ကျိုက်လတ်၊ ဒီဇင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ကြီးမှူး ၍ ၂၀၁၅ ခုနှစ်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများနှင့် အားကစားပြိုင်ပွဲများကို ဇန်န၀ါရီလ ၃ ရက်နေ့နှင့် ၄ရက်နေ့တို့၌ ၂ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
““ကိုယ့်တိုင်းပြည်ကိုလိုနီ ဘ၀ကနေ လွတ်မြောက်ဖို့ ခေတ် အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြတဲ့ သူရဲကောင်းတွေ ရဲ့ လုပ်ဆောင်ချက်တွေကို ဂုဏ်ပြုရမယ်။ လေးစားသောအားဖြင့်ပေါ့။
ဗိုလ်ချုပ်အောင်ဆန်းအထိပေါ့။ ကိုယ် ကျိုးစီးပွားမကြည့်ဘဲ လုပ်ခဲ့ကြတဲ့ သူရဲကောင်းတွေ၊ အာဇာနည်တွေ အများကြီးကိုပေါ့။ သူတို့တွေရဲ့ စွမ်း ဆောင် မှုကြောင့် ကျွန်တော်တို့ တိုင်းပြည် လွတ်လပ်ရေးရခဲ့တာ။ မျိုးဆက်သစ်တွေ၊ လူငယ်တွေကလည်း မြန်မာပြည်ရဲ့ ဒီလိုသမိုင်းစဉ်တွေကို သဘောပေါက်ဖို့ လိုတာပေါ့။ အဲဒီအတွက် ကျင်းပတာပါ””ဟု မြို့နယ် NLD မှ အလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဝင်းနိုင်ကပြောသည်။…
ကျိုက်လတ်မြို့နယ် NLD မှ လွတ်လပ်ရေးနေ့ အခမ်းအနားများကို ကျင်းပရာ၌ ပိုက်ကျော်ခြင်း ပြိုင်ပွဲ၊ ချောတိုင် တက်ပြိုင်ပွဲ၊ ပြေးခုန်ပစ်စသည့် ကစားနည်းများ အပြင် အားကစားနည်း ၁၀ မျိုးခန့် ထည့်သွင်းကျင်းပသွား မည်ဖြစ် ကာ တစ်မြို့နယ်လုံးရှိ မည်သူမဆို ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် မြို့နယ် NLD ပါတီရုံးနှင့် ချိတ်ဆက်၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
အဆိုပါ NLD မှ ကျင်းပမည့် လွတ်လပ်ရေးနေ့ အခမ်းအနားများနှင့် အားကစားပြိုင်ပွဲများ ကျင်းပခြင်းနှင့်စပ် လျဉ်း၍ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် မြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ ခွဲများ သို့လည်း အကြောင်း ကြားစာများ ပေးပို့ထားကြောင်း သိရသည်။
ဇော်နိုင်ဝင်း
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment