Monday, December 22, 2014

၂၀၁၅ မှာ ဘာတွေဖြစ်မလဲ

 - သော်ဇင်ထက်၊ လင်းမြတ်
ကျွန်တော်တို့ အရှေ့တောင်အာရှရဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဇာတာ အနေအထားအရ ပြောရရင် ကျွန်တော့်အမြင်နဲ့ ဗေဒင်ကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ကိုဖြစ်ရမယ်။

(ဆရာစံဇာဏီဘို)

၂ဝ၁၅ ဆိုတော့ ဂဏန်းဗေဒင်အရဆိုရင် 'ရှစ်'ဂဏန်း လွှမ်းမိုးတဲ့ နှစ်ဖြစ်ပါတယ်။ ၁၉၈၈ လောက် မဆိုးရွားရင်တောင်မှပဲ တစ်ဝက်ဖြစ်စေ၊ သုံးပုံတစ်ပုံဖြစ်စေတော့ နိုင်ငံမှာ အကျပ်အတည်းကြီးတွေ ဖြစ်လာနိုင်တယ်။

(ဆရာဇင်ယော်နီ)

လူသားတို့သည် မိမိတို့၏ အနာဂတ်နှင့် ပတ် သက်ပြီး မည်ကဲ့သို့ဖြစ်လာမည်ကို သိရှိလို စိတ်များရှိကြသည်။ ထို့ကြောင့်လည်း ရှေးမြန်မာဘုရင် များ လက်ထက်ကတည်းက လာမည့် တစ်နှစ်စာကို ကြိုတင် ဟောကိန်းထုတ်လေ့ရှိကာ ''သင်္ကြန်စာ'' ဟူ၍ ပေါ်ပေါက်လာရခြင်းဖြစ်သည်။

မြောက်မြားစွာသော ဗေဒင်ပညာရှင်များ နက္ခတ်ဗေဒပညာရှင်များကလည်း အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်ခြေများကို တွက်ချက် ဟောပြောကြပါသည်။

ယနေ့ခေတ်တွင် နိုင်ငံသားများ၏ အနာ ဂတ်သည် ထိုနိုင်ငံ၏ ကောင်းကျိုးဆိုးကျိုးများ အပေါ် အခြေတည်လေ့ ရှိပါသည်။ မြန်မာ့နိုင်ငံရေး အခြေအ နေသည်လည်း နှစ်ဟောင်းကုန်၍ နှစ်သစ်ကို ကူး ပြောင်းတော့မည် ဖြစ်ပါသည်။ အများဆိုကြသလို မြန် မာ့နိုင်ငံရေးသည် အပြောင်းအလဲများသော ၂ဝ၁၅ ခု နှစ်သို့ ချီတက်ရတော့မည် ဖြစ်သည်။

နာမည်ကျော်ဗေဒင်ပညာရှင် ဆရာစံဇာဏီ ဘိုက ၂ဝ၁၅ ခုနှစ်တွင် ဖြစ်ပေါ်လာနိုင်သော မြန်မာ့နိုင် ငံရေး အခြေအနေများကို သုံးသပ်ဟောပြောခဲ့ပါသည်။

၂ဝ၁၅ ခုနှစ် မြန်မာ့နိုင်ငံရေးအခြေအနေ များနှင့်ပတ်သက်ပြီး ဆရာစံဇာဏီဘိုက ၂ဝ၁၅ ခုနှစ် တွင် အညံ့အဆိုး ဖြစ်ပေါ်နိုင်သော ကာလသုံးခုရှိပြီး ဇန်နဝါရီ ၂၁ ရက်မှ ဖေဖော်ဝါရီ ၁၉ ရက်အတွင်း၊ ဧပြီ ၂၁ ရက်မှ မေ ၂ဝ ရက်အတွင်း၊ အောက်တိုဘာ ၂၁ ရက်မှ နိုဝင်ဘာ ၂ဝ ရက်အတွင်းတို့ ဖြစ်ကြောင်း ဟော ကိန်းထုတ်ပါသည်။

