ရန်ကုန်၊ မတ် ၅
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ၇ ကြိမ်မြောက် ဆွေးနွေးပွဲအား မတ်လ ၁၆ရက်မှ ၂၁ရက် အထိရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာ ငြိမ်းချမ်းရေး စင်တာရုံး၌ ပြုလုပ်ရန် ယေဘုယျသတ်မှတ်ထားကြောင်း တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးဆိုင်ရာ ညိဩှနှိုင်းရေးအဖွဲ့ NCCT မှ ပဒိုစောကွယ်ထူးဝင်း က မတ်လ ၅ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲ ရေးဆိုင်ရာ (NCCT)တို့၏ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ၆ ကြိမ်မြောက်ဆွေးနွေးပွဲကို စက်တင်ဘာလ အတွင်း နောက်ဆုံး ပြုလုပ်ခဲ့ပြီးနောက် ဆွေးနွေးပွဲများ ထပ်မံပြုလုပ်ရန်အတွက် ညှိနှိုင်းရာတွင် အခက်အခဲများ ကြုံတွေ့နေရသည်။…
““အခက်အခဲဆိုတာထက် ညှိနှိုင်းဖို့ ကျန်နေတာက တစ်ဖက်နဲ့ တစ်ဖက် ညှိနှိုင်းဖို့အမြင်ချင်း မတူ တဲ့အပေါ်မှာ ပြန်ညှိရတဲ့ သဘောဖြစ်တယ်။ အပစ်အခတ်ရပ်စဲရေး အဆင့်ဆင့်သွားရမယ့် ငြိမ်းချမ်း ရေးဖော်ဆော င်ရေး လုပ်ငန်းအဆင့်ဆင့်ကို သုံးတဲ့ စကားလုံးတွေ လုပ်ဆောင်တဲ့အချက်တွေ အပေါ် နည်း နည်းညှိရ မယ်။ နောက် တစ်ခုက ကြားကာလ အစီအစဉ်၊ နောက်တစ်ချက်က လက်နက်ကိုင်အဖွဲ့က အပစ်အခတ် ရပ်စဲရေးလုပ်ပြီးတဲ့ နောက်ပိုင်း အစိုးရဘက်ကလည်း တစ်ဖက်နဲ့ တစ်ဖက်ပြန်လည် အင်အားတည်ေ ဆာက်ပြီး ပြန်တိုက် မယ်ဆိုရင် မဟုတ်တဲ့ အင်အားစု ဆောင်းမှုကိုလည်း မလုပ်ကြဖို့ဒါက ဆွေးနွေး ရမှာဖြစ်တယ်””ဟုပဒိုစော ကွယ်ထူးဝင်းက ပြောသည်။
လက်ရှိ ဆွေးနွေးရန်အချက် အနည်းငယ်သာ ကျန်ရှိသောကြောင့် လာမည့် ၇ ကြိမ်မြောက် ဆွေးနွေးပွဲ၌ အပြီး အပြတ်ဆွေးနွေးရန် ရည်ရွယ်ထားပြီး မတ် ၁၆ရက်တွင် စတင်မည်မှာ သေချာသ လောက်ရှိကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောသည်။
““တိုင်းရင်းသား NCCT ခေါင်းဆောင်တွေနဲ့ ၀န်ကြီးဦးအောင်မင်းတို့ သတ်မှတ်ထား တာကတော့ ၁၆ရက်နေ့ စမယ်။ ၅ ရက်လောက် သတ်မှတ်ထားတာပေါ့။ ပြီးတာက တော့ ၄ရက်နဲ့လည်း ပြီးရင်ပြီးမယ်။ ၃ရက်နဲ့ လည်း ပြီးရင်ပြီးမယ်။ သေချာတာက ၁၆ ရက်နေ့ ပိုသေချာတယ်။ ကျန်တာကတော့ ၈ ချက် လောက်ပဲကျန်မယ် ဆိုတော့ အပြီး အပြတ် ဆွေးနွေးနိုင်ဖို့ မျှော်လင့်တာပေါ့””ဟု ဦးလှမောင်ရွှေက မြန်မာ သံတော်ဆင့်သို့ ပြော သည်။
စက်တင်ဘာလ အတွင်းက ပြုလုပ်ခဲ့သော NCCT နှင့် UPWC တို့ ၏ ၆ကြိမ်မြောက်ဆွေးနွေးပွဲတွင် တပ်မ တော်မှ ခေါင်းဆောင်များ ပါဝင်လာခဲ့ပြီး ယခင်သဘောတူညီထားသည့် အချက်များ အား ပြန် လည်ဆွေးနွေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်များဘက်က ၎င်းတို့အတွင်း ပြန်လည် သုံးသပ် မည်ဟုဆိုကာ ဆွေးနွေးပွဲရပ်တန့်ခဲ့ပြီး ယခုအချိန်အထိ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများကို ဆက်လက်ပြု လုပ်နိုင်ခြင်းမရှိခဲ့ပေ။
ဝိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment