ထို့ပြင် စီမံကိန်းဧရိယာထဲတွင် ပါဝင်နေသည့် ဆည်တည်းကျေးရွာကို မီးရှို့  ယခု ည မီးရှို့ မည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် သက်ကြီးများ၊ ကလေးများ အခြား ရွာများဘက်သို့ ထွက်ပြေးနေကြကြောင်း သတင်းရရှိသည်။
ယနေ့ လက်ပတောင်းဒေသသို့ ၈၈မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့ အဖွဲ့အစည်း) မှ ကိုဥာဏ်လင်း၊ မနီလာသိန်း၊ မမီးမီး၊ မနုနုအောင်၊ မနန်းစော၊ မသဉ္ဇာခိုင် နှင့်အတူ မန္တလေးမြို့မှ ဆရာတော် ၁၅ ပါး၊ ဆရာဝန် ၂ ဦး တို့ လည်း ရောက်ရှိနေကြကြောင်း သတင်းရရှိသည်။ မုံရွာဆေးရုံမှ တစ်ဆင့် မွန်းလွဲ ၂ နာရီတွင် ဆည်တည်းရွာသို့ အသွား တုံရွာ အနီးတွင် ရဲအင်အား ၂၀၀ ခန့်မှ ပိတ်ဆို့တားဆီးခံနေရကြောင်း ၈၈ အဖွဲ့မှာ ကိုအံဘွယ်ကျော် က ၄င်း၏ စာမျက်နှာတွင် ရေးသားခဲ့သည်။
တုံရွာအနီးရှိ ရွာသားများ၏ စိုက်ခင်းများအတွင်းသို့ ရဲအင်အားအသုံးပြု၍ ၀မ်ပေါင် ကုမ္ပဏီမှ ၀င်ရောက် ခြံကာရံနေခြင်းကို ယခု မွန်းလွဲ ၃း ၀၀ နာရီ တိုင်အောင် ဆက်လက်ပြုလုပ်နေကြပြီး ဒေသခံများမှာ အော်ဟစ်ငိုကြွေးနေ ကြသည်ဟု တုံရွာမှ သတင်းရရှိပါသည်။
တုံရွာသို့ ရန်ကုန်မှ ရွှေည၀ါဆရာတော်လည်း ရောက်ရှိနေပြီး အခြေအနေ တင်းမာလျက် ရှိကြောင်း သိရှိရပါသည်။ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်က တင်ပြ ထားတဲ့ အစီရင်ခံစာအတိုင်း ၀မ်ပေါင် ကုမ္ပဏီ နဲ့ အစီရင်ခံစာ အကောင်အထည်ဖေါ်ရေး
ကော်မတီက လိုက်နာဆောင်ရွက် ခြင်းမရှိတာကြောင့် ပဋိပက္ခတွေဆက်လက်
ဖြစ်ပွားနေတာဖြစ်သည်ဟု လက်ပတောင်း စုံကော် အဖွဲ့ဝင် NLD ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က RFA သို့ ယနေ့ ပြောကြားခဲ့သည်။
ဓါတ်ပုံ - ဟန်ဝင်းအောင်၊ ဆန်းငြိမ်းဦး၊ အောင်နေမျိုး
The Ladies News Journal










No comments:
Post a Comment