~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရန်ကုန်၊ မတ် ၅
လက်ပံတန်းမြို့တွင် ပိတ်ဆို့ခံထားရသည့် ကျောင်းသားသပိတ်စစ်ကြောင်း အခြေအနေများကြောင့် အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)အား မတ်လ (၅)ရက်တွင်
အမျိုးသားလွှတ်တော်၌ ကြားနာ မည့် အစီအစဉ်ကို ပြုလုပ်ရန်မဖြစ်နိုင်ကြောင်း အမျိုးသားလွှတ်တော်သို့ တက်ရောက်ခဲ့ သည့်ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ၉ဦးအနက် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကိုပိုင်ရဲသူက မတ်လ (၅)ရက်တွင် မြန်မာသံတော်ဆင့်သို့ပြောသည်။
““ဥပဒေကြမ်း ကော်မတီဘက်ကတော့ သူတို့ကလွှတ်တော်ရဲ့ အစီအစဉ် အတိုင်းပဲ သွားမယ်ဆိုပြီးပြော တယ်။ ကျွန်တော်တို့ကတော့ လက်ပံတန်း က ကျောင်းသားတွေ အခြေအနေကြောင့် ဆွေးနွေးဖို့ ဘယ်လိုမှ မဖြစ်နိုင် ဘူးဆိုပြီး ထွက်လာခဲ့တယ်။ ဆွေးနွေးဖို့ ဆန္ဒလည်း မရှိဘူး””ဟု ကိုပိုင်ရဲသူက ပြောသည်။…
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)အား ကြားနာမည့်အစီအစဉ်တွင် ဒီမိုက ရေစီ ပညာ ရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ (၁၅)ဦးပါဝင်ရာတွင် ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ ချုပ် (ဗကသ)မှ ကိုယ်စားလှယ်၆ဦးမှာ လတ်တလောတွင် လက်ပံတန်းမြို့ သပိတ်စစ်ကြောင်း ပိတ်ဆို့ခံရမှုတွင် ပါဝင်နေသည့်အတွက် တက်ရောက်နိုင်ခြင်းမရှိဘဲ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်(တကသ) မှ၉ဦး သာ အမျိုးသားလွှတ်တော်သို့ရောက်ရှိခဲ့သည်။
““ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းမှာ ရောက်နေတဲ့ ကျွန်တော်တို့ဗကသ ၆ဦးကပိတ်ဆို့ ခံထားရ တဲ့အတွက် မတက်ရောက်နိုင်တာပါ။ မတက်ရောက်ဘူးလို့ သဘောထားပေးတာ မဟုတ်ပါဘူး။ ဒီကြားနာ ပွဲဟာ ကျွန်တော်တို့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် (၁၅)ဦးလုံး မပါတဲ့အတွက်ပြီး ပြည့် စုံတဲ့ ကြားနာပွဲဖြစ်မှာ မဟုတ်ပါဘူး။ NNER အပါအ၀င် အခြားသော အဖွဲ့အစည်းတွေရဲ့ ရွှေ့ဆိုင်းထားတဲ့ အစီအစဉ်ကိုလည်း လက်ခံတယ်။ ကျွန်တော်တို့အားလုံး ပါဝင်နိုင်အောင် စီစဉ်ပေးသင့်တယ်””ဟု ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဥက္ကဋ္ဌ ကိုကျော်ကိုကိုက မြန်မာသံတော်ဆင့်သို့ ပြောသည်။
လတ်တလောတွင် အစိုးရအာဏာပိုင်များ၏ အင်အားများစွာဖြင့် စည်းအထပ်ထပ်ချ တားဆီးပိတ်ပင် ခြိမ်း ခြောက် အကျပ်ကိုင်မှုများ ရှိနေသဖြင့် သပိတ်မှောက် ကျောင်းသားများ၏ လုံခြုံရေးမှာ အလွန်စိုး ရိမ်နေ ရသည့်အတွက် မတ်လ (၅)ရက်တွင် အမျိုးသားလွှတ်တော်၌ ပြုလုပ်သည့် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေ(မူ ကြမ်း)ကြားနာပွဲသို့ မတက်ရောက်နိုင်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်မှ ဦးဆောင်ချီတက်နေသည့် ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း (ပင်မ/မန္တလေး-ရန်ကုန်)က မတ်လ(၅)ရက်နေ့ တွင် သတင်းထုတ် ပြန်ထားသည်။
အမျိုးသား ပညာရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ကို ကြားနာမည့် အစီအစဉ်များကို ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်များ တက်ရောက်နိုင်ခြင်း မရှိသော်လည်း လွှတ်တော်အနေဖြင့်မူ သတ်မှတ်ထားသည့် အစီအစဉ်အတိုင်းသာ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးခိုင်မောင်ရည်က မတ်လ (၅)ရက်တွင် လွှတ်တော်သို့ ရောက်ရှိခဲ့ သည့် ဒီမိုကရေစီပညာရေး လှုပ်ရှားမှုဦး ဆောင်ကော်မတီဝင် ၉ဦးကို ပြောကြားခဲ့သည်။
““လက်ပံတန်းအခြေအနေနဲ့ ပတ်သက်လို့ လွှတ်တော်အနေနဲ့ ဥပဒေပြုအဖွဲ့အစည်းပါလို့ ပြောခဲ့တယ်။ အုပ်ချုပ် ရေး အာဏာပိုင် တွေနဲ့ဆိုင်တဲ့ အကြောင်း အရာေ တွ တော့ ပြောစ ရာမရှိဘူး။ အဲဒီအခင်း အကျင်း ကြောင့် မတက်နိုင်ဘူးဆို ရင်လည်းနားလည်ပါတယ်။ လွှတ်တော်ရဲ့ အစီအစဉ် အတိုင်းတော့ နောက်အစီအစဉ်တွေက ဆက်လုပ် သွားမှာပါ။ သတင်းကတော့ အမြဲ ထုတ်ပြန်နေမှာပဲ။ အစီအစဉ်အတိုင်း သွားမှာဖြစ်တဲ့ အတွက်ကြား ထဲ ရက်ချိန်းတော့ မရဘူး””ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးခိုင်မောင်ရည်က ပြောသည်။
ပညာရေးပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ကလည်း မတ်(၇)ရက်တွင် ပြုလုပ်မည့် အမျိုးသားလွှတ်တော်ကြားနာပွဲသို့ လက်ရှိရှုပ်ထွေးနေသည့် အခက်အခဲများကြောင့် တက်ရောက်မည့် အစီ အစဉ် အား ရွှေ့ဆိုင်း ကြောင်းမတ်(၄)ရက်က ထုတ်ပြန် ကြေညာ ထားသည်။
““လေးပွင့်ဆိုင် ဆွေးနွေးပွဲနဲ့ လွှတ်တော်မှာ တင်လိုက်တဲ့ ဥပဒေကြမ်းက ကျောင်းသားတွေရဲ့ ဆန္ဒပြ ပွဲတွေ ကြောင့် ဖြစ်ပေါ်လာတာ။ ဒီကျောင်းသားတွေ မပါရင် NNER အနေနဲ့လည်း မသွားသင့်ဘူးလို့ ယူဆတဲ့ အတွက် ကြောင့်ပေါ့။ အခု နောက်ပိုင်း အစိုးရအနေနဲ့က ၄ပွင့် ဆိုင်သဘောတူညီချက်ကို ပျက်ပြယ် အောင် လုပ်လာတဲ့ သဘောထား တွေရှိလာတယ်။ ပြင်ဆင်တဲ့ဥပဒေ ကြမ်းနဲ့မသက်ဆိုင်တဲ့ အခြေအနေ တွေသုံးပြီး ဥပဒေကြမ်း ကိုတိုက်ခိုက်လာတဲ့ အနေအထားတွေ ရှိလာတယ်။ ကျောင်းသားကိုယ်စားလှယ်တွေ အားလုံးပါဝင်တဲ့ စစ်မှန် တဲ့ တွေ့ဆုံဆွေးနွေးပွဲမျိုး ဖြစ်ဖို့လို အပ်ပါတယ်။ လက်ပံတန်းမှာ ပိတ်ဆို့ခံ ထားရတာတွေ ဖယ်ရှားပြီး အဲဒီက ကျောင်းသားခေါင်းဆောင်တွေ လွှတ်တော်ကို လာနိုင်တဲ့အချိန် ကျမှပြန်တက်မှာပါ”” ဟု NNER မှ ဒေါက်တာ သိန်းလွင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
