Tuesday, December 23, 2014

ဖွဲ့စည်းပုံပြင်ဖို့ UNA နဲ့ ၈၈ တို့ အစိုးရကို တိုက်တွန်း

 ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဖို့အတွက် လက်တွေ့ကျ အဖြေထွက်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ပုံစံကို လုပ်ဖို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA နဲ့ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက အစိုးရကို တိုက်တွန်းလိုက်တယ်လို့ UNA နာယက ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ဦးအေးသာအောင်က ပြောပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ဖို့ အတွက် လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင် နဲ့ ၁၂ ပွင့်ဆိုင် ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး UNA နဲ့ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက သူတို့ရဲ့ သဘောထားတွေကို သီးခြားစီ ထုတ်ဖော်ပြောဆိုတာ ဖြစ်ပါတယ်။

“နိုင်ငံရေးအကျပ်အတည်း ဆိုက်နေတဲ့ ကာလမှာ ဘယ်နှပွင့်ဆိုင်ပဲ တွေ့တွေ့ အဓိက အခြေခံရမှာ မြန်မာ့နိုင်ငံရေးမှာ နိုင်ငံရေး အဖွဲ့အစည်းကြီး သုံးခုရှိတယ်။ အဲဒါက တပ်မတော် ပါဝင်တဲ့ အစိုးရ၊ နိုင်ငံရေး ပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေ ဒါတွေကို အခြေခံရမယ်။ ဆွေးနွေးပွဲကလည်း အဖြေထွက်လာမယ့် ဆွေးနွေးပွဲပဲ ဖြစ်ရမယ်” လို့ ဦးအေးသာအောင်က ပြောပါတယ်။

“အကောင်းဆုံးကတော့ ဘယ်နှပွင့်ဆိုင်ပဲ ဖြစ်ဖြစ် အကောင်အထည်ဖော်ဖို့ ဆွေးနွေးပွဲ စဖို့ပဲ လိုတယ်” လို့ ၈၈ မျိုးဆက် ကျောင်းသား ဦးမြအေးက ဆိုပါတယ်။

Credit - The Voice Weekly

No comments:

Post a Comment