ရန်ကုန်၊ မတ် ၎
နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟူသော စွပ်စွဲချက်ဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ပြန်ကြားရေး ၀န်ကြီးဌာန ရုံးအဖွဲ့မှူး ဦးမြင့်ထွေးက တရားလိုပြုလုပ် ၍ မြန်မာသံတော်ဆင့် ဂျာနယ်မှ အယ်ဒီတာချုပ်အပါအ၀င် ၁၁ ဦးကို မီဒီယာဥပဒေပုဒ်မ ၂၅ (ခ) ဖြင့် တရားစွဲခြင်း၏ န၀မအကြိမ်မြောက် ရုံးချိန်းကို မတ်လ ၂ ရက်က နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားရုံး တွင် ပြုလုပ်ခဲ့ရာ မြန်မာသံတော်ဆင့်မှ စွပ်စွဲခံရသူများကို ဆက်လက် စစ်ဆေးသည်။
အဆိုပါ ရုံးချိန်းတွင် မြန်မာသံတော်ဆင့် အယ်ဒီတာချုပ် ဦးအောင်ကျော်မင်း (ယခင်ဒုတိယ အယ်ဒီတာချုပ်-သတင်း)နှင့် ဒုတိယအယ်ဒီတာချုပ် – သုတေသန ဖြစ်သူ ဦးဆန်းဝင်းထွန်းတို့ကို ဆက်လက် စစ်ဆေးခဲ့သည်။…
““အရင်တစ်ပတ်က တရားခံ ၁၁ ယောက်ထဲက နှစ်ယောက်ကို စစ်ပြီးသွားပြီ။ ကိုအံ့ခေါင်မင်းနဲ့ ကိုကျော်စွာဝင်း။ ဒီနေ့ နံပါတ် ၃ နဲ့ ၄ ကျန်နှစ်ယောက် စစ်တယ်။ ဦးအောင်ကျော်မင်းနဲ့ ဦးဆန်းဝင်းထွန်း စစ်တာ ဒီနေ့ပြီး သွားပြီ။ နောက်ထပ် ၇ ယောက်စစ်ဖို့ ကျန်သေးတယ်။ စစ်တာကတော့ သိပ်မများဘူးပေါ့။ မများဘူးဆိုတာက သူတို့ပါဝင်တဲ့ အခန်းကဏ္ဍ၊ သူတို့ယူရတဲ့တာဝန်။ သူတို့ဘက်က ပြောတာကတော့ ဒီအင်တာဗျူး ကိစ္စ၊ ပြဿ နာဖြစ်တဲ့ အင်တာဗျူး ကိစ္စမှာ သူတို့နဲ့ မဆိုင်ဘူး၊ သူတို့ကိုင်ရတဲ့ ကဏ္ဍလည်း မဟုတ်ဘူးပေါ့။ နောက်တစ်ပိုင်းက စာနယ်ဇင်းကောင်စီက ညှိနှိုင်းဖို့ဆိုပြီး ခေါ်တော့ သွားတွေ့တယ်။ ဦးအောင်ကျော်မင်း ဦးဆောင်ပြီးေ တာ့။ နှစ်ခေါက် သွားတွေ့တဲ့ အကြောင်းပေါ့။ ဒီဘက်က လုပ်ပေးနိုင်တဲ့ ဟာတွေ ပြောခဲ့တယ်၊ ဒါပေမဲ့ အဆင်မပြေ လိုက်ဘူးပေါ့လေ။ နောက်ဆုံးတရား စွဲတဲ့အဆင့် အထိ ရောက်သွားတာပေါ့”” ဟု တရားခံများ ၏ ရှေ့နေဦးဇော်လင်း က ပြောသည်။
တရားလို ရှေ့နေဘက်မှ မေးမြန်းချက်များတွင် ဂျာနယ်ထုတ်ဝေစဉ်က လိုက်နာရမည့် စည်းကမ်းချက်များကို သိရှိခြင်းရှိ-မရှိ အပါအ၀င် စာနယ်ဇင်း ကျင့်ဝတ်ပိုင်းဆိုင်ရာ မေးခွန်းများ၊ ဂျာနယ်ပါ ဦးမျိုးရန်နောင်သိမ်း ၏ ပြောကြားချက်များမှာ ၊ကြမ်းတမ်းသည့် စကားလုံးများ၊ ယုတ်ညံ့သည့် စကားလုံးများ ဟုတ်-မဟုတ် စသည့် မေးခွန်းများကို အဓိကထား မေးမြန်းသွားသည်။
““ဟိုဘက်က မေးတာကတော့ ဒီအင်တာဗျူးမှာပါတဲ့ အသုံးအနှုန်းတွေဟာ၊ စကားလုံးတွေက ရိုင်းတယ်ပေါ့၊ ယုတ်ညံ့တယ် ဆိုတာမျိုးပေါ့။ ဒါပေမဲ့အဲဒါကလည်း သူတို့က ပြောပြီးသားလေ။ အင်တာဗျူး ကိစ္စက သူတို့နဲ့ မဆိုင်ဘူးလို့”” ဟု ရှေ့နေ ဦးဇော်လင်းက ပြောသည်။
မြန်မာသံတော်ဆင့် သတင်းဂျာနယ် အတွဲ (၃)၊ အမှတ် (၂၂) ပါ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD ဗဟို)မှ သုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး၊ ဗေဒါနိုင်ငံရေးသိပ္ပံ ကျောင်းအုပ်ကြီး ဦးမျိုးရန်နောင် သိမ်းနှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ပါဝင်သည့် ပြောကြားချက်များ မှာ နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့၏ ဂုဏ် သိက္ခာကို ထိခိုက်စေသည် ဟုဆိုကာ ဂျာနယ်၏ အယ်ဒီတာချုပ်မှ ဖြန့်ချိရေးဝန်ထမ်းအထိ ၁၁ ဦးကို တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။ မြန်မာသံတော်ဆင့်ဂျာနယ်ကို တရားစွဲဆို ထားသည့် အမှုအတွက် ၁၀ ကြိမ်မြောက် ရုံးချိန်းကို မတ်လ ၁၇ သို့ ချိန်းဆိုထားသည်။
MH-0025
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment