မြန်မာအမျိုးသမီးများအဖို့အိမ်တွင်းမှာ၊ လမ်းမမှာ၊ ဘတ်စ်ကားပေါ်မှာ နေ့တဓူဝဆိုလို ကြုံတွေ့နေရသည့် အနှောင့်အယှက်များ သည် အမှန်တကယ် ပြစ်မှုမြောက်သည်။ ယင်းနှင့် ပတ်သက်၍အရေးယူဆောင်ရွက်ပေးရန် သက်ဆိုင်ရာဌာနများမှာ တာဝန်ရှိ သကဲ့သို့ ပတ်ဝန်းကျင်ရှိ လူပီုဂ္ဂိုလ်များထံမှလည်း အကူအညီရသင့်သည်။ထို့အပြင် ယင်းပြစ်မှုများကို လုံးဝငြိမ်ခံနေရစရာ မလိုဘဲ အရေးယူမူများ ပြုလုပ်သင့်သည့်အတွက် မိမိတို့ကိုယ်တိုင် ပြစ်မှုမြောက် ကြောင်း သိနားလည်နိုင်ရန် ၁၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အချက်အလက်များကို အကျဉ်းချုပ်၍ တင်ပြလိုက်ပါတယ်။
နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေရေးရာတွင် တန်းတူညီမျှအခွင့်အရေး ရရှိစေရမည်။ ထို့ပြင် ဥပဒေ ၏အကာအကွယ်ကကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်။ (ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၄၇)
နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုး ကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲ၊ ချမ်းသာတို့ ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ။ (ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၄၈)
အမျိုးသမီးများသည် တူညီသော အလုပ်အတွက် အမျိုးသားများ ခံစားခွင့်ရှိသော အခွင့် အရေးနှင့်လစာ တို့ကိုခံစားခွင့်ရှိသည်။(အခြေခံဥပဒေပုဒ်မ ၃၅၀)
မိခင်များ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် ဥပဒေ အရသတ် မှတ် ထားသော သက်ဆိုင်ရာ အခွင့်အရေးများကို အညီအမျှ ခံစားခွင့် ရှိစေရမည်။ (ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၁)
နိုင်ငံတော်သည်အလုပ်အကိုင်ခန့်ထားရာတွင် ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်း ရွေးချယ်တာဝန်ပေးရာ တွင်ဖြစ်စေ သတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်စုံပါ က ပြည်ထောင်စု သမ္မတ မြန် မာနိုင်ငံတော်၏ မည်သည့် နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ၊ ဘာသာ၊ သာသနာ၊ အမျိုးသား၊ အမျိုးသမီးကို အကြောင်းပြု လျက် ရာထူးရွေးချယ်ခန့်ထားခြင်းကို ခွဲခြား မှုမပြု ရ။ သို့ရာတွင် အမျိုးသားများနှင့်သာ လျော်ကန်သင့်မြတ် သည့် ရာထူးတာဝန်များအတွက် အမျိုးသားများအား ရွေးချယ်ခန့်ထားခြင်းကို ဤပုဒ်မအရ အဟန့်အတား မဖြစ်စေရ။ (ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၂)
အမျိုးသမီးတိုင်း စိတ်ပိုင်းဆိုင်ရာ ကာကွယ်ပေးသော ပုဒ်မများ
မြန်မာအမျိုး သမီးများအား ဥပဒေအရကာကွယ် ထားသောဖော်ပြချက် များရှိပါသည်။မြန် မာနိုင်ငံ၏ပြစ်မှု ဆိုင်ရာဥပဒေ တွင် အမျိုးသမီးများအား ကိုယ်ထိ လက်ရောက် မပြောနှင့် ၊ နှုတ် အားဖြင့်ပင် ကာယိနြေ္ဒထိ ခိုက်အောင် ပြောဆိုခွင့်မရှိကြောင်း တားမြစ်ပြဋ္ဌာန်းထား သည်။
ပြစ်မှုဆိုင်ရာဥပဒေပါယောက်ျား၊ မိန်းမအဓိပ္ပာယ်ဖွင့်ဆိုချက်
ယောက်ျားဆိုသည် မှာအသက် အရွယ် ကြီး သည် ဖြစ်စေ၊ ငယ်သည်ဖြစ်စေ လူယောက်ျား ကိုဆိုလိုသည်။ မိန်းမဆိုသည်မှာ အသက် အရွယ်ကြီးသည် ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ လူ မိန်းမကို ဆိုလိုသည်။ (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၀)
မိန်းမတို့၏ကာယိနြေ်္ဒကို ထိခိုက်အောင်ပြုလုပ်ခြင်း
မည်သူမဆို မိန်းမတစ်ဦးဦး၏ ကာယိစော်ကားရန် ကြံရွယ်၍ပြောဆိုခြင်း ပြုသည်တွင်၊ သို့တည်း မဟုတ် အသံပြုသည်တွင်၊ သို့တည်းမဟုတ် ကိုယ်အမူ အရာကိုပြသသည်တွင်၊ သို့တည်းမဟုတ် အရာဝတ္တုစ် ခုခု ကိုပြသည်တွင် ပြောဆိုသော စကားကိုဖြစ်စေ၊ ပြုသော အသံကိုဖြစ်စေ၊ ထိုမိန်းမအားကြားစေရန် ကြံရွယ် လျှင်၊ သို့တည်းမဟုတ် ပြုသောကိုယ် အမူအရာကို ဖြစ်စေ၊ ပြသောအရာဝတ်္ထုကိုဖြစ်စေ၊ ထိုမိန်းမအား မြင် စေရန် ကြံရွယ်လျှင် သို့တည်းမဟုတ် ထိုမိန်းမ၏ ကာယိနြေ္ဒကားရန်ကြံရွယ်၍ ထိုမိန်းမ၏ဆိတ် ကွယ်ရာသို့ ကျူးကျော်လျှင် ထိုသူကို တစ်နှစ်ထိ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်စလုံး ဖြစ်စေ ချမှတ်ရမည်။ (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၉)
အထက်တွင် ဖော်ပြထားသည့်အတိုင်း အမျိုးသမီး များအား နှုတ်၊ ကိုယ်အမူ အရာများဖြင့် ကာယိနြေ္ဒ ထိခိုက် နစ်နာအောင် စော်ကားခြင်း များကြုံတွေ့ ပါက အမျိုးသမီး များသည် ငြိမ်ခံနေစရာ၊ ရှက်ကြောက်နေ စရာမလိုဘဲ မိမိတို့အားပေးထားသော ဥပဒေ၏အခွင့်အရေး ကို ရယူတတ်ရန် ကြိုးစားကြရမည်။
မိမိအား အထက်ဖော်ပြပါ စော်ကားမှုဖြင့် ပြုလုပ်ခံရလျှင် အမျိုးသမီး များသည် နီးစပ်ရာ ရဲစခန်းနှင့် တရားရုံး သို့ သွားရောက်တိုင်ကြားနိုင်ပါသည်။ အနိမ့်ဆုံး ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးတွင်လည်း သွားရောက် အကြောင်းကြားထားပြီး ၎င်းမှ တရားရုံးသို့ ဦးတိုက် လျှောက် ထားတိုင်ကြားနိုင်ပါသည်။ ဦးတိုက်လျှောက် ထားတိုင်ကြားခြင်းဆိုသည်မှာ ပြုကျင့်ခံရသူ (ကာယိနြေ္ဒ ထိခိုက်ခံရသူ)က တရားရုံးတွင် ကိုယ်တိုင်သွားရောက်တိုင်ကြားခြင်းဖြစ်သည်။
အထက်တွင်ဖော်ပြထားသောပြစ်မှုကို ပြစ်မှုမှတ်တမ်း စာအုပ်တွင်ရေးမှတ်ပြီး နောက်ဆက် တွဲဇယားတွင် ဖြည့်သွင်းကာ ဆိုင်ရာ တရားရုံးတွင် တိုင်ကြားရန် လမ်းညွှန်ပေး ရမည်ဖြစ် သည်။ ထိုသို့ လမ်းညွှန်သည့် အခါမှ ရဲစခန်းက အမှုအခင်းကိစ္စကိုစုံစမ်းမေးမြန်းရေးမှတ်ပြီး မှ ရဲအရေးပိုင်မပိုင်ကို ပြောပြလမ်းညွှန်ရန် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၁၅၄ တွင် ပြဋ္ဌာန်း ထားရှိ သည်။ တရားရုံးသို့ မဖြစ်မနေ သွားတိုင်ကြားလျှင် မိမိတို့၏ နစ်နာမှုများကို အကာ အကွယ် ရရှိနိုင်မည် ဖြစ်ပြီး ကျူးလွန် သူမှာ အလုပ်မဲ့ ထောင်ဒဏ် တစ်နှစ်၊ ငွေဒဏ်နှစ်ရပ် စလုံး ကျခံရနိုင်ပါသည်။
၎င်းင်းပုဒ်မ ၅၀၉ ၏ ရည်ရွယ်ချက်မှာ အမျိုးသမီး တစ်ဦး၏ ကာယိကိုစော်ကား ရန်အ ကြံနှင့်ပြော ဆို မှုပြုခြင်းသည် ထိုအမျိုးသမီးအား စိတ်အနှောင့်အယှက် ပြုရာရောက်၍ ဤပုဒ်မကို ပြဋ္ဌာန်း ထားခြင်း ဖြစ်သည်။ ထိုအမျိုးသမီးကို လူအများရှေ့၌ စော်ကားရန်မလို အမျိုးသမီးတစ်ဦး၏ ရှေ့တွင် ပြောဆိုပြုမူခြင်းသည်ပင် ပြစ်မှု မြောက်ကြောင်း ဖော်ပြထား သည်။
မိန်းမကာယိနြေ္ဒစော်ကားခြင်း ဆိုသည်မှာ
မိန်းမ တစ်ဦးအား ကြားစေရန် အကြံဖြင့် ညစ်ညမ်း သောစကား ကိုပြောခြင်း၊ သီချင်းကို ဆိုခြင်း ၊နောက်ပြောင်ခြင်း၊ ညစ်ညမ်းသောဓာတ်ပုံ၊ သို့မဟုတ် ကာတွန်း၊ သို့မဟုတ်အရုပ် ကိုပြသခြင်းစသည်တို့မှာမိန်းမကာယိစော်ကားခြင်းပင် ဖြစ်သည်။ ကိုယ်အင်္ဂါကို လှစ်ပြခြင်း ၊ မဖွယ်မရာသောအမူအရာကို လုပ် ပြခြင်းတို့မှာ လည်း အလားတူကိစ္စရပ်များ ဖြစ်သည်။
ဆိတ်ကွယ်ရာသို့ ကျူးကျော်ခြင်းဆိုသည်မှာ
အမျိုးသမီး၏ ဆိတ်ကွယ်ရာသို့ ထိုအမျိုးသမီး၏ ကာယိနြေ္ဒကိုစော်ကားရန် အကြံနှင့်ဝင် လျှင် ပြစ်မှုမြောက်သည်။ အမျိုးသမီးအခန်းထဲသို့ဝင်ရောက်လျှင် ထိုအမျိုးသမီး ၏ကာယိ ကိုစော်ကားရန် အကြံနှင့် ၀င်ရောက်သည်ဟု ယူဆနိုင်သည်။ တရားခံသည် အမျိုးသမီး ခွင့်ပြုချက်နှင့် ၀င်ရောက်ခြင်းဖြစ်၍သော် လည်းကောင်း၊အခြားလုံလောက်သောအကြောင်း တစ်စုံတစ်ရာရှိ၍သော်လည်းကောင်း ၀င်ရောက်ခြင်း ဖြစ်၍ ပြစ်မှုမမြောက်ဟု ထုချေနိုင် သည်။ အမျိုးသမီးအခန်းအတွင်းသို့ တိတ်တဆိတ်ဝင်ရောက်လျှင် အမျိုး သမီး၏ ကာယ ကိုစော်ကားရန် အကြံမရှိကြောင်း ရှင်းလင်းရန်တာဝန်သည်တရားခံ၌ရှိသည်။ရှင်းလင်းခြင်း မပြုနိုင်က ကာယိနြေ္ဒ ကိုစော်ကားရန် အကြံရှိသည် ဟု ကောက်ယူနိုင်မည် ဖြစ်သည်။
ညစ်ညမ်းသော စကားဖြင့်ဆဲဆိုခြင်း
မည်သူမဆို အခြားသူများ စိတ်ငြိုငြင်အောင်အများ ပြည်သူဆိုင်ရာနေရာ တစ်ခုခုတွင်ညစ် ညမ်းသော ပြု လုပ်မှုတစ်ခုခုကိုပြုလျှင် သို့တည်းမဟုတ် အများပြည်သူဆိုင်ရာ နေရာတစ် ခုခုတွင်ဖြစ်စေ၊ အနီးအနားတွင် ဖြစ်စေ၊ ညစ်ညမ်းသောကဗျာ၊ လင်္ကာ၊ သီချင်း၊စကားအမျိုး မျိုးကို ရွတ်ဆိုခြင်း၊ သီဆိုခြင်း၊ ပြောဆိုခြင်း တစ်ခုခုပြုလျှင် ထိုသူကို သုံးလအထိ ထောင် ဒဏ်တစ် မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေချမှတ်ရမည်။ (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄)
အထက်ဖော်ပြချက်ပုဒ်မတွင် မည်သူမဆိုဟု သုံးနှုန်း ထားသဖြင့် ယောက်ျားက မိန်းမအား လည်းကောင်း၊ မိန်းမအချင်းချင်းလည်းကောင်း၊ ယောက်ျားအချင်းချင်း သော်လည်းကောင်း အများပြည်သူနှင့် သက်ဆိုင်သော နေရာတွင် ညစ်ညမ်းသောစကား၊ သီချင်း၊ ဆဲဆို လျှင် ရဲစခန်းနှင့်တရားရုံးတို့တွင် အရေးယူပေးရန် တိုင်ကြားနိုင်ပါသည်။
အများပြည်သူဆိုင်ရာ နေရာ
ညစ်ညမ်းသောပြုလုပ်မှုကို အများပြည်သူဆိုင်ရာ နေရာ၌ ပြုရန်လိုသည်။ အများပြည် သူတို့ သွား လာရန် အခွင့် အရေး မရှိသော်လည်း သွားလာလေ့ ရှိသည့်နေ ရာလည်း အကျုံး ၀င်သည်။ ညစ်ညမ်းသော သီချင်း သီဆိုခြင်း၊ ညစ်ညမ်းသောစကားပြောဆိုခြင်း စသည့်အပြုအမူကိုမူ အများပြည်သူဆိုင်ရာနေရာ၊ သို့မဟုတ်ထိုနေရာအနီးအနားတွင်ပြု ပါက ဤပုဒ်မနှင့် ငြိစွန်း မည် ဖြစ်သည်။ (ဥပမာ- လမ်း၊ လက်ဖက် ