လက်ရှိ ဆွေးနွေးနေသော ငြိမ်းချမ်းရေးဆွေး နွေးပွဲများကို နည်းလမ်းပြောင်းဆွေး နွေးသင့်ပြီး မပြောင်းလဲပါက ပြည် တွင်းငြိမ်းချမ်းရေးသည်အလှမ်းဝေး နေဦးမည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောကြားလိုက်သည်။
ဦးခွန်ထွန်းဦးက''အခုဆွေးနွေး ကြတဲ့အခါမှာ MPC မှာက ပြောဆို ခွင့်ပဲ တာဝန်ရှိတယ်။ သူ့မှာဆုံးဖြတ် ပိုင်ခွင့်မရှိဘူး။ လုပ်ပိုင်ခွင့်လဲ မပေး ထားဘူး။ အမှန်ဆိုရင်ဆုံးဖြတ်ပိုင် ခွင့်ရှိတဲ့တပ်မတော်ရယ်၊ MPC ရယ်၊ ငြိမ်းချမ်းရေးအဖွဲ့တွေရယ် ပေါင်းလိုက် မယ်ဆိုရင် တကယ်တမ်းစေတနာမှန်
နဲ့စိတ်မှန်နဲ့ပြောင်းလဲမယ်ဆိုရင်ရနိုင် ပါတယ်။ အခုဖြစ်နေတာက ဆွေး နွေးတာကတစ်မျိုး၊ ဆုံးဖြတ်ချက်ချ တာကတစ်ယောက်ဆိုတော့ ဒီငြိမ်း ချမ်းရေးဟာ နှစ်ပေါင်းတစ်ရာဆိုရင် လည်း မပြီးပါဘူး။ ဆွေးနွေးတဲ့သူ ကို တိကျတဲ့ဆုံးဖြတ်ချက်အာဏာ ပေးထားမှသာ ဒီကိစ္စဟာပြီးလိမ့် မယ်လို့ကျွန်တော်တို့လုံးဝယုံကြည်ပါ တယ်။ ဒါကြောင့်ဆွေးနွေးပုံဆွေး နွေးနည်းတွေေ ပြာင်းသင့်နေပါပြီ။ ဒီလိုသာသွားမယ်ဆိုရင်ငြိမ်းချမ်းရေး ဟာ ဝေးမြဲဝေးနေဦးမှာပဲ။ ဘယ်နည်း နဲ့မှလမ်းစတွေ့မှာ မဟုတ်ပါဘူး''ဟု ပြောသည်။
ဒီဇင်ဘာ၂၂ရက်က ရန်ကုန်မြို့ ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ် သော တိုင်းရင်းသားပါတီရှစ်ပါတီ ဖြင့်ဖွဲစည်းထားသည့် စည်းလုံးညီညွတ် သောတိုင်းရင်းသားလူမျိုးများမဟာ မိတ်အဖွဲ့(UNA)ညီလာခံတွင် သဘာ ပတိမိန့်ခွန်းပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ငြိမ်းချမ်းရေးအတွက် တပ်မတော်တွင်တာဝန်ရှိကြောင်း တပ် မတော်မှသာ Mindset (သဘော ထား) ပြောင်းလဲမည်၊ အမှန်တကယ် လုပ်ချင်စိတ်ရှိမည် ဆိုပါက ငြိမ်းချမ်း ရေးရရှိနိုင်မည်ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။
ဦးခွန်ထွန်းဦးက''အိပ်ချင်ယောင် ဆောင်တဲ့လူကို နှိုးရခက်တယ်ဆိုတဲ့ အတိုင်း တိုင်းပြည်ရဲ့ပြဿနာကံကြမ္မာ ကဘာလဲဆိုတာ အားလုံးသိတယ်။ ပင်လုံစာချုပ်ပါဆွေးနွေးခဲ့တဲ့ ကတိ ကဝတ်တွေ၊ အချက်တွေကို တိုင်းရင်း သားတွေက လက်ညှိုးထိုးပြောပြ တစိုက်မတ်မတ်တောင်းဆိုလာတယ်။ ဒါပေမဲ့ တပ်မတော်နဲ့အစိုးရက ဒါကို လျစ်လျူရှုခဲ့တယ်။ ဆိုလိုရင်းက အခု ကျွန်တော်တို့မှာဆေးလဲရှိပြီ၊ အနာလဲ သိပြီ။ ဒါပေမဲ့ ဒီဆေးကခါးတယ်။ ကျိတယ်ဆိုပြီးမသောက်ချင်တဲ့သဘော မျိုးနဲ့ ရှောင်ဖယ်ရှောင်ဖယ်လုပ်နေ တယ်ဆိုတဲ့သဘောပဲ''ဟု ပြောကြား သည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေ စီအဖွဲ့ချုပ်ပါတီ၊ ကယန်းအမျိုးသား ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ မွန်အမျိုးသားပါတီ၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ (ရခိုင်အမျိုးသား ပါတီ)၊ ကချင်အမျိုးသားများဒီမိုကရေ စီကွန်ဂရက်ပါတီနှင့် ကရင်အမျိုးသား ပါတီတို့ပါဝင်ဖွဲ့စည်းထားသော UNA အဖွဲ့ညီလာခံကို ဒီဇင်ဘာ၂၂မှ ၂၄ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်သည်။
ညီလာခံတွင် UNA ၏ နိုင်ငံ ရေးအစီရင်ခံစာကို တင်သွင်းဆွေးနွေး ခြင်း၊ ရှေ့လုပ်ငန်းစဉ်များကိုဆွေးနွေး ခြင်း၊ မိတ်ဖက်အဖွဲ့များနှင့်ဆွေးနွေး ခြင်း၊ ဆွေးနွေးပွဲရလဒ်များကိုအတည် ပြုခြင်းစသည်တို့ကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
SYMZ
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
|─────----------------Yangon Media Group ----------──────-|
www.facebook.com/
www.myanmarnewsnetwork.com

No comments:
Post a Comment