Friday, March 6, 2015

တရားလိုမလာ၍ လာမည့်ရုံးချိန်းတွင် တရားသေလွှတ်ပေးရန် လျှောက်ထား

 ရန်ကုန်၊ မတ် ၎

မြန်မာသံတော်ဆင့် သတင်းဂျာနယ်၏ ပဲခူးတိုင်းဒေသကြီးသတင်း တာဝန်ခံ ဦးသန်းမြတ်စိုး(မင်းသီဟ-လက်ပံ တန်းသား)က ရဲတပ်ဖွဲ့ဝင်များ ၏အဂတိ လိုက်စားမှုများကို မဟုတ်မမှန်ရေးသားသည်ဟူသော စွပ်စွဲချက်ဖြင့် လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးစန်းမြင့်က တရားလိုပြုလုပ်ကာ လက်ပံတန်းမြို့နယ်တရားရုံးတွင် ဦးတိုက် လျှောက်ထားတရား စွဲဆိုမှု ၉ကြိမ်မြောက် ရုံးချိန်းတွင် တရားလိုမလာ၍လာမည့်ရုံးချိန်း၌ တရားသေ လွှတ်ပေး ရန်လျှောက်ထားခဲ့ကြောင်း ၎င်း၏ရှေ့နေဖြစ်သူ ဦးတင်လှိုင် က ပြောသည်။ ဦးသန်းမြတ်စိုး၏ ၉ ကြိမ်မြောက် ရုံးချိန်းအားဖေဖော်ဝါရီ ၂၃ ရက်တွင်ပြုလုပ်ခဲ့ပြီး ယခုအမှုသည် ဦးတိုက်လျှောက်ထားသည့်
အမှု ဖြစ်သော ကြောင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၄၃အရ ဦးတိုက်မှုတွင် သမ္မန်စာထုတ်ပြီး တရားခံလာရန်ချိန်း ရက်(သို့မဟုတ်) နောက်ရုံးချိန်းတွင် တရားလိုမလာပါက တရားသေလွှတ်ပေးရ မည်ဟုပြဋ္ဌာန်းထားသောကြောင့် ယခု ကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။…

““နှစ်ဖက်လျှောက်လဲချက်ကိုကြားနာပြီးသည့်အခါ မြို့နယ်တရား သူကြီးကဆင့်ခေါ်တဲ့ အမိန့်ကိုချမယ်”” ဟု ဦးသန်းမြတ်စိုး၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေဦးတင်လှိုင်ကမြန်မာသံတော်ဆင့်သို့ပြောသည်။

အဆိုပါရုံးချိန်း၌ တရားလိုလက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စန်းမြင့် လာရောက်ခြင်းမရှိဘဲ ၎င်း၏ကိုယ်စား ဒုရဲအုပ်ဝင်းဇော်သာ လာရောက်ခဲ့သဖြင့် ယခုကဲ့သို့လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ဝိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment