နေပြည်တော်တွင် တည်ဆောက်ပြီးစီးလုဖြစ်သည့် ကျပ်သန်း ခြောက်ထောင် ကျော်တန် ဗိုလ်ရှုသဘင်တွင် သမ္မတက နေရာယူ အလေးပြုခံမည်ဖြစ်သည်။
ဒီမိုကရေစီစနစ်တိုင်းတွင် သမ္မတမှာ တိုင်းပြည်၏ ရာထူးအကြီးဖြစ်သဖြင့် တပ်မတော်မှ အလေးပြုသင့်ကြောင်းအဆိုကို ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသား လွတ်တော်ကိုယ်စားလှယ် ဦးလှဆွေမှ တင်သွင်းခဲ့ရာ ကန့်ကွက်သူ မရှိ ထောက်ခံခဲ့ကြသဖြင့် ၂၀၁၅ ခုနှစ် လွတ်လပ်ရေးနေ့မှ စတင်ကာ ဗိုလ်ရှုခံသဘင်ကို ပြန်လည် ဆင်နွဲတော့မည် ဖြစ်သည်။
လာမည့် ၂၀၁၅ လွတ်လပ်ရေးနေ့တွင် ဗိုလ်ရှုခံ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ ကို နိုင်ငံတော် ဒုတိယ သမ္မတဦးဉာဏ်ထွန်းက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားကြောင်း သိရသည်။
ဗိုလ်ရှုခံ အဆောက်အအုံ ဆောက်လုပ်ရန် လုပ်ငန်းတင်ဒါ မခေါ်ယူဘဲ ပြည်ထောင်စု ၀န်ကြီး ဦးတင့်ဆန်း ပိုင်ဆိုင်သည့် ACE ကုမ္ပဏီအား လုပ်ငန်းအပ်နှံရခြင်းမှာ သမ္မတ အိမ်တော်ဝင်း တွင် ဆောက်လုပ်ရမည်ဖြစ်သဖြင့် နိုင်ငံတော် လုံခြုံရေးအရ အထူး ကိစ္စတစ်ရပ် အနေဖြင့် ခွင့်ပြုချက်ရယူ တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေး ဒုဝန်ကြီး ဦးစိုးတင့် က ၂၀၁၄ အောက်တိုဘာ ၂၈ ရက်တွင် လွှတ်တော်သို့ ရှင်းလင်းခဲ့သည်။
၂၀၁၄ အောက်တိုဘာလက ပြည်ထောင်စုလွှတ်တော်၏ မေးခွန်းထုတ် ဝေဖန်မှုကြောင့် ဗိုလ်ရှုခံ စင်မြင့် ဆောက်လုပ်စရိတ် အမေရိကန်ဒေါ်လာ ၆ သန်းကျော်ကို နိုင်ငံတော် သမ္မတ သီးသန့် ရန်ပုံငွေဖြင့် ပြောင်းလဲကျခံသုံးစွဲမည်ဟု သိရှိရသည်။
Photos - Hmuu Zaw
The Ladies News Journal





No comments:
Post a Comment