ရန်ကုန်၊ ဒီဇင်ဘာ ၂၄
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် အကောင်အထည် ဖော်ဆောင် ရွက်မည့် ကော်မတီသည် ယခုအချိန် ထိ ကော်မရှင်၏ အကြံပြုချက်များကို ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသည် ကို တွေ့မြင်နေရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ဒီဇင်ဘာလ၂၄ရက် နေ့နေ့ စွဲဖြင့် ကြေညာချက် ထုတ် ပြန်လိုက်သည်။
ရုန်းရင်းဆန်ခတ်မှုများကို ဖြေရှင်းရန်နည်းလမ်းများ အတိအကျရှိသော်လည်း လိုက်နာမှုမရှိ ခြင်း တို့ကြောင့် နိုင်ငံသားတို့၏ အသက်အန္တရာယ်ကို ထိခိုက်သည့်အဖြစ်များ ဖြစ်ပျက် ရခြင်းဖြစ် ကြောင်းကြေညာ ချက်တွင် ဖော်ပြ ထားသည်။…
ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး အစိုးရနှင့် အကောင်အထည်ဖော် သည့်ကော်မတီတွင် အဓိကတာဝန် ရှိနေ ကြောင်းကို ““ဒေသခံတွေက သဘောမတူတဲ့ လုပ်ငန်းကိုဆောင်ရွက်တဲ့ အတွက်ကြောင့် ဒီပြဿနာတွေက ဆက်ပြီးရှိနေမှာပဲ။ ပြော ချင်တာက စီမံကိန်းကို ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်နေတဲ့ ပုဂ်္ဂိုလ် တွေရော၊ ဒီစီမံကိန်း နဲ့ ပတ်သက်လို့လည်း၊ ဗဟိုကော် မတီအနေနဲ့လည်း စုံစမ်းစစ်ဆေး တာတွေလည်း တင်ပြ ပြီးသွားပြီ အကောင်အထည် ဖော်နေ တဲ့ကော်မတီရော၊ နောက်ထပ်အဓိကကတော့ အစိုးရဘက်မှာ တာဝန်ရှိ တာပေါ့””ဟု NLD ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လည်းဖြစ်၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် လည်း ဖြစ်သူ ဒေါ်ခင်စန်းလှိုင် က မြန်မာသံတော်ဆင့်သို့ပြောသည်။
လက်ပံတောင်းပဋိပက္ခသည် နိုင်ငံအတွက် စိုးရိမ်စရာကောင်းသဖြင့် ထိန်းထိန်းသိမ်းသိမ်းဆောင် ရွက်သင့် ကြောင်းကိုလည်း““လက်ရှိ အခြေအနေအရ ပြောရမယ်ဆိုရင် ဆွေးနွေးညှိနှိုင်းမှုမရှိဘူး။ အာဏာရှင်တွေရဲ့ အကြမ်းဖက်မှုကို ပြည်သူလူထုတွေ ခါးစည်းခံခဲ့ရ ပြီးပြီ။ ဒီလိုအဖြစ် မျိုးတွေ ဖြစ်မှာစိုးလို့ အပြောင်းအလဲ တစ်ခု ကို ဖြစ်စေချင်တဲ့ဆန္ဒ အားလုံးမှာရှိပါတယ်။ ဒီလိုအကြမ်းဖက်လုပ်ရပ်တွေကို မကျူးလွန်ဖို့လိုတယ်””ဟု လည်း NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်းက ဆိုသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအစီရင်ခံစာ အကြံပြုချက် တွင် ကြေးနီစီမံကိန်းကို ဆက်လက်ဆောင် ရွက်မည်ဆိုပါ က ဒေသခံတောင်သူများ၏ နစ်နာချက်ကို ကုစားခြင်း၊ ဒေသခံတောင်သူ များ နှင့် ပူးပေါင်းဆောင် ရွက်ခြင်းများကို လုပ်ကိုင်ရန်အတွက် အကြံပြု ထားသည်။
အဆိုပါ ကြေညာချက်မတိုင်ခင်တွင် လက်ပံတောင်းတောင် ပဋိပက္ခ ဖြိုခွင်းမှုကို ထောက်ခံသည့် သဘောသက် ရောက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမှတ်တံဆိပ်ကို သုံးထားသည့် ကြေညာချက် တစ်စောင် ပေါ် ထွက်လာခဲ့သော်လည်း ယင်းမှာ အတုသာဖြစ်ကြောင်း NLD ပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးက အတည် ပြုခဲ့ပြီး ““ဘယ်ကထွက်လာတာလဲကျွန် တော်တို့လည်း မသိသေးဘူး”” ဟု မြန်မာသံတော် ဆင့်သို့ပြော သည်။
ယင်းမှာ NLD ကို တိုက်ခိုက်လိုခြင်းနှင့်ပါတီအပေါ် လူထုယုံ ကြည်မှုလွဲစေရန် ဆောင်ရွက် ချက် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်စန်းလှိုင်က ဝေဖန်ပြောကြားသည်။
ကြေးနီစီမံကိန်းသည် လူတစ်စုတစ်ဖွဲ့၏ အကျိုးစီးပွားကိုသာ ရှေ့ရှုပြီး ပွင့်လင်းမြင်သာမှုမရှိသော စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ သည် တိုင်းပြည်နှင့်ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ရေရှည်ဖွံ့ဖြိုးတိုး တက်မှုကိုပေါ် ထွန်းစေမည် မဟုတ်ဘဲ မတည်ငြိမ်မှုနှင့်လူ့အခွင့်အရေး ချိုးဖောက်မှုများကိုသာ ဖြစ်ပေါ်စေ မည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းကလည်း ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန် ထားသေးသည်။
သတင်းအဖွဲ့
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment