Friday, March 6, 2015

တရုတ်အခြေစိုက် ဟွာဝေးနှင့် ဂူးဂဲ Nexus ပူးပေါင်းဖွယ်ရှိ

(ကာလီဖိုးနီးယား)။ ။ တရုတ်နိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီ ဟွာဝေးနှင့် ကမ္ဘာကျော် နည်းပညာကုမ္ပဏီ ဂူးဂဲက ထပ်မံထုတ်လုပ်မည့် Nexus တို့ ပူးပေါင်းလုပ်ကိုင်ဖွယ်ရှိသည်ဟု CNET သတင်းတွင် ဖော်ပြထားသည်။

Mobile-2
ဟွာဝေးက ဂူးဂဲက ထပ်မံထုတ်လုပ်မည့် Nexus နှင့် ပူးပေါင်းလုပ်ကိုင်သွားမည်။



ဂူးဂဲက ထပ်မံထုတ်လုပ်မည့် Nexus စမတ်ဖုန်းများအတွက် စက်ပိုင်းဆိုင်ရာထုတ်လုပ်မှုများကို တရုတ်ကုမ္ပဏီ ဟွာဝေးထံပေးအပ် လုပ်ဆောင်စေလိမ့်မည်ဟု CNET က ခန့်မှန်းဖော်ပြထားသည်။

ဟွာဝေးက ဂူးဂဲ Nexus နှင့် ပူးပေါင်းလိမ့်မည်ဟုလည်း တရုတ်သုတေသနဌာန iSuppli ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦး ဖြစ်သည့် Kevin Yang က ပြောကြားခဲ့သည်။

ဟွာဝေးသည် ဂူးဂဲက ထုတ်လုပ်မည့် Android OS သုံး Nexus ဖုန်းများ ထုတ်လုပ်ရန် ပူးပေါင်းလုပ်ကိုင်ဖို့ စာချုပ် ချုပ်ဆိုပြီးဖြစ်သည်ဟုလည်း Kevin Yang က ဆိုသည်။

ဟွာဝေး၏ အမှုဆောင်အရာရှိချုပ် Richard Yu ကလည်း ဟွာဝေးသည် အမေရိကဈေးကွက်ကို ထိုးဖောက်နိုင်ရန် ဂူးဂဲနှင့် ပူးပေါင်းဖွယ်ရှိသည်ဟု အရိပ်အမြွတ်ပြောကြားခဲ့သည်။

ဟွာဝေးနှင့် ဂူးဂဲ Nexus ပူးပေါင်းဆောင်ရွက်မှုကို လာမည့် ခြောက်လမှ ရှစ်လအကြား စတင်နိုင်ဖွယ်ရှိသည်ဟုလည်း CNET သတင်းက ခန့်မှန်းဖော်ပြထားသည်။

Credit - Mizzima News

No comments:

Post a Comment