Monday, March 2, 2015

ဥပဒေများကို ဆန်းစစ်ကြည့်ခြင်း (သတင်းမီဒီယာဥပဒေ)

– မြိုင်-တင်လှိုင်

စက်ရုံ၊ အလုပ်ရုံ၊ ရုံးဌာနများမှ ထိုလျှို့ဝှက်ချက်များကို အများမြင်သာသော နေရာတွင် လျှို့ဝှက်ချက် ဖြစ်ကြောင်း၊ တားမြစ်ချက်ဖြစ်ကြောင်း ဖော်ပြထားသင့်ပါသည် အတွင်းစည်း ကလည်း လျှို့ဝှက်ချက်ကို မပေါက်ကြားစေရန် စီမံထားရပါမည် ထိုသို့မဟုတ်ပါဘဲ မီဒီယာသမား များသိ၍ ဖော်ပြခါမှ တရားစွဲသည်မှာ တရားမျှတမှုမရှိပါ …

မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းစာတွင် အတွဲ-၃၊ အမှတ် ၄၈၌ သတင်းမီဒီယာဥပဒေပုဒ်မ၃(စ)ထိ ဆန်းစစ် ရေးသားခဲ့ပါသည်။ ယခု၎င်း ဥပဒေပုဒ်မ ၄မှစ၍ တင်ပြပါမည်။ ယင်းပုဒ်မ ၄ မှ ၈ထိမှာ အခန်း ၃တွင် ပါရှိပါသည်။ ပုဒ်မ ၄တွင် သတင်းမီဒီယာသမားများသည် (က)ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ဆိုင်ရာတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ
လွတ်လပ်စွာဝေဖန် ထောက်ပြ အကြံပြုရေးသားခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါသည်။ သို့သော်လည်းတရားရုံးများ မထီမဲ့မြင်ဥပဒေကို ပြဋ္ဌာန်း ထားပြန်ပါသည်။ ၎င်းဥပဒေပုဒ်မ ၂ (ဃ)ပြစ်မှုဆိုင်ရာ မထီမဲ့ မြင်ပြုမှုဆိုသည်မှာ (၁)တရားရုံး ၏ ဥပဒေအရ အပ်နှင်းထားသော အခွင့်အာဏာကို သေးသိမ်စေခြင်း (သို့မဟုတ်) သေးသိမ်ရန်ဖြစ်တန်စေခြင်း။ (၂) တရား စီရင်သောမှုခင်း ကိစ္စတွင်ဖြောင့်မှန်စွာ ဆောင်ရွက်မှုကို ထိခိုက်စေခြင်း၊ စွက်ဖက်ခြင်း (သို့မဟုတ်)နှောင့် ယှက်ခြင်း။ (၃)မှန်ကန် လွတ်လပ်စွာ တရားစီရင်ရေးအပေါ် အများပြည်သူက ယုံကြည်ကိုးစားမှု လျော့နည်း စေရန် တစ်နည်းနည်းဖြင့် ပြုလုပ်ခြင်း။ (၄) တရားရုံးကဆုံးဖြတ် ရန်ရှိသောအချက်များကို တစ်စုံတစ်ရာ အဆုံး အဖြတ် မပေးရသေးမီ ကြိုတင်ဝေဖန်ပြောဆိုခြင်း၊ ရေးသားဖော်ပြခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း၊ ဖြန့်ချိခြင်းဟူ၍ တားမြစ် ထားပြန်ပါသည်။ …ဤတွင် သတင်းမီဒီယာ ဥပဒေပုဒ်မ ၄(က) ပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်နေသည်ကို တွေ့ရပါသည်။ လွတ်လပ်စွာ ဝေဖန်ထောက်ပြ အကြံပြုရေးသားခွင့်ရှိသည်ဆိုပြီး တရားရုံး မထီမဲ့ မြင်ပြုမှု ဥပဒေပုဒ်မ၂(ဃ)ကပဲ တားမြစ်ထား ပြန်သည်မဟုတ်လား။ တကယ် တော့ပြည်သူတွေက တရားစွဲလျှင် တစ်နေရာရာက ဖုန်းနှင့်သော် လည်းကောင်း၊ စာနှင့်သော်လည်းကောင်း၊ လူကိုယ်တိုင်သော်လည်းကောင်း ပြောဆိုလာပါက တရားသူကြီး၏ ဆုံးဖြတ်ချက်အတိုင်း မဖြစ်တော့ဟု ရုပ်ပြောင်များပင်ဖော်ပြနေပါသည်။ ဥပမာ – အမိန့်ရ တရားရုံးဆို သည်မျိုးများ ဖြစ်သည်။ မီဒီယာဥပဒေ ပုဒ်မ ၄(ခ)တွင် နိုင်ငံသားတိုင်းသိခွင့်ရှိသော သတင်းအချက်အလက်များနှင့် သဘောထားအမြင်များကို ကျင့်ဝတ်စည်းကမ်းနှင့်အညီ စုံစမ်းဖော်ထုတ်ရေး သားခွင့်နှင့် သတင်းထုတ်လွှင့်ခွင့် တို့ရှိသည်ဟု ပြဋ္ဌာန်းထား၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ နှင့်အညီ မဖြစ် တော့ပါ။ ၄(ဂ) တွင် နိုင်ငံသား တစ်ဦး၏ အခွင့်အရေးဆုံးရှုံးမှုဆိုင်ရာ ကိစ္စရပ်များကို ဖော်ထုတ်ရေးသား ခွင့်ရှိ သည်ဟု ပြဋ္ဌာန်းထားသည်။ သို့သော်လည်း တရားစီရင်းရေး၊ မြေယာသိမ်းဆည်းခံရမှုစသည့် ကိစ္စများကို နိုင်ငံသားအများ၏ အခွင့်အရေး ဆုံးရှုံးမှုများ ဖော်ထုတ်ရေးသား၍ တရားစွဲခံထား ရသည်များရှိပါသည်။ ၄ (ဃ)တွင် သက်ဆိုင်ရာဌာန အဖွဲ့အစည်းက သတ်မှတ်ထားသော စည်းကမ်းနှင့်အညီ အစိုးရရုံး၊ ဌာန၊ အဖွဲ့ အစည်းများတွင် သတင်းအချက်အလက် ရယူခွင့်၊ နေရာထိုင်ခင်းရခွင့်နှင့် ၀င်ထွက်သွားလာခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါသည်။ အချို့ဌာနများက ခွင့်ပြုသော် လည်း အချို့ဌာနများက ခွင့်မပြုဘဲ ပိုင်နက်ကျူး လွန်မှုဖြင့် တရားစွဲသည်များ ကြားသိရပါသည်။ ဤပုဒ်မအရဆိုလျှင် ထိုသို့ခွင့်မပြုသောရုံး၊ ဌာန၊ အဖွဲ့အစည်းများက ခွင့်မပြုလျှင်မည် သို့အရေးယူမည်ဟု ပြဋ္ဌာန်းထားခြင်း မတွေ့ရပါ။ ထို့ကြောင့် ရုံး၊ ဌာန၊အဖွဲ့ အစည်းများက ခွင့်မပြုလျှင် မည်သို့ အရေးယူမည်ကို ဖြည့်စွက်ပြဋ္ဌာန်းသင့်ပါသည်။ ယခုကဲ့သို့ ပြဋ္ဌာန်းထားသည်မှာ မီဒီယာသမားများကို သာနှိပ် ကွပ်ရန်ဖြစ်ကြောင်း မြင်သာနေပါသည်။

ပုဒ်မ ၅တွင် သတင်းမီဒီယာလုပ်ငန်း၏ ထုတ်ဝေစာသည် စိစစ်ခြင်းမှ ကင်းလွတ်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါ သည်။ ပုဒ်မ ၆၌ သတင်းမီဒီယာသမား တစ်ဦးသည်- (က) ဥပဒေတစ်ရပ်အရဖြစ်စေ၊ အာဏာ ပိုင်အဖွဲ့အစည်း တစ်ရပ်ရပ်ကဖြစ်စေ အမိန့် ညွှန်ကြားချက်ဖြင့် လုံခြုံရေးအဆင့် သတ်မှတ်ထားသော စာရင်းဇယား၊ ဓာတ်ပုံ၊ မှတ်တမ်းရေးသား ချက်များမှအပ အများပြည်သူသိခွင့်ရှိသော သတင်းအချက် အလက်များကို သက်ဆိုင်ရာ အဖွဲ့အစည်း များထံမှ တောင်းယူကြည့်ရှုခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါသည်။ထိုသို့ဆို လျှင်စက်ရုံ၊ အလုပ်ရုံ၊ ရုံးဌာနများမှထို လျှို့ဝှက်ချက်များကို အများမြင်သာသော နေရာတွင် လျှို့ ၀ှက်ချက်ဖြစ်ကြောင်း၊ တားမြစ် ချက် ဖြစ်ကြောင်း ဖော်ပြထားသင့်ပါသည်။ အတွင်းစည်းကလည်း လျှို့ဝှက်ချက်ကို မပေါက် ကြားစေရန် စီမံထားရပါ မည်။ ထိုသို့မဟုတ်ပါဘဲ မီဒီယာသမားများသိ၍ ဖော်ပြခါမှ တရားစွဲသည်မှာ တရားမျှတမှုမရှိပါ။ ပုဒ်မ ခွဲ (ခ) တွင် အများပြည်သူ၏ ရန်ပုံငွေဖြင့် ဖွဲစည်းထားသော အစိုးရမဟုတ်သည့် အသင်းအဖွဲ့လုပ်ငန်းများမှ သတင်း အချက် အလက်များကို ပုဒ်မခွဲ(က) ပါပြဋ္ဌာန်းချက် နှင့်အညီ တောင်းယူကြည့်ရှုခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါ သည်။