လတ်တလောတွင် ကျောင်းသားသပိတ်စစ်ကြောင်းကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ လက်နက်ကိုင် ရဲတပ်ဖွဲ့က တားဆီးနေသည့်အတွက် အစိုးရအာဏာပိုင်များနှင့် ကျောင်းသားထုအကြား ဖြစ်ပေါ်နေသည့် ထိပ်တိုက်ရင် ဆိုင်တင်းမာမှုများကို ဖြေလျှော့ရန်မှာ လေးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးမှု ဖြင့်သာဖြေရှင်း သင့် ကြောင်း ယခင် အစိုးရလက်ထက် ဗိုလ်ချုပ်ရာထူးဖြင့် ပြည်ထဲရေးဝန်ကြီးတာဝန်ယူခဲ့သူ ယခုပြည်သူ့ လွှတ်တော် ပြည် သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမောင်ဦးက မတ် (၅)ရက်တွင် မြန်မာသံတော် ဆင့်သို့ ပြောသည်။
““သူတို့ ၄ ပွင့်ရှိတာပဲ။ အဲဒီ ၄ ပွင့်ထပ်တွေ့ရင် ပြီးတာပဲလေ။ သူတို့အနေနဲ့ တရားဝင် တောင်းဆို ပိုင်ခွင့်ရှိ တယ်လေ။ နှစ်ဘက်တွေ့ လိုက်ရင်ညှိလို့ရတာပဲ။ အစိုးရဘက်ကလည်း ဒီလောက်ပြတ်ပြတ်ကြီး ပြောထားတာမှ မဟုတ်ဘဲ။ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာ လှုပ်ရှားခွင့်ဆိုတာ ပေးထားတာပဲ။ တို့ကိုင်ခဲ့တဲ့အသင်းအဖွဲ့ ဥပဒေလိုပေါ့။ အသင်းအဖွဲ့ ဥပဒေတောင်မှ တို့အစိုးရဘက်က အများကြီးလျှော့ ပေးလိုက်ရတာပဲ။ ဒါ အမြင် မတူတာပေါ့။ အုပ်ချုပ်ရေး အမြင်နဲ့။ အဲဒါ ကိုညှိလို့ရပါတယ်။ ဘာမှထိပ်တိုက် တိုးစရာမရှိဘူး။ ၄ ပွင့်ပြန်လုပ်ကို လုပ်ရမယ်။ ဒီဘက်ကလည်း ပြောပိုင်ခွင့်ရှိတယ်။ ဟိုဘက်ကလည်း ပြောပိုင်ခွင့်ရှိတယ်။ တိုင်းပြည်ကို လက်နက်ကိုင်ပြီး တော်လှန်ရေးလုပ် ခဲ့ကြတဲ့သူတွေတောင်မှ စားပွဲထိုင် နေကြတဲ့ဟာ။အခုသူတို့ကဒါလက် နက်ကိုင်ပြီး ဆန့်ကျင်ဘက်လုပ် ကြတဲ့အဖွဲ့မှမဟုတ်ဘဲ။ ညှ၊ိလို့ရ တယ်။ သူ့အမြင်နဲ့ကိုယ့်အမြင်ညှိဖို့ ပဲလိုတာ”” ဟု ဦးမောင်ဦးကပြော သည်။
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ရေးရန် တောင်းဆိုသည့် အနေဖြင့် မန္တလေးမြို့မှရန်ကုန်သို့ ချီတက်လာ သည့် ကျောင်းသား သပိတ်စစ်ကြောင်းသည် လေးပွင့်ဆိုင် သဘောတူညီချက်အရ လက် ပံတန်းမြို့သို့ ရောက် ရှိချိန်တွင် ခေတ္တရပ်နားခဲ့ရာမှ လွှတ်တော် ကြားနာမည့် အစီအစဉ်များကိုကြေညာခဲ့ ချိန်တွင်အမျိုးသား ပညာ ရေးဥပဒေကို ပြင်ဆင်ရန် အချိန်ဆွဲခြင်းဖြစ် ကြောင်း၊ ဥပဒေပြင်ဆင်ရေးကို အမြန်ဆုံးပြင်ဆင်ပေးစေ လို ကြောင်း တောင်းဆိုမှုများဖြင့် မတ်လ(၃) ရက်တွင် သပိတ်စစ်ကြောင်းများ ရန်ကုန်သို့ ဆက်လက် ချီတက် ရန် ပြင်ဆင်ခဲ့ကြသည်။
ထိုသို့ ပြင်ဆင်၍ သပိတ်စစ်ကြောင်းများ လက်ပံတန်းမြို့မှ ထွက်ခွာလာချိန်တွင် လက်ပံတန်း ကျွန်းကလေး အနောက်ဘက်ကမ်း တန် ၂၅၀ ဆန်စက်လမ်းထိပ် အရောက်တွင် ရဲတပ်ဖွဲ့ဝင်အင်အား (၃၀၀)ကျော်၏ တား ဆီးခြင်းခံခဲ့ရပြီးနောက် ကျောင်းသားများဘက်မှ အချက် ၈ချက်ပါ ညှိနှိုင်းမှုများကို အစိုးရအာဏာ ပိုင်များ နှင့် ညှိနှိုင်းခဲ့ရာ မအောင်မြင်ဘဲ ထိုင်သပိတ်ဆင်နွှဲ၍ အစာငတ်ခံဆန္ဒပြမှုများပါ ဆက်လက် လုပ်ဆောင်လျက်ရှိ သည်။
သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


No comments:
Post a Comment