Saturday, February 28, 2015

လောက်ကိုင်တိုက် ပွဲကြောင့်ကျောက်မျက် တူးဖော်ရေး လုပ်ကွက်များ ရပ် နားထားရ

ရန်ကုန်(မဇ္စျိမ)။    ။လောက်ကိုင် တိုက်ပွဲကြောင့် ကချင်ကျောက်မျက် တူးဖော်ရေး လုပ်ငန်း များကို ထိခိုက်မှု များရှိ လာနေကြောင်းကျောက် မျက်တူးဖော်ရေး ကုမ္ပဏီများ ကပြောသည်။

နယ်မြေမတည်ငြိမ်မှုကြောင့်ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများ ရပ်နားမှုများရှိလာနေပြီး လက်ရှိ အ ချိန် တွင်လုပ်ငန်း ၂၅ရာခိုင်နှုန်းဝန်းကျင်သာ ဆက်လက် တူးဖော်နေ သည် ဟုအောင် စည်းစိမ်ကျောက် မျက် တူးဖော်ရေးလုပ်ငန်းရှင် ဦးအောင် ကြီး ကပြောသည်။

''တိုက်ပွဲမဖြစ်ခင်က လုပ်ငန်း ၁ဝဝ ရှိရင် အခု ၂၅ ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်။ တိုက်ပွဲတွေ ရှိနေတော့ လူတွေက မလုပ်ရဲ ကြတော့ တူးဖော်မှုတွေ ရပ်နားကုန် တာပေါ့''ဟု ၄င်းက ပြောသည်။

ကျောက်မျက်တူးဖော် ခွင့်ပြန်လည်ခွင့်ပြုစဉ် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဦးဆောင် ကြိုးပမ်း မှုဟုဖော်ပြခဲ့သော် လည်းလက်ရှိတိုက်ပွဲများဖြစ်ပွားချိန်တွင်ကျောက် တူး ကုမ္ပဏီလုပ်ငန်းများ၏ အခက် အခဲများအပေါ် အဆိုပါကော်မတီက တစ်စုံတစ်ရာပြန် လည်ဆောင် ရွက်ပေးခြင်းမ ရှိဟုလည်း ၄င်းကဝေ ဖန်သည်။

မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင် အသင်း၏ပြော ဆိုမှုအရ တိုက်ပွဲမဖြစ်ပွားမီ ကာလ အထိကျောက် မျက် တူးဖော်သည့် လုပ်ငန်း ၅ဝ ကျော် အထိ ရှိခဲ့သော်လည်း ယခု အ ချိန်တွင် ကုမ္ပဏီ ၁၅ ခုဝန်းကျင် သာ  ကျန်ရှိတော့ သည်  ဟုယင်းဒေသ အခြေ စိုက်ကျောက်မျက် လုပ်ငန်းရှင် များက ဆိုသည်။

ကျောက်မျက်လုပ်ငန်းရှင် ဦးလဖိုင်ခွန်ဆာက ''နယ်မြေမတည်ငြိမ်ရင် ဘယ်သူကလာလုပ်ရဲမှာလဲ။ လုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်ဖို့ဆို တာဒေသ အခြေစိုက် တာဝန်ရှိ သူတွေက လုံခြုံရေး အာမခံ ချက်ပေးဖို့လို တယ်'' ဟုပြောဆိုသည်။

ယင်းဒေသကျောက်မျက် တူးဖော်ခွင့်ကို ၂ဝ၁၃ ခုနှစ် ဇူလိုင်လ  ရက်စွဲဖြင့် သတ္တု   တွင်းဝန်ကြီး  ဌာနက  စတင် ခွင့်ပြုပေး ခဲ့သော် လည်းဒေသ  အစိုးရ အဖွဲ့အပြင် နယ်မြေ လက်နက်ကိုင် အဖွဲ့  အစည်းများက လုပ်ငန်းရှင် များ၏ လုံခြုံရေး အာမ ခံမှုအပေါ် တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ကြောင်း၊ လက်ရှိတိုက်ပွဲ များပြန်လည်ဖြစ်ပေါ် လာ ချိန်တွင် လည်းလုပ် ငန်ရှင်များမှာ ကိုယ့်လုံခြုံရေး ကိုယ်တာဝန် ယူအနေ အထားဖြင့် ဆက်လက် လုပ်ကိုင်နေ ရကြောင်းကျောက် မျက်ရတနာ တူးဖော်ရေး လုပ်ငန်း ရှင် များက ပြောသည်။

ထိုကဲ့သို့ နယ်မြေမတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်လာပါက လာမည့်ဇွန်လတွင် ကျင်းပမည့် နိုင်ငံတ ကာကျောက် မျက်ပြပွဲကိုပါ ထိခိုက်မှုများရှိလာမည်ဟုလည်း အဆို ပါလုပ်ငန်းရှင်များက ထပ်မံပြောသည်။


Tawm-Loatkung

Credit - Mizzima News

No comments:

Post a Comment