Monday, December 22, 2014

လက်ပံတောင်းအဓိကရုဏ်းတွင် သေနတ်ကျည်ထိမှန်သဖြင့် တောင်သူအမျိုးသမီးတစ်ဦး သေဆုံး

လက်ပံတောင်း - လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းနယ်မြေအတွင်း မြေယာလျော်ကြေးယူထားခြင်းမရှိသော လယ်ယာမြေပေါ်တွင် ခြံစည်းရိုးခတ်ခြင်းကို ရွာသားများတားဆီးရာမှ ဒေသခံများနှင့် လုံခြုံရေးရဲတပ်ဖွဲ့တို့အကြား အခြေအနေတင်းမာကာ အဓိကရုဏ်းဖြစ်ပွားခဲ့ရာမှ ကျည်ဆန်ထိမှန်သဖြင့် အမျိုးသမီးတစ်ဦး ဦးခေါင်းပွင့်ကာ ပွဲချင်းပြီးသေဆုံးသွားကြောင်း သတင်းရရှိသည်။

လုံခြုံရေးရဲတပ်ဖွဲ့များ ပစ်ခတ်လိုက်သော သေနတ်ကျည်ထိမှန်သဖြင့် မိုးကြိုးပြင်အလယ်ရွာမှ အသက် (၅၆) နှစ်အရွယ် ဒေါ်ခင်ဝင်းမှာ ဦးခေါင်းပွင့်သေဆုံးသွားခဲ့သည်။ ဒေသခံတစ်ဦး ကျည်မှန်၍ သေဆုံးခဲ့ခြင်း နှင့် ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးသို့ မေးမြန်းရာ ၎င်းတို့ မသိရှိ သေးကြောင်းနှင့် ဖြစ်စဉ်တွင် နိုင်ငံတကာတွင် အဓိကရုဏ်းနှိမ်နင်သော နည်းလမ်းများအတိုင်းသာ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ဒေသခံများဘက်မှ လောက်လေးခွ၊ ခဲများဖြင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဘက်မှလည်း အစပိုင်းတွင် လေးခွဖြင့် တုံ့ပြန်သော်လည်း နောက်ပိုင်းတွင် သေနတ်ဖြင့် အဆက်မပြတ်ပြန်လည်ပစ်ခတ်ကြောင်း ဒေသခံများမှ သတင်းရရှိသည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် လက်ပံတောင်း ဒေသခံများ ထိပ်တိုက တွေ့ဆုံနေကြစဉ် (ဓာတ်ပုံ- မျိုးမင်းဦး)


Credit - 7Day News Journal

 

 

 
 

No comments:

Post a Comment