ပထမကာလနှင့် ပတ်သက်ပြီး အ ခြေခံ မဏ္ဍိုင်ကြီးသုံးခုဖြစ်သည့် တရားဥပဒေ စိုးမိုးရေး ဘက်က လျော့ရဲခြင်းများ ကြုံရခြင်း၊ ပြည်တွင်းတည် ငြိမ်မှုနှင့် ပတ်သက်သော ငြိမ်းချမ်းမှုကို ခြိမ်းခြောက် သောပဋိပက္ခများ ဖြစ်ပေါ်လာနိုင်ခြင်း၊ အယူအဆ သ ဘောထားချင်း ပဋိပက္ခဖြစ်မှု အကြောင်းအရာများပါ ဖြစ်ပေါ်လာနိုင်ကြောင်း ယင်းက သုံးသပ်ဟောသည်။

ဆက်လက်ပြီး ဆရာစံဇာဏီဘိုက ''နံပါတ် (၂)ကာလ ဖြစ်တဲ့ ဧပြီ ၂၁ ရက်နဲ့ မေ ၂ဝ ရက်အတွင်း မှာ စားဝတ်နေရေးနဲ့ ပတ်သက်တဲ့ လူထုလူတန်းစား တွေရဲ့ ကွာဟမှုပြဿနာတွေ ဖြစ်မယ်။ အခြေခံလူတန်း စားတွေရဲ့ အနေအထား ယုတ်လျော့ပြီးတော့ သူတို့ တွေရဲ့ အနေအထား အကျပ်အတည်းတွေရှိမယ်။ အ လွန်ကြွယ်ဝတဲ့ သူတွေ ချမ်းသာတဲ့သူတွေရဲ့ စီးပွားရေး တွေမှာလဲ ပျက်ယွင်းခြင်း၊ ယုတ်လျော့ခြင်းတွေ ရှိမယ်။ အဲဒီတော့ သမားရိုးကျ အလယ်အလတ်မှာတော့ လူ တန်းစားရေးရာတွေ ပုံမှန်ဝင်ငွေနဲ့ လည်ပတ်နေသူတွေ အတွက်ကတော့ အဆိုးအညံ့ရှိတယ်။ ကြွယ်ဝသူတို့နဲ့ စီးပွားရေး အားနည်းသူတို့ရဲ့ အညံ့ကြုံဖို့ရှိတယ်။ အဲဒီ ရက်ပိုင်းအတွင်း သဘာဝဘေးဥပဒ်အန္တရာယ်လဲ ဂရု စိုက်ရမယ်။ မီးအန္တရာယ် ဂရုစိုက်ရမယ်။ အဲဒီကာလ မင်းအစိုးရတွေမှာလဲ သတ်မှတ်ထားတဲ့ လုပ်ငန်းရပ်တွေ အကုန်လုံး နောက်ဆုတ်တာ၊ အတားအဆီးတွေနဲ့ ကြုံ လာနိုင်တယ်။ ကုန်ဈေးနှုန်းကို ထိန်းချုပ်နိုင်ခြင်းမရှိတဲ့ အချိန်မှာ ကုန်ဈေးနှုန်းနဲ့ စားဝတ်နေရေး ပြဿနာတွေ ကနေ အခြေတည်ပြီးတော့ ပေါက်ကွဲမှု အရှိန်မြင့်တက် လာနိုင်တယ်။ ပုဂ္ဂလိက လုပ်ငန်းတွေ၊ စက်ရုံတွေမှာ အလုပ်သမားတွေရဲ့ သပိတ်တွေ၊ ဆန္ဒပြမှုတွေဖြစ်ပေါ်မှု အခြေအနေရှိတယ်''ဟု အညံ့အဆိုးများနှင့် ကြုံနိုင် သော ဒုတိယကာလကို ဟောပြောပါသည်။

တတိယကာလဖြစ်သော အောက်တိုဘာနှင့် နိုဝင်ဘာ ၂ဝ ကြားတွင် မြန်မာနိုင်ငံအတွင်း ပဋိပက္ခ နှင့် ယှဉ်ပြိုင်ဘက်များရှိခြင်း၊ ယင်းကာလအတွင်းမှာ ကတိပျက်သော သူများအပေါ် ပြည်သူလူထု၏ ပဋိပက္ခ သက်ရောက်နိုင်သည်ဟု ဆိုသည်။ ထိုကာလတွင် မီဒီ ယာလုပ်ငန်းရပ်များ၊ စာပေလုပ်ငန်းရပ်များတွင် ဖိနှိပ် မှု ချုပ်ခြယ်မှု အလွန်မြင့်မားလာနိုင်ပါသည်ဟု ယင်း က ဟောပြောသုံးသပ်သည်။

''အဲဒီကာလတွေက အဆိုးဆုံးကာလ သုံးခု ပေါ့။ ဒီကာလတွေကို သုံးသပ်ရင် အထင်ရှားဆုံးအချက် က (၁) ၂ဝ၁၅ စစ်ဘက်ဆိုင်ရာမှာ မြန်မာနိုင်ငံကို အာ ဏာသိမ်းခြင်း လုံးဝမဖြစ်နိုင်ဘူး။ စစ်ဘက်၊ တပ်ဘက်နဲ့ ပတ်သက်တဲ့ ဂြိုဟ်အနေအထားရဲ့ သဘာဝမှာ အခုချိန် ဖြစ်တည်နေတဲ့ အနေအထားတွေဟာ နောက်ဆုတ် ခြင်း၊ ရှေ့တိုးရန် ခက်ခဲခြင်း၊ နောက်နိုင်ငံရေးနဲ့ ပတ် သက်တဲ့ အနေအထားထက် တည်ဆောက်မှုအနေအ ထား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းမှု ဆောင်ရွက်ရမယ့် အနေအထားတွေ ရှိလိမ့်မယ်။ ဒီအ နေအထားတွေကို သွားရတဲ့အတွက် တိုင်းပြည်အပေါ် မှာ အုပ်ချုပ်မှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာကို ဆောင် ရွက်ခြင်းကို သူတို့ကိုယ်တိုင် ထိန်းသိမ်းလိမ့်မယ်။ တိုင်း ပြည်အာဏာကို သိမ်းပိုက်ထိန်းချုပ်ခြင်း ပြုခဲ့ရင်တော့ သူတို့ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ တည် ဆောက်မှုနဲ့တကွ အလုံးစုံသောအနေအထားတွေ ပျက် ယွင်းခြင်းကို ကြုံမယ်။ ဒီထက်မက စစ်မက်တွေ ဒီထက် ဖြစ်လာရင် တပ်တွင်းပဋိပက္ခတွေနဲ့ တပ်မတော်မှာလဲ အခြေခံ ပဋိပက္ခလေးတွေ ဖြစ်သွားနိုင်တယ်''ဟု ထပ်မံ သုံးသပ်ဟောပြောခဲ့သည်။

၂ဝ၁၅ တွင် နိုင်ငံရေးအင်အားကြီး အာဏာ ရ ပါတီကြီးအတွင်း ဖရိုဖရဲအခက်များကြားက ထိန်းသိမ်း ရမှုများရှိပြီး အုပ်ချုပ်မှုပိုင်းများတွင် အချင်းချင်းပါတီ တွင်း တိုက်ပွဲများ ဖြစ်လာနိုင်ခြေရှိကြောင်းလည်း ဟော ပြောပါသည်။

မနောမယ ဗေဒင်ပညာရှင်တစ်ဦးဖြစ်သူ ဆရာဇင်ယော်နီကလည်း ၂ဝ၁၅ မြန်မာ့နိုင်ငံရေး အ ခြေအနေများနှင့် ပတ်သက်ပြီး ''၂ဝ၁၅ ဆိုတော့ ဂဏန်း ဗေဒင်အရဆိုရင် ရှစ်ဂဏန်း လွှမ်းမိုးတဲ့နှစ်ဖြစ်ပါတယ်။ ရှစ်ဂဏန်းကို အဆိုးဆိုပြီးတော့ ကောက်ယူကြတယ်။ လူသိများတာက လေးဂဏန်း။ ဆိုးတယ်။ အထူးသဖြင့် ၁၃ ပေါ့။ Unlucky ပေါ့။ ၁၃ ကံမကောင်းတဲ့ ဂဏန်း။

လေးဂဏန်းဆိုတာ စတုရန်းလိုဟာမျိုးဆိုရင် လေးဖက် လေးတန် ဘောင်ခတ်ပစ်လိုက်တာ။ လေးဂဏန်းနဲ့ ပတ်သက်လာရင် အကျပ်အတည်းတွေ ကြုံရတတ် တယ်။ ပေါက်ကွဲမှုတို့၊ ခွဲစိတ်မှုတို့ ကြုံရတတ်တယ်။ ဆိုတော့ ရှစ်ဂဏန်းကလေးရဲ့ အာနိသင် ရှိတယ်ဆို တော့ စတုရန်းနှစ်ခု ဖြစ်နေတယ်။ ဘောင်နှစ်ခုဖြစ်နေ တယ်။ အကျဉ်းအကျပ် နှစ်မျိုးဖြစ်နေတယ်။ အကျပ် အတည်း ကြီးကြီးမားမားနှစ်မျိုး ဖြစ်လာနိုင်တယ်။ နောက် မြန်မာနိုင်ငံမှာ ရှစ်ဂဏန်းနဲ့ ပတ်သက်လို့က ၈ ရက်၊ ၈ လ၊ ၈၈ ခုနှစ်မှာ ပြဿနာကြီးတွေ ဖြစ်ခဲ့ဖူးတယ်။ခုလည်း ၁၉၈၈ တုန်းကလို ရှစ်ဂဏန်းလွှမ်းမိုးတဲ့ နှစ် ကို ပြန်ရောက်လာတာ။

ရှစ်လေးလုံးတော့ မကြုံဘူး ပေါ့။ ဒါပေမဲ့ သုံးလုံးလည်း ကြုံနိုင်တယ်။ နှစ်လုံးလဲ ကြုံ နိုင်တယ်။ အထူးသဖြင့် ၂ဝ၁၅ ခုနှစ် ရှစ်လပိုင်းတို့၊ လေးလပိုင်း စတဲ့ ရှစ်ရက်တို့ လေးရက်တို့ဆိုရင် ပိုသတိ ထားရမယ်။ ကောင်းသောအလားအလာနဲ့ ဆိုးသောအ လားအလာဆိုရင်တော့ ဆိုးသောအလားအလာပဲ။ ၁၉၈၈ လောက် မဆိုးရွားရင်တောင်မှပဲ တစ်ဝက်ဖြစ်စေ၊ သုံးပုံ တစ်ပုံဖြစ်စေတော့ နိုင်ငံမှာ အကျပ်အတည်းကြီးတွေ ဖြစ်လာနိုင်တယ်''ဟု ဟောပြောသည်။

ယင်းက ခေါင်းဆောင်ပိုင်း အပြောင်းအလဲ နှင့် ပတ်သက်ပြီး အကျပ်အတည်းများ ကြုံလာနိုင်ပြီး ထိပ်တိုက် ရင်ဆိုင်မှုများသည် ပြေလည်မှုရရန် ခက်ခဲနေ မည်ဖြစ်ကြောင်း သုံးသပ်ဟောသည်။

''ဘယ်နှပွင့်ပဲဖြစ်ဖြစ်၊ တစ်ဖက်က တစ်ဖက် ကို လုံးဝမလျှော့ဘူး။ လေးဖက်ဆိုလဲ လေးဖက်က မ လျှော့ဘူး။ ပြေလည်သွားမယ်ဆိုတာထက် ထိပ်တိုက် ပဲ တိုးနေမယ်''ဟု ဆရာဇင်ယော်နီက ဆက်ပြီးတော့ ဟောသည်။

ဆရာစံဇာဏီဘိုက မြန်မာနိုင်ငံအတွင်း အ ခြေခံအပြောင်းအလဲများအဖြစ် ဖေဖော်ဝါရီ ၁၉ ရက်မှ မတ် ၂ဝရက်အထိ နိုင်ငံခြားရေးနှင့် ဆက်သွယ်မှုတွင် ပိုမိုပျော့ပျောင်းလာပြီး ဆက်ဆံမှု ပိုမိုအားကောင်းလာ ခြင်း၊ တောင်အာရှ၊ အရှေ့တောင် အာရှဆက်စပ်မှုသာ မက ဥရောပနှင့်အနောက်နိုင်ငံများအထိ ကျယ်ပြန့် ဆောင်ရွက်လာခြင်း၊ နိုင်ငံရေးနှင့် ပတ်သက်သော မူဝါဒ အပြောင်းအလဲများ ရှိလာနိုင်ခြင်း၊ ပြည်တွင်းသို့ ပြည်ပမှ လာရောက်နေထိုင်သူ ပိုမို၍မြင့်မားလာနိုင်သည့်ကာလ ဖြစ်မည်ဟုဟောပြောသည်။

မေ၂၁ရက်မှ ဇွန်၂ဝရက်အတွင်း နိုင်ငံရေး၊ အုပ်ချုပ်ရေးတွင် မူဝါဒ အပြောင်းအလဲများ ဖြစ်လာနိုင် ခြင်း၊ လွှတ်တော်ကဏ္ဍတွင် ထူးခြားမှုများရှိပြီး ပြည်သူ့ လွှတ်တော်၏ အခြေခံမူဝါဒနှင့် အချို့အရာများတွင် ပဋိ ပက္ခဖြစ်ခြင်း၊ အမျိုးသားလွှတ်တော်၏ ရပ်တည်ချက်ပိုင်း တွင် လက်ရှိအုပ်ချုပ်သူအစိုးရကို ဦးစားပေးထောက်ခံမှု ရှိလာနိုင်ပြီး ပြည်သူ့လွှတ်တော်တွင် ပြည်သူ့ဘက်သို့ရပ် တည်၍ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ လွှတ် တော်နှစ်ရပ်ပေါင်းသော ပြည်ထောင်စုလွှတ်တော်တွင် အတွင်းရေးပဋိပက္ခနှင့် ဆောင်ရွက်မှု အခြေအနေများ ရှိ လာနိုင်သည်ဟုဟောသည်။ ဥပဒေရေးရာများတွင် ပြည် သူလူထု၏ တောင်းဆိုမှုအတိုင်း ဖြစ်ပေါ်လာနိုင်ကြောင်း ဆရာစံဇာဏီဘိုက ဆက်လက်ဟောပြောသုံးသပ်သည်။

''တိုင်းပြည်ရဲ့ ပြောင်းလဲမှုက ပြည်သူလူထု ဘက်ကိုဦးတည်တဲ့ လိုလားတဲ့အပြောင်းအလဲလေးတွေ ဖြစ်လာစရာအကြောင်းရှိတယ်''ဟု ယင်းကပြောသည်။ တတိယကာလဖြစ်သော နိုဝင်ဘာ၂၁ရက်နှင့် ဒီဇင်ဘာ ၂ဝ ရက်ကြားတွင် ပြည်သူလူထုဘက်သို့ လိုလားသော အပြောင်းအလဲများ ဖြစ်ပေါ်လာစရာရှိသည်။

လက်ရှိအာဏာရပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် နိုင်ငံရေးပါတီအများ စု၏ အားနည်းချက်များ တည်ရှိနေသည့်ကာလများသည် မတ်၂ဝရက်နှင့် ဧပြီ၂ဝရက်ကြား၊ သြဂုတ်၂ဝရက်နှင့် စက်တင်ဘာ၂ဝရက်ကြားများဖြစ်သည်ဟု ဟောသည်။ ထိုကာလများသည် ပါတီများတွင် အောက်ခြေမှ အထက် ပိုင်းအထိ ပဋိပက္ခများဖြစ်လာနိုင်ခြင်း၊ အခြားသော ဒီမို ကရေစီအင်အားစုများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကိုဆန့်ကျင်သောအဖွဲ့အစည်းများ ပူးပေါင်းပြီး အမျိုး သားညွန့်ပေါင်းအဖွဲ့အစည်းဖြစ်ရန် ကြိုးပမ်းလာနိုင်ခြေ ရှိကြောင်း ဟောကိန်းထုတ်သည်။

''ဖြစ်ပေါ်လာမယ့် အနာဂတ်အကျိုးဆက်လေး တစ်ခုက ၂၁ရက် စက်တင်ဘာ ၂ဝ၁၅နဲ့ အောက်တိုဘာ ၂ဝအတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အနေ အထားကို လူမျိုးစုအဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုအား ပိုအားကောင်းသွားမယ်။ လာမယ့် အနာဂတ်နိုင်ငံရေး ရဲ့ ပါတီကြီးတွေရဲ့လှုပ်ရှားမှုမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအနေ အထားရော အင်န်အယ်လ်ဒီရဲ့အနေအထားပါ ၂ဝ၁၅ မှာ ပါတီတွင်းညီညွတ်ပိုင်းနဲ့ စည်းရုံးရေးပိုင်းတွေမှာ ပြိုကွဲ နေခြင်းတွေနဲ့ရှိနေပြီးတော့ အခွင့်ကောင်းယူပြီး ပွဲလန့်ရင် ဖျာခင်းမယ်ဆိုတဲ့ တတိယအုပ်စုက နှစ်ဖက်ကိုတိုက်ပေး လိမ့်မယ်။ နှစ်ဖက်ကို ပဋိပက္ခဖြစ်အောင် ဝင်တိုက်ပြီးတော့ ရလာတဲ့ အခွင့်အရေးနဲ့ နေရာယူပြီး အသံကောင်းဟစ် ပြီးတော့ ဝင်မယ့် အုပ်စုတစ်စုကလည်း ရလာလိမ့်မယ်။ ဒါပေမဲ့ အဲဒီအုပ်စုရဲ့ရလဒ်ကတော့ သိပ်ပြီးတော့ အခြေ အနေ မကောင်းပါဘူး။ အဲဒီအဖွဲ့အစည်းရဲ့သဘောက နိုင်ငံရေးကောက်ကျစ်စဉ်းလဲမှုနဲ့ နိုင်ငံရေးမာယာများ နေမှုအပေါ် တွေ့ရပါတယ်''ဟု ၂ဝ၁၅ခုနှစ်၏ပါတီနိုင်ငံ ရေးအခြေအနေကို ဟောပြောသည်။

သို့ဖြစ်၍လာမည့် ၂ဝ၁၅ခုနှစ်တွင် နိုင်ငံရေး ကစားပွဲပေါ်သို့ ပါတီကြီးနှစ်ခုကြား ညွန့်ပေါင်းပါတီတစ်ခု ဝင်ရောက်လာနိုင်ခြေရှိသည့်အတွက် ပြည်သူလူထုအနေ ဖြင့် ထိုပေါ်ပေါက်လာမည့်ပါတီအပေါ် သတိဖြင့်ယှဉ် ၍ကြည့်ရမည်ဟု ယင်းကဟောပါသည်။

ရွေးကောက်ပွဲ အနေအထားနှင့်ပတ်သက်ပြီး ဆရာစံဇာဏီဘိုက''လာ မယ့်နှစ်မှာ ရွေးကောက်ပွဲလုပ်ကို လုပ်ဖြစ်လိမ့်မယ်။ ဗေဒင်ကိန်းဂဏန်းရဲ့အနေအထားအရ ရွေးကောက်ပွဲ က သေချာပေါက်ရှိတယ်။ အခြေခံအချက်အားဖြင့် ပေး ထားတဲ့ ကတိစကားတစ်ခုကို ဖျက်မယ့်အနေအထား မတွေ့ရဘူး။

ဒီမိုကရေစီလမ်းကြောင်းကိုသွားနေတဲ့ ရွေး ကောက်ပွဲတစ်ခုကနေ နောက်ရွေးကောက်ပွဲကာလတစ်ခု ကိုလဲ ကျင်းပပေးလိမ့်မယ်။ ပြီးတော့ တစ်ဦးနဲ့တစ်ဦးကို လဲ အာဏာရတဲ့အခြေအနေကနေ အာဏာလွှဲပြောင်း ပေးတဲ့အခြေအနေတစ်ခုကိုလုပ်လိမ့်မယ်။ ဒါပေမဲ့ အာ ဏာလွှဲပြောင်းပေးမှုနဲ့ ပတ်သက်တဲ့ အနေအထားကတော့ ၂ဝ၁၆ခုနှစ်အတွင်းမှာ ကြန့်ကြာပြီးမှဖြစ်လိမ့်မယ်။ ၂ဝ၁၆ ခုနှစ်ဖေဖော်ဝါရီ ၁၉နဲ့ ဧပြီ ၂ဝအတွင်းမှာမှ ဒီကိစ္စဖြစ် လိမ့်မယ်''ဟု ထပ်မံဟောသည်။

