Saturday, March 7, 2015

NNER နှင့် ကျောင်းသားများ မတက်ရောက်နိုင်သေးသော်လည်း ဒုတိယအကြိမ် အခွင့်အရေးပေးမည်ဟု လွှတ်တော်ကော်မတီပြော

နေပြည်တော် (မဇ္ဈိမ)။ ။ ပြီးခဲ့သည့် မတ်လ ၅ ရက်က ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကျောင်းသားများနှင့် မနက်ဖြန်တွင် NNER (အမျိုးသား ပညာရေး ပြုပြင်ပြောင်းလဲမှု ကော်မတီ) တို့က အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် တွေ့ဆုံမှု မပြုသေးသော်လည်း ဒုတိယအကြိမ် အခွင့်အရေးပေးမည်ဟု ဆိုသည်။

National-Education-Law-Meeting-01
အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကိစ္စ ကျောင်းသား ကိုယ်စားလှယ်များနှင့် ကြားနာရန် အမျိုးသားလွှတ်တော် အဆောက်အဦးရှိ အစည်းအဝေး ခန်းမငယ်တွင် ရောက်ရှိနေသည့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင် ဥက္ကဋ္ဌနှင့် ပညာရှင်များကို မတ်လ ၅ ရက် တွေ့ရစဉ်။ (ဓာတ်ပုံ -  မောင်သင်တုန်း၊ မဇ္ဈိမ)



အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီက ‘’NNER ကလည်း မတွေ့ဘူးလို့တော့ ငြင်းတာ မဟုတ်ပါဘူး။ ရွှေ့ဆိုင်းတယ်လို့ပဲ နားလည်ပါတယ်’’ ဟု ဆိုသည်။

ဥပဒေကြမ်းကော်မတီသည့် NNERက မနက်ဖြန်တွေ့ဆုံမည့် ဆွေးနွေးပွဲကို မလာနိုင်ကြောင်း အကြောင်းကြားထားသော်လည်း တာဝန်ရှိသည့်အတိုင်း စောင့်ဆိုင်းမည်ဟု တိုင်းပညာရေးမှူး (အငြိမ်းစား)တစ်ဦးလည်းဖြစ်သူ ဦးခင်မောင်ရီက ပြောသည်။

၎င်းက ‘‘မနေ့က ကျောင်းသားတွေက မဆွေးနွေးဘဲပြန်သွားပေမယ့် လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကျောင်းသားတွေတွေ့ချင်လို့ အကြောင်းကြားရင် တွေ့ဖို့ ချက်ချင်း ဆုံးဖြတ်ပေးထားပါတယ်’’ ဟု ဆိုသည်။

သပိတ်မှောက်ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်ကလည်း လက်ရှိအခြေအနေအကြောင်း ကြောင်းကြောင့် မဆွေးနွေးဖြစ်သော်လည်း လွှတ်တော်က ထပ်မံဖိတ်ကြားလျှင်လည်းကောင်၊ ၎င်းတို့တွင် အခွင့်အရေးတစ်ရပ်ရှိလာပါက လာရောက်မည်ဟုပြောကြားထားသည်။

အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီသည် မတ်လ ၅ ရက်က ကျောင်းသားအဖွဲ့များ၊ မတ်လ ၆ ရက်တွင် နိုင်ငံရေးပါတီများ၊ မတ်လ ၇ရက်တွင် NNER အပါအ၀င် အဖွဲ့အစည်းပေါင်းစုံဖြင့် ရှစ်ရက်ကြာ ဆွေးနွေးရန် လျာထားသည်။

Credit - Mizzima News

No comments:

Post a Comment