လက်ပံတောင်းတောင်ကြေးနီစီမံကိန်းစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာ အကြံပြုချက်တွေအတိုင်း အကောင်အထည်ဖော်မှုကော်မတီက လိုက်နာမှု အားနည်းခဲ့ကြောင်း စစ်ကိုင်းတိုင်းဝန်ကြီးချုပ်က ၀န်ခံပြောဆိုလိုက်သလို ပြီးခဲ့တဲ့ ၂ ရက်က ပဋိပက္ခတွေကို စုံစမ်းစစ်ဆေးဖို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး ဆောင်ရွက်သွားမှာဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက ပြောလိုက်ပါတယ်။
ဒီနေ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ
စစ်ကိုင်းတိုင်းဒေသကြီး NLD ပါတီဝင်တွေနဲ့ တွေ့ဆုံစဉ် ဝန်ကြီးချုပ်က
ပြောခဲ့တာလို့ စစ်ကိုင်းတိုင်း NLD ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်က ပြောပါတယ်။
အဲ့ဒီစုံစမ်းစစ်ဆေးရေးကော်မရှင်ကို
တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှုး ဦးကျော်သူအောင်က
ဦးဆောင်မှာဖြစ်ပြီး ခရိုင်ရဲမှုးကြီး ၊ခရိုင်ဥပဒေအရာရှိတွေ
ပါဝင်မှာဖြစ်ပါတယ်။
စီမံကိန်းဧရိယာအတွင်းမှာ ဝမ်ပေါင်ကုမ္ပဏီဖက်က ခြံစည်းရိုးခတ်တာတွေကို ရပ်ဆိုင်းထားမှာဖြစ်ကြောင်း
နဲ့သေဆုံးသူ ဒေါ်ခင်ဝင်းအတွက် ထိုက်တန်တဲ့ လျော်ကြေးပေးမှာဖြစ်သလို
ဒဏ်ရာရသူတွေကိုလည်း ဆေးကုသပေးသွားမှာ ဖြစ်ကြောင်း တိုင်းဒေသကြီး
ဝန်ကြီးချုပ်က ကတိပေးခဲ့တယ်လို့ ပြောပါတယ်။
Credit - RFA Burmese
No comments:
Post a Comment