Monday, March 2, 2015

ပျောက်ဆုံး မလေးရှားလေယာဉ်MH370 ရှာဖွေခြင်းလုပ်ငန်းကို လက်လျော့ ရဖွယ်ရှိ

မလေး ရှားလေကြောင်း လိုင်းမှ MH370 လေယာဉ်  ထူးဆန်း  စွာပျောက် ဆုံးသွားခဲ့ သည်ကို ရှာဖွေလျက် ရှိသည့် လုပ်ငန်းကို သြစတြေးလျနိုင်ငံ ကရေရှည် လုပ်ဆောင်သွားနိုင်မည် မဟုတ်ကြောင်း သြစတြေးလျ ဒုတိယ ဝန်ကြီးချုပ်ပြောပြီး သီတင်းပတ်များအတွင်း လုပ်ငန်းရပ်နားတော့ရန် သင့်မသင့်ကို သြစတြေး လျ၊ တရုတ်နှင့် မလေးရှားနိုင်ငံတို့ ကဆွေးနွေး လျက်ရှိနေသည်။

MH370






ဘိုရင်း ၇၇၇လေယာဉ်ဖြစ် သည့် ယင်း MH370လေ ယာဉ်နှင့် ပတ်သက်ပြီး မည်သည့် သဲလွန်စကိုမျှ တစ်စုံတစ်ရာတွေ့ ရှိသေးခြင်း မရှိသေးပေ။ MH370လေ ယာဉ်သည် စီးနင်း လိုက်ပါသူ ၂၃၉ဦးကို တင်ဆောင် လျက်ပျောက်ဆုံး သွားခဲ့သည်မှာ တစ်နှစ်ခန့် မျှရှိနေပြီး သမိုင်း အဖြစ် အပျက် များတွင် အထူး ဆန်းဆုံး အဖြစ်အ ပျက်ဖြစ်နေသည်။

Mh370လေယာဉ်သည် ပြီးခဲ့သည့်နှစ် မတ်လ ၈ရက်ကပေကျင်းသို့ ဦးတည်ပျံသန်းရန် ကူလာလမ်ပူလေဆိပ်မှ ပျံတက်ပြီး အချိန်မ ကြာမီရေဒါ မှပျောက်ကွယ် သွားခဲ့ခြင်းဖြစ်ပြီး ယခု အချိန်ထိ စုံးစုံးမြုပ်ပျောက် ဆုံးနေခြင်းဖြစ်သည်။  ယင်းလေယာဉ်သည်  လမ်းကြောင်းမှ  မိုင်ပေါင်းများ  စွာသွေဖည်၍ အိန္ဒိယ သမုဒ္ဒရာ အတွင်း ပျက်ကျ သွားခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေး သူများက ယူဆ ထားသည်။

လေယာဉ်ပျောက် ဆုံးမှုကို သြစတြေးလျနိုင်ငံ ပတ်ရှ်မြို့မှ  အနောက်ဖက်  ကီလိုမီတာ  ၁၆၀၀ ခန့်အကွာရှိ ပင်လယ် ကြမ်းပြင်နေရာတွင် စတုရန်း ကီလိုမီတာ ၆၀၀၀၀ ပတ်လည်ကို ရှာဖွေလျက် ရှိခြင်းဖြစ်သည်။ ယင်းနေရာ  တွင်လေယာဉ် ပျက်ကျခဲ့ဖွယ် ရှိသည်ဟု ပညာရှင်များက ယူဆထား ပြီးမေလ မကုန်မီ အပြီး သတ်ဖွယ်ရှိ သည်ဟု ဆိုသည်။

ယခုရှာဖွေရေး ဧရိယာတွင် မတွေ့ရှိခဲ့ပါက ယင်းနယ်ပယ်တွင် ရှာဖွေရေး ဧရိယာကို တိုးချဲ့ကာ စတုရန်း ကီလိုမီတာ ၁ ဒသမ ၁သန်း ဧရိယာအထိ ရှာဖွေမှုများ လုပ်ဆောင်မည် မလုပ်ဆောင်မည်ကို ဆုံးဖြတ်ချက်မချမီ ရှာဖွေရေး လုပ်ငန်းရပ်နားရေး ဆုံးဖြတ်ချက် ကိုဆွေးနွေး ချမှတ်သွား မည်ဖြစ်ကြောင်း သြစတြေးလျ ဒုတိယ ဝန်ကြီးချုပ် ဝါရန်ထရပ်စ် ကပြောခဲ့သည်။


Credit - Mizzima News

No comments:

Post a Comment