ပြည်ထောင်စု အစိုးရနှင့် ပြည် ထောင်စုလွှတ်တော်တို့ ပူးပေါင်း ဆောင်ရွက် သွားမည်ဆိုပါက နိုင်ငံ သားများအတွက် များစွာအကျိုးရှိ မည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ် တော် နာယက သူရဦးရွှေမန်းက ဒီ ဇင်ဘာ ၁၈ ရက် တွင် ပြောဆိုလိုက် သည်။
နိုင်ငံနှင့် နိုင်ငံသားများ၏ အကျိုး စီးပွားတိုးတက်ဖြစ်ပေါ်ခြင်း သည် ပြည် ထောင်စု အစိုးရနှင့် ပြည်ထောင်စု လွှတ်တော်အတွက် လည်း ဂုဏ် သိက္ခာ ပိုမိုမြင့်မားရရှိစေမည်ဖြစ်သဖြင့် ယခု ကဲ့သို့ပြောဆိုရခြင်းဖြစ်ကြောင်း ၎င်း က ဆိုသည်။
လွန်ခဲ့သည့် ၂ နှစ်ခန့်မှ စတင် ကာ လွှတ်တော်နှင့်အစိုးရကြား အား ပြိုင်မှုများ ရှိလာခဲ့သည်ဟု နိုင်ငံရေး သုတေသီတို့ သုံးသပ်နေကြသည်။
၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေး နှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း၊ ၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာ ငွေ အရအသုံး ဆိုင်ရာဥပဒေကြမ်း နှင့် ၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်း တင်သွင်းရေးနှင့် စပ်လျဉ်း သည့် ညှိ နှိုင်း အစည်းအဝေးတွင် ၎င်းက ယခု ကဲ့သို့ပြောကြား ခဲ့ခြင်းလည်းဖြစ်သည်။
ပြည်ထောင်စုလွတ်တော်၏ သက်တမ်းမှာ လာမည့် ဇန်နဝါရီ ၃၁ ရက်တွင် ၄ နှစ် ပြည့်မြောက်ပြီဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏သက်တမ်း မှာလည်း လာမည့်မတ်လ ၃၁ ရက် တွင် ၄နှစ်ပြည့်မြောက်ပြီဖြစ်သည်။
လာမည့် ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ်သည် ပြည်ထောင်စု အစိုးရ က ပြည်ထောင်စု လွှတ်တော် သို့ နှစ်စဉ်တင်သွင်းရမည့် အမျိုးသား စီမံကိန်း ဥပဒေကြမ်း၊ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် အခွန် အကောက် ဆိုင် ရာ ဥပဒေကြမ်းတို့ကို ပြည်ထောင်စု လွှတ်တော် အနေဖြင့် နောက်ဆုံး စိစစ်ခွင့်ပြုပေးရမည်ဖြစ် ပြီး၊ အဆိုပါလုပ်ငန်းမှာ နိုင်ငံနှင့်နိုင်ငံ သား၊ ပြည်သူ များ အကျိုးစီးပွားအ တွက် အကျိုးသက်ရောက်မှု များစွာ ရှိပြီး ပြည်ထောင်စု လွှတ်တော်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့တို့၏ သက် တမ်းအတွင်း လုပ်ဆောင် ချက်များအ တွက် အဆုံးအဖြတ်ပေးမည့် ယခု ကျင်းပသည့် အစည်းအဝေး၏ ရ လဒ်များသည် နိုင်ငံနှင့်နိုင်ငံသားများ ၏အကျိုးစီးပွားအတွက်ဖြစ်သည်ဟု လည်းသူရဦးရွှေမန်းက ပြောသည်။
အဆိုပါ အစည်းအဝေးသို့ ပြည် ထောင်စုလွှတ်တော် ပူးပေါင်းကော်မ တီ ဥက္ကဋ္ဌများ ၊ဒုတိယဥက္ကဋ္ဌများ၊ အ တွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ဘဏ္ဍာ ရေး ဝန်ကြီးဌာနနှင့်အမျိုးသားစီမံကိန်း နှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာန ဒုတိယဝန်ကြီးများ၊ ဒုတိယစာ ရင်းစစ်ချုပ်၊ မြန်မာနိုင်ငံတော် ဗဟို ဘဏ် ဒုတိယ ဥက္ကဋ္ဌတို့တက်ရောက် ဆွေးနွေးခဲ့ကြောင်းလည်းသိရသည်။
ဇော်မင်းထွန်း
The Ladies News Journal
No comments:
Post a Comment