အမျိုးသားလွှတ်တော်မှာ အတည်ပြုထားပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြန်လည်ပေးပို့လာသော PR ဒီဇိုင်းပုံစံ နှစ်မျိုးအနက် တစ်မျိုးကို ရွေးချယ်ဖို့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပြန်လည် တင်သွင်းမယ်လို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီက ပြောပါတယ်။
“အခုလောလောဆယ်တော့ ဘာမှ လုပ်လို့မရသေးဘူး။ လွှတ်တော် အစည်းအဝေးက နားထားတယ်လေ။ ဒါက လွှတ်တော်ဥက္ကဋ္ဌကြီးရဲ့ လုပ်ပိုင်ခွင့်မှန်ပေမယ့် အစည်းအဝေး ပြန်စမယ့် အချိန်ကို စောင့်ရဦးမှာပါ” လို့ သူက ဆက်လက် ပြောဆိုထားပါတယ်။
အဲ့ဒီ PR ဒီဇိုင်းပုံစံနှစ်မျိုးကို အမျိုးသားလွှတ်တော်က အတည်ပြုပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ပေးပို့ခဲ့ပေမယ့် ဒီဇိုင်းပုံစံ တစ်မျိုးတည်းကိုသာ လွှတ်တော်က ရွေးချယ်ပေးပို့ဖို့ ကော်မရှင်က သဘောထားမှတ်ချက်နဲ့ ပြန်လည်ပေးပို့ထားတာပါ။
“အမျိုးသားလွှတ်တော်က နှစ်မျိုးလုံးကို အတည်ပြုပေးတာလေ။ ကြိုက်တာကို ရွေးချယ်ခွင့်ရှိတယ်။ ဥက္ကဋ္ဌကြီးက သူ့သဘောဆန္ဒ တစ်ခုတည်းနဲ့ မလုပ်ချင်လို့ လွှတ်တော်ကို ပြန်တင်ရင်လည်း ပြဿနာမရှိပါဘူး” လို့ ဒေါ်ခင်ဝိုင်းကြည်ကလည်း ဆိုထားပါတယ်။
Credit - The Voice Weekly
No comments:
Post a Comment