~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မလှိုင်၊ မတ် ၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အတွင်း ကျေးရွာပေါင်း ၂၄၇ ရွာ၊ အုပ်စု ၅၆ အုပ်စုမှ တစ်အုပ်စုလျှင် လူ ၂၀ လိုက်ပါစေ၍ လူပေါင်း ၁၂၀၀ တို့ သည် မလှိုင်မြို့ ထီးဆောင်းကြီး ဘုရားကွင်းသို့ စစ်ကြောင်း ၅ ကြောင်းဖြင့် ဖေဖော်ဝါရီ ၂၈၊ နံနက် ၈ နာရီမှစ၍ ချီတက်ကာ ထီးဆောင်းကြီး ဘုရားကွင်းတွင် ဆုံရပ်ပြုပြီး ဆန္ဒဖော်ထုတ် ကြွေးကြော်ကြ သည်။
ဒီမိုကရေစီ ရှင်သန်ခိုင်မာရေး (ဒို့အရေး)၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး(ဒို့အရေး)၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး (ဒို့အရေး)၊ ၂၀၁၅ ခုနှစ် ငြိမ်းချမ်းမှုဖော်ဆောင်ရေး(ဒို့အရေး) စသည် ကြွေးကြော်သံ များဖြင့် သပိတ်အခမ်းအနားကို ၉ နာရီတွင် ရုပ်သိမ်းပြီး မိမိကျေးရွာ များသို့ တောင်သူလယ်သမားများ ပြန်ခဲ့ကြသည်။
မလှိုင်မြို့နယ် ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူးက မြန်မာသံတော်ဆင့် သို့ ဖြေကြားရာတွင် ပါတီမှပြုလုပ်တာ မဟုတ်ကြောင်း၊ ပြည်သူများကသာ ဆန္ဒဖော်ထုတ် ဦးဆောင်တာ ဖြစ်ပြီး ငွေပေးသည် ဆိုသည်မှာ လည်း ကျေးရွာမှ လာကြသော လိုက်ပို့သည့်ကားများကို ဆီဖိုးပေးတာ ဖြစ်ကြောင်းနှင့် ကျေးရွာမှ ပြည်သူများကို ရှပ်အချိုရည်ဘူး၊ ရေသန့်ဘူး၊ ပေါင်မုန့်ထုပ်များဖြင့် ကုသိုလ်ပြုပြီး ပြည်သူတို့၏ ဆန္ဒဖြင့်သာ သပိတ်စစ်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့တာ ဖြစ်ကြောင်း၊ ဒီနေ့ဆန္ဒခံယူ သပိတ်စစ်ကြောင်းသည် ကျွန်တော်တို့ ကြံ့ခိုင်ရေးပါတီမှ ဦးဆောင်တာ မဟုတ်ကြောင်း ထပ်ကာထပ်ကာ ပြောကြားခဲ့သည်။ မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုး ရုံးအတွင်း၌ ပါတီအတွင်းရေးမှူး၊ မြို့နယ်ပြန်/ဆက်မှ ဦးအောင်ဌေးနှင့် ကြေးမုံ သတင်းထောက် ဦးမြတ်ထွန်းတို့ အတူတကွ သတင်းများ ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။ (ပုံ)
ဆန္ဒခံယူပွဲတွင် အုပ်စုကျေးရွာမှ တောင်သူလယ်သမားများ အများစုဖြစ်ကြပြီး မလှိုင်မြို့ ရပ်ကွက်ကြီး ၄ ရပ်ကွက်မှ ပါတီဝင်များသာ ပါဝင်ခဲ့ကြကြောင်း မြို့နေပြည်သူ တစ်ဦးကလည်း ဖြေကြားခဲ့သည်။
သပိတ်တွင် လိုက်ပါသော ကြံ့ခိုင်ရေးပါတီဝင် အုပ်စုစည်းရုံးရေးမှူး များကို မေးမြန်းရာတွင် ကျေးရွာ အုပ်ချုပ်ရေး မှူးများမှတစ်ဆင့် တစ်အုပ်စုလူ ၂၀ခန့် တောင်းယူ သတ်မှတ်ခဲ့ပြီး သပိတ်တွင် လိုက်ပါသော ကျေး ရွာ တောင်သူ များက ဖြေကြားရာတွင် သူတို့ခေါ်၍သာ လိုက်ပါကြောင်း၊ ရည်ရွယ်ချက်နှင့် ခံယူချက်တွေ နားမလည် မသိကြောင်း ဖြေကြားခဲ့သည်။
ဦးဆောင် ဆန္ဒခံယူပွဲ သပိတ်အတွက် ခွင့်ပြုမိန့် တောင်းခံရာတွင် မလှိုင်မြို့နယ်မှ ရဲမှူးအောင်မိုး အား မေးမြန်းရာတွင် ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ဦးစိုးသိန်းက ခွင့်ပြုမိန့်ရယူ ဦးဆောင်ကြောင်း မြန်မာ သံတော်ဆင့်သို့ အတည်ပြု ပြောကြားခဲ့သည်။
မလှိုင်မြို့နယ်သည် ရွှေပေါ်ကျွန်း ဆရာတော်ဘုရားကြီးနှင့် လေးမျက်နှာ ဆရာတော်ဘုရားကြီးတို့ အထင်ကရ သာသနာပြုရာ ဒေသဖြစ်ပြီး ၄င်းဒေသ၌ အများပြည်သူတို့နှင့် သက်ဆိုင်သော ကိစ္စရပ်များတွင် မမှန်မကန် လုပ်ဆောင်၍ မရကြောင်း၊ မမှန်မကန်လုပ်ဆောင်ခဲ့ ကြသည့်ပုဂ်္ဂိုလ်များမှာလည်း တူသော အကျိုးခံစား ကြရကြောင်း ဒေသခံတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။
နိုင်ဦး(ရွှေပေါ်ကျွန်း)
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald




No comments:
Post a Comment