Friday, December 26, 2014

တစ်နိုင်ငံလုံးအပစ်ရပ် လက်မှတ်ထိုးနိုင်ရေး၌ ပြည်သူပါဝင်နိုင်မည့် နည်းလမ်း များကို နိုင်ငံရေး ပါတီ များ ဆွေးနွေးကြမည်ဟုဆို

ရန်ကုန် ၊ ဒီဇင်ဘာ ၂၅ -နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက် မှတ်ရေး ထိုးနိုင်ရေး၌ ပြည်သူလူထု ပါဝင်နိုင်မည့် နည်းလမ်း များကို နိုင်ငံရေး ပါတီများက နှီးနှောဖလှယ် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါနှီးနှောဖလှယ်ပွဲ ကို ဇန်နဝါရီ ၅ရက်တွင် နေပြည်တော် ၌ ညီညွတ်သော ဒီမိုကရက်တစ် ပါတီမှ ဦးဆောင်ပြုလုပ်မည်ဖြစ်ပြီး လက်ရှိ တရားဝင်ရပ် တည်နေသည့် နိုင်ငံရေးပါတီများထံသို့ ဖိတ်ကြား ပြီးဖြစ်ကြောင်း သိရသည်။

''နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ ဆိုတာ နံပါတ်တစ် အပစ်အခတ် ရပ်စဲရေး လုပ်ဖို့လိုတယ်။ အပစ်အ ခတ်ရပ်စဲရေးစာချုပ်ချုပ်ရာမှာ လူထု အသံတွေ ပါဝင်လာဖို့ ကျွန်တော် တို့နိုင်ငံရေးပါတီတွေက နည်းလမ်း တွေစဉ်းစားကြမယ်။ ပါတီတွေက လဲပြောကြပေါ့''ဟု ညီညွတ်သော ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဦးလှ မြင့်က ပြောသည်။

အပစ်အခတ်ရပ်စဲရေး လက် မှတ်ရေးထိုးရာတွင် လူထုပါဝင် လာ ရေးနည်း လမ်းများတွင် နံပါတ်တစ် အချက်မှာ နိုင်ငံရေးပါတီများ အနေ ဖြင့် ရန်ကုန်မြို့တွင် ဆန္ဒထုတ်ဖော် ခြင်း၊ နံပါတ်နှစ်အချက်အနေဖြင့် လူ ထုထောက်ခံလက်မှတ်များကောက် ယူခြင်းနှင့် နံပါတ်သုံး အချက် နိုင်ငံ ရေး ပါတီများ မူဘောင်ရေးဆွဲရေး ကော်မတီတွင် ပါဝင်သည့် ပါတီ ၅၆ပါတီ အနေဖြင့် မြို့နယ်၊ ခရိုင် အလိုက် ငြိမ်းချမ်းရေးကော်မတီ များဖွဲ့စည်းကာ လူထုကို ပညာပေး ခြင်းများပြုလုပ်သင့်ကြောင်း ဦးလှ မြင့်က ပြောသည်။

အထက်ပါနည်းလမ်းများကို လည်း ပြီးခဲ့ သည့် အောက်တိုဘာ လက နိုင်ငံရေးပါတီများနှင့်သမ္မတ တို့ တွေ့ဆုံစဉ်ကလည်း တင်ပြခဲ့ ကြောင်းနှင့် သမ္မတအနေဖြင့်လည်း တတ်နိုင်သည်ကို ကူညီမည်ဟုပြော ကြားသွားကြောင်း သိရသည်။

''ဘယ်အရာမဆိုလူထုပါဝင် လာရင် အောင်မြင်မှုရတာပဲ။ ဒါ ကြောင့် လူထုပါဝင် ဖို့ အစပျိုးတဲ့ သဘောနဲ့တွေ့တာ''ဟု ဦးလှမြင့်က ဆိုသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ နှင့် တစ်နိုင်ငံလုံးအဆင့်အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့တို့၏ တစ် နိုင်ငံလုံးအဆင့်အပစ်အခတ်ရပ်စဲ ရေးစာချုပ် (NCA) စာချုပ်ချုပ်ဆို နိုင်ရေး ဆွေးနွေးနေမှုမှာလည်း အချက်သုံးချက်ခန့် သာ ဆွေးနွေး ရန် ကျန်ရှိတော့ကြောင်း သိရှိရ သည်။

ယင်းအတွက် လာမည့် ဇန်န ဝါရီလလယ်ပိုင်းတွင် ပြန်လည်တွေ့ ဆုံမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၂ ရက် နေ့တွင် ယင်းစာချုပ်ရေးထိုး နိုင်ရေး အတွက် နှစ်ဖွဲ့ စလုံးက ကြိုးစားညှိ နှိုင်းနေကြောင်း သိရသည်။

NTDW
‪#‎Democracytoday‬

No comments:

Post a Comment