ပုဒ်မ ၇၌ သတင်းမီဒီယာသမား တစ်ဦးသည် စစ်မက်ဖြစ်ပွားရာဒေသ၊ အရေးအခင်း အဓိကရုဏ်း၊ အများ ပြည်သူ ဆန္ဒပြရာဒေသတို့၌ သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းက သတ်မှတ်ထားသော စည်းကမ်းများနှင့် အညီသတင်း ရယူစဉ်တွင်- (က) လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်း၊ သတင်း မှတ်တမ်းစသည့် သတင်းရယူခြင်းနှင့် သက်ဆိုင်ရာ ကိရိယာများကို သိမ်းယူခံရခြင်း၊ ဖျက်ဆီးခံရခြင်းတို့မှ ကင်းလွတ်စေရမည်။ ဤအချက်မှာ အမှန်တကယ် အကောင်အထည်ဖော်ပါက အလွန်ကောင်းပါသည်။ အရေး အခင်းကာလက ဂျပန် သတင်းထောက်ကို ပစ်သတ်သလိုဘေးမှ ကင်းဝေးပေတော့မည်။ (ခ)တွင် လုံခြုံရေး ဆိုင်ရာအဖွဲ့အစည်း များရှိက ယင်းတို့၏ကာကွယ်စောင့်ရှောက်မှုကို တောင်းခံခွင့်ရှိစေရမည်ဟု ပြဋ္ဌာန်းထားရာ တိကျမှုမရှိပါ။ ကာကွယ်ပေး မည်ဟု ပြင်ဆင်ပေးသင့်ပါသည်။

ပုဒ်မ ၈၌ သတင်းမီဒီယာသမား တစ်ဦးသည် (က)ကျင့်ဝတ်နှင့်အညီ မိမိအမည်ကို ဖော်ထုတ်ပြောဆို၍ သတင်း ရယူရမည်။ သို့ရာတွင် အများပြည်သူနှင့် သက်ဆိုင်သော ကိစ္စရပ်များဖြစ်သည့် ပြည်သူ့ကျန်းမာရေး၊ ပြည်သူ တို့၏ ဘေးကင်းလုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်တို့ကို ထိခိုက်စေနိုင်သော ကိစ္စရပ်များ၊ ဥပဒေပြုရေး၊ အုပ် ချုပ်ရေး၊ တရားစီရင်ရေးနှင့် လူမှုစီးပွားရေးဆိုင်ရာ ဆောင်ရွက်ချက်များတွင် မမှန်မကန် ဆောင်ရွက်မှုများ၊ အကျင့်ပျက်ခြစားမှုများကို ဖော်ထုတ်ရန် မဖြစ်မနေ စုံစမ်းရမည့် သတင်းဖြစ်ပါက သတ်မှတ်ချက်များ နှင့်အညီ သက်ဆိုင်ရာ အယ်ဒီတာ၏ ခွင့်ပြုချက်ဖြင့် အမည်မဖော်ပြဘဲ စုံစမ်းခွင့်ရှိပြီး ထိုသို့ဆောင်ရွက်ခဲ့ကြောင်း ကို ဖော် ပြပေးရမည်ဟု လည်းကောင်း၊ ပုဒ်မခွဲ(ခ)တွင် ဤ ဥပဒေပါပြဋ္ဌာန်းချက် တစ်ရပ်ရပ်ဖြင့် အရေးယူခံရသော အမှု တွင် တရားရုံး၏ အမိန့်အရ မဟုတ်ဘဲသတင်း မီဒီယာဆိုင်ရာ လုပ်ငန်းသုံးပစ္စည်းများကို သိမ်းဆည်း၊ ချိပ်ပိတ် ခြင်းနှင့် ဖျက်ဆီးခြင်းတို့မှ ကင်းလွတ်ခွင့်ရရှိစေရမည်””ဟုလည်းကောင်း ပြဋ္ဌာန်းထားသည်။ ဤတွင် (ခ) ပြဋ္ဌာန်းချက်မှာ သူရိယအလင်းဂျာနယ်တိုက်ကို ပြုလုပ်ခဲ့သလို လုပ်ပါက တားဆီးချိန်မရနိုင်ပါ။ ထို သို့ပြုပါကပြု သူကို ကင်းလွတ်ခွင့် ပေးမည်လား၊ ခံရသူကို ကင်းလွတ်ခွင့်ပေးမည်လား မေးရန်ရှိပါသည်။ ခံရသူကို ကင်း လွတ်ခွင့် ရရှိရန်ပေးပါက ဤစကားရပ်ဖြင့် မသုံးသင့်ပါ။ ခံရသူကို ကာကွယ်ပေးရမည်၊ နစ်နာကြေးပေးရမည် ဟု သုံးသင့်ပါသည်။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment