစ်ဒဏ်များကို မတ်လ ၆ရက်က တိုးမြှင့်ပြင်ဆင်လိုက်ပြီး  ပြင်ဆင်ချက်အရ ပြစ်မှုထင်ရှားကြောင်း စီရင်ခြင်းခံရသူ၏ ပြစ်ဒဏ်များနှင့် ပတ်သက်၍  သေဒဏ်၊ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် နှင့် သက်ဆိုင်ရာပြစ်မှုအလိုက် သတ်မှတ်သော အမြင့်ဆုံး ပြစ်ဒဏ်များ ချမှတ်ရမည်ဟု  မတ်လ ၆ ရက်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုး ပြင်ဆင်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။


Credit - Mizzima News

No comments:

Post a Comment