Sunday, December 21, 2014

သတင်းမီဒီယာများနှင့် နားလည်ယုံကြည်မှု တည်ဆောက်လိုဟု တပ်မတော်ကဆို

 ရန်ကုန်၊ ဒီဇင်ဘာ ၂၀

မြန်မာနိုင်ငံတွင် အင်အား အတောင့်တင်းဆုံး အဖွဲ့အစည်းဖြစ်သော တပ်မတော် အနေနှင့် သတင်းမီဒီယာများနှင့် အပြန်အလှန် နားလည်ယုံကြည်မှု တည်ဆောက်လိုကြောင်း ဒုတိယ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်မှူးချုပ် စိုးနိုင်ဦးက ပြောကြားသည်။

ရန်ကုန်မြို့ မြဝတီစာပေတိုက်တွင် ဒီဇင်ဘာလ ၂၀ ရက်နေ့က ပြုလုပ်သော တပ်မတော်နှင့် သတင်းမီဒီယာများ အကြား သတင်းစီးဆင်းမှု ချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲတွင် တပ်မတော် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် စိုးနိုင်ဦးက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

တပ်မတော်နဲ့ ပြည်သူများနှင့် တစ်သားတည်း ဖြစ်လာစေရန် မီဒီယာများ၏ ပေါင်းကူးသဖွယ် ဆောင်ရွက်ပေးသော အကူအညီတောင်းလိုပြီး တလွဲအသုံးချရန် ရည်ရွယ်ချက် မရှိပါကြောင်း ဒုတိယ တပ်မတော်လေ့ကျင်ရေး အရာရှိချုပ်က ဆိုသည်။

ပြည်သူများ၏ သတင်းသိရှိပိုင်ခွင့်ကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် အတွက် တပ်မတော် အရာရှိကြီးများနင့် သတင်းမီဒီယာများ ပထမဆုံးအကြိမ် တွေ့ဆုံပွဲတွင် နှစ်ဖက်စလုံးမှ ၅ နာရီကျော်ကြာ အပြန်အလှန် ဆွေးနွေးခဲ့ကြရာ သတင်းမီဒီယာသမားများက သတင်းရယူရတွင် တွေ့ကြုံရသော အခက်အခဲ အခြေအနေများနှင့် သတင်းစီးဆင်းမှု ချောမွေ့လာစေရေးအတွက် ရေတိုရေရှည် ဆောင်ရွက်သွားရမည် အချက်များကို အကြံပြု ဆွေးနွေးခဲ့ကြပြီး တပ်မတော် အရာရှိကြီးများက တပ်မတော်၏ ဦး၊ ရေး၊ ထောက်ဆိုင်ရာ လုပ်ငန်းများ၊ ပြည်သူဆက်ဆံရေးနင့် သတင်းပိုင်းဆိုင်ရာ ကိစ္စများအပြင် ပြန်လည်ဆွေးနွေးခဲ့သည်။

“နှစ်ဖက်စလုံးက ပြည့်ပြည့်ဝဝ နားထောင်ပေးကြတဲ့အတွက် မီဒီယာသမားတွေရဲ့ သဘောသဘာဝကို တပ်မတော်ဘက်က သိသွားသလို့ တပ်မတော်ရဲ့ သဘောသဘာဝကို အတိုင်းအတာတစ်ခု အထိ အပြန်အလှန် သိသွားကြပါတယ်၊ ဆွေးနွေးစရာတွေ ဆက်ရှိသေးတယ် ဆိုတာ နှစ်ဖက်စလုံးက လိုလိုလားလား သေဘောတူကြပါတယ်” ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ အဖွဲ့ဝင် ဦးရဲမင်းဦးက ပြောကြားသည်။

Credit - The Voice Weekly

No comments:

Post a Comment