လက်ပံတောင်းဒေသမှာ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဒီကနေ့ မနက်ပိုင်းက စတင်ပြီးတော့ ပဋိက္ခဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့က ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။
လယ်ယာမြေလျှော်ကြေး မယူထားတဲ့ လိပ်ခွံတောင် အရှေ့ဘက် ခြံစည်းရိုးကာရံဖို့ ရဲတပ်ဖွဲ့တွေက စက်ယန္တရားတွေနဲ့ ရောက်ရှိလာပြီး အဲဒီရဲတပ်ဖွဲ့ဝင်နဲ့ စက်ယန္တရားတွေကို ဒေသခံတွေက လေးဂွတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။
အဲလို ပစ်ခတ်ပြီးနောက်မှာ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ကနေ စတင်ပြီး ရဲတပ်ဖွဲ့က သေနတ် အဆက်မပြတ် ပစ်ခတ်နေခဲ့ရာ မိုးကြိုးပြင် အလယ်ရွာက အမျိုးသမီးတစ်ဦးရဲ့ ဦးခေါင်းမှာ သေနတ်ထိမှန်ပြီးတော့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ဝန်းကျင်မှာ သေဆုံးသွားခဲ့တာလို့ ဒေသခံတွေဆီက ပြောပါတယ်။
လက်ပံတောင်းဒေသမှာ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း အဲဒီနေရာမှာ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသားနှစ်ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
Credit - The Voice Weekly

No comments:
Post a Comment