နိုင်ငံတော်သမ္မတ မည်သူဖြစ်လာနိုင်သည် ကို ဟောကိန်းထုတ်ရာတွင် ''ကျွန်တော့်ရဲ့ရပ်တည်ချက် က လွန်ခဲ့သောကာလများစွာက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သမ္မတလုပ်မယ်လို့ စတင်ပြောဆိုမှုမတိုင်မီက ပဲ ကျွန်တော့်အမြင်နဲ့ဗေဒင်ကတော့ ဒေါ်အောင်ဆန်းစု ကြည်သည် သမ္မတဖြစ်ကို ဖြစ်ရမယ်ဆိုပြီး ကျွန်တော် အရင်ဦးစွာဟောခဲ့တယ်။ သူပြောလို့ဟောတာ မဟုတ် ဘူး။ သူ့ကိုဖြစ်မယ်လို့ ကျွန်တော်စပြီးဆိုခဲ့တယ်။ ဒီအ ပေါ်မှာ ဖြစ်လိုသူတွေလဲရှိတယ်။ မဖြစ်လိုသူတွေလည်း ရှိတယ်။ လိုလားသူတွေကလည်း တစ်မျိုး၊ မလိုလားသူ တွေကလည်းတမျိုး ဖြစ်နေတယ်။ ဒီအပေါ်မှာတော့ ဘက်လိုက်ပြီးပြောတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အရှေ့တောင်အာရှရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဇာတာ ချင်းအနေအထားအရ ပြောရတာပါ''ဟုဟောသည်။

မြန်မာနိုင်ငံနှင့်အတူ ၁၉၄၈၊ ၁၉၄၉ ခုနှစ် များတွင် လွတ်လပ်ရေးရသည့် ဇာတာချင်းနီးစပ်သော အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံများတွင် အမျိုးသမီးခေါင်းဆောင်များပေါ်ထွန်းခဲ့ပြီး သမ္မတဝန် ကြီးချုပ်များဖြစ်ခဲ့ကြသည့် အတွက် မြန်မာနိုင်ငံတွင်လည်း အမျိုးသမီးခေါင်းဆောင် သမ္မတတစ်ဦး ပေါ်ထွက်လာ မည်မှာ သေချာခြင်းဖြစ်ကြောင်း ယင်းကဟောသည်။

''ဒီလိုအနေအထားနဲ့ ဒီလိုနိုင်ငံတွေနဲ့က ရက် ပိုင်းလေးတွေပဲကွာပြီးတော့ မြန်မာပြည်လည်း လွတ်လပ် ရေးရခဲ့ရင် ဒီလွတ်လပ်ရေးတဲ့အခြေအနေမှာ ကောင်း ကင်မှာတည်ရှိနေတဲ့ ကြယ်တွေ၊ နက္ခတ်တွေရဲ့ အနေ အထားအရဆိုရင် မြန်မာပြည်မှာလည်း အမျိုးသမီးဦး ဆောင်သူတစ်ဦးတစ်ယောက်ကတော့ မြန်မာပြည်ရဲ့ ခေါင်းဆောင်တစ်ဦးတစ်ယောက်ရဲ့အဖြစ်ကို ရောက်မှာ တော့သေချာတယ်။ တစ်ခုတော့ရှိတာပေါ့ မိန်းမကြောက် ပြီး၊ မိန်းမခိုင်းတာ လိုက်လုပ်တဲ့ သီပေါမင်းလိုဘုရင်တက် မယ်ဆိုရင်တော့ ကျွန်တော်မပြောတတ်ဘူး။ အကယ်၍ သာ ယောက်ျားတစ်ဦးတစ်ယောက် တက်ခဲ့ရင်လည်း ထိုအမျိုးသားသည် မိန်းမကြိုးဆွဲရာကရတဲ့ ရုပ်သေးရုပ် လိုဖြစ်မယ်ပေါ့။ ကိန်းဂဏန်းအရတော့ တကယ့်အမျိုး သမီးတစ်ဦး တစ်ယောက်က တက်ရမှာပေါ့''ဟု မြန်မာပြည် တွင် အမျိုးသမီးသမ္မတတစ်ဦး ဖြစ်လာနိုင်ကြောင်းကို ဆရာစံဇာဏီဘိုက ဟောပြောသည်။

၂ဝ၁၅ခုနှစ်သည် ဆိတ်နှစ်ဖြစ်သည့်အတွက် ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှု များပြားလာနိုင်ပြီး မြန်မာတွင်သာမက တစ်ကမ္ဘာလုံးတွင်ပါ ဖြစ်ပေါ်လာ နိုင်ခြေရှိသည်ဟု ယင်းကဟောပြောသည်။ ဘာသာရေး အစွန်းရောက်မှုများ ရှိနိုင်သည့်အတွက် တစ်ဖက်စွန်း ရောက်သည့်အတွေးများကို ရဟန်းရှင် လူများအနေဖြင့် သတိထားသင့်ကြောင်း ဆက်လက်ဟောသည်။ ထို့ကြောင့် တိုင်းပြည်၏ငြိမ်းချမ်းရေးနှင့် ပြည်သူလူထု၏အကျပ် အတည်းကို ပို၍ခက်ခဲသွားစေနိုင်ကြောင်း ဆိုသည်။

၂ဝ၁၅ခုနှစ်တွင် စီးပွားရေးနှင့်ပတ်သက်သည့် အခက်အခဲများတွင် ကြီးကြီးမားမားများ မရှိကြောင်း သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပြီး နာဂစ်ကဲ့သို့ အခြေအနေမျိုးများကြုံတွေ့လာရကိန်းမရှိဘဲ ငလျင် အန္တရာယ်ကိုသာ သတိထားသင့်ပြီး မကြီးမားကြောင်း ဟောသည်။

အလားတူဆရာဇင်ယော်နီက ''အဓိကအခက် အခဲထဲမှာ နံပါတ်တစ်က ကျန်းမာရေးနဲ့ပတ်သက်သော အခက်အခဲ၊ နံပါတ်နှစ်က ထူးထူးခြားခြား တရားစီရင် ရေးဆိုင်ရာ ထူးထူးခြားခြားဖြစ်စဉ်တွေ ကြုံတတ်တယ်။ လူအများကနေ စောင့်ကြည့်နေရတဲ့၊ ကမ္ဘာကနေစောင့် ကြည့်နေရတဲ့ကိစ္စတို့၊ ပြဿနာတို့ ရှိတတ်ပါတယ်။ နံ ပါတ်သုံးကတော့ ဘာသာရေးဆိုင်ရာ ကောင်းတဲ့ဟာ ဖြစ်ရင်လဲဖြစ်မယ်။ ဆိုးတာဖြစ်ရင်လဲဖြစ်မယ်။ ဒါပေမဲ့ ဘာ သာရေးနဲ့ပတ်သက်ပြီး ထူးထူးခြားခြား လှုပ်လှုပ် ရှားရှားတွေ ဖြစ်တတ်ပါတယ်''ဟု ဟောခဲ့သည်။

၂ဝ၁၅ခုနှစ်သည် မြန်မာ့နိုင်ငံရေးတွင် အ ပြောင်းအလဲများသောနှစ် ဖြစ်လာမည်လားဟု ဗေဒင် ဆရာများကတော့ သုံးသပ်ကြပါသည်။

၂ဝ၁၅ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် ရင်ဆိုင်ကြုံတွေ့ခံစားရမည့် ပြည်သူများအတွက်ကတော့ ဆရာဇင်ယော်နီက ''လမ်းညွှန်လေးတစ်ခု ပြောပြရရင် တော့ အရပ်ရှစ်မျက်နှာကို မေတ္တာပို့တဲ့ အလုပ်ကလေး ကို ဖိဖိစီးစီးလုပ်စေချင်ကြပါတယ်။ အဲဒါလေးက ကိုယ်စီ ကိုယ်စီအတွက် ကံလေးကောင်းစေပါလိမ့်မယ်''ဟု အ ကြုံပြုပြောကြားပေးခဲ့ပါသည်။

|───────────Yangon Media Group ──────────|
www.facebook.com/YangonMediaGroup
www.yangonmedia.com

 

 

 

No comments:

Post a Comment