ရန်ကုန်၊ မတ် ၂
မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့ရှိ လယ်အင်းကြီး အင်းနေရာကို မိုးကုတ်မြို့ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းက ရုံးခန်း တည်ဆောက်ရန် စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်မှုအပေါ် ဒေသခံများ အနေဖြင့် လက်မခံနိုင်ဘဲ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သော်လည်း ယခုအချိန်အထိ ဖယ်ပေးခြင်း မရှိသေးကြောင်း မိုးကုတ်မြို့နယ်အသင်း အတွင်းရေးမှူး ဦးသန်းဝင်းက မတ်လ(၁)ရက်က ရန်ကုန်မြို့၌ ပြု လုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
လက်ရှိအချိန်တွင် မိုးကုတ်မြို့နယ် ကျောက်မျက် လုပ်ငန်းရှင်များ အသင်းက အဆိုပါနေရာ၌ အဆောက် အအုံ ဆောက်လုပ်ရန် ပန္နက်ရိုက်ထားပြီး ယင်းကဲ့သို့ ပြုလုပ်မှုအပေါ် မိုးကုတ်မြို့နယ် စိမ်းလန်းရေးအဖွဲ့က ဦးဆောင်ကာ ဇန်န၀ါရီ(၁၁)ရက်တွင် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ဇန်န၀ါရီလ(၂၁)ရက်၌ မိုးကုတ်မြို့နယ်၌ အရပ်ဘက် လူ့အဖွဲ့အစည်းများ ပူးပေါင်းကာ မိုးကုတ် ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေး ခေါင်းစဉ်ဖြင့် ထပ်မံ ဆန္ဒဖော်ထုတ်ခဲ့သည်။…
““ဒီအဆောက်အအုံ တစ်ခုပြီးရင် တစ်ခုပြီးတစ်ခု ဆောက်လာလိမ့်မယ်။ အဆောက်အအုံတွေ ဆောက်လာရင် မသန့်ရှင်းတဲ့ ရေတွေက ဒီအင်းထဲပဲ စီးဝင်သွားမှာ၊ အဲဒီလို အညစ်အကြေးရေတွေက အင်းထဲစီးဝင်သွားရင် ဒီအင်းကြီးက ကြာလို့ရှိရင် ရေဆိုးရေညစ်ကန်ကြီး ဖြစ်လာ လိမ့်မယ်။ ရောဂါပိုးမွှားတွေ မွေးတဲ့ ကန်ကြီးဖြစ်လာ လိမ့်မယ်”” ဟု မိုးကုတ်မြို့နယ်အသင်း အတွင်းရေးမှူး ဦးသန်းဝင်းက မြန်မာသံတော်ဆင့် သို့ ပြောသည်။
အဆိုပါနေရာ၌ မိုးကုတ်ကျောက်မျက် လုပ်ငန်းများအသင်း ရုံးခန်းဆောက် လုပ်ရန် မိုးကုတ်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘဌေးက မန္တလေးတိုင်းဝန် ကြီးချုပ်ထံသို့ တင်ပြ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ခွင့်ပြုမိန့် ရယူ ဆောက်လုပ်နေခြင်း ဖြစ်သည်။
““စီမံကိန်းကို ကန့်ကွက်တာ မဟုတ်ပါဘူး။ ဒီအင်းကြီးဟာဒေသရဲ့ သမိုင်းဝင်နေရာ တစ်ခုဖြစ်တယ်။ မိုးကုတ်မြို့ တစ်မြို့လုံးရဲ့ စိတ်အပန်း ဖြေစရာ နေရာလည်းဖြစ်တယ်။ တကယ်လို့ ရုံးခန်းဆောက်လိုက်ရင် နောက်ထပ် ဆင့်ကဲဆင့်ကဲ အဆောက် အအုံတွေ ဖြစ်ပေါ်လာမှာ။ အဲဒါဆိုအများနဲ့ သက်ဆိုင်တဲ့ လမ်းမကြီး ကနေ လှမ်းကြည့်ရင်လည်း အင်းကြီးရဲ့အလှကို လွယ်လွယ်ကူကူ မမြင်ရတော့ ဘူး။ နောက်ပြီး ကျောက်မျက် ရုံးခန်းကကျတော့ ရေပေါ်ရေအောက် ထိန်းသိမ်းခွင့်ဒေသ (၃၀) အတွင်းမှာ ယူထားတဲ့အတွက် အဓိက ကျတယ်လို့ မြင်ပါတယ်””ဟု ဆန္ဒထုတ်ဖော်မှုများတွင် ပါဝင်ခဲ့သူ ကျောက် မျက် လုပ်ငန်းရှင်များ အသင်းမှ အသင်းဝင် ဒေါ်ရင်မေက ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းနာယက ဦးလှအောင်ထံ သို့ဆက်သွယ် မေးမြန်းခဲ့ရာ ““စိမ်းလန်းတစ်ဖွဲ့တည်းက ကန့်ကွက်တာ ဂရုစိုက်ဘူး။ တိုင်းဒေသကြီး အစိုးရက ဆောက် လုပ်ခွင့် ပေးထားတဲ့ အတွက် ဆက်လုပ်မှာပဲ”” ဟု ပြန်လည် ဖြေကြားသည်။ အဆိုပါအင်းမှာ ၁၉၂၅ ခုနှစ်တွင် သဘာဝအလျောက် စတင်ဖြစ်ပေါ်လာခဲ့ပြီး ၁၉၇၅ တွင် သဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့ရသော်လည်း ယခင်အစိုးရ အဆက်ဆက်၏ ပိတ်ပင်တားမြစ်မှုများ ရှိသောကြောင့် ပြုပြင်ပြောင်း လဲခွင့်မရပေ။
ယုဖြူဟန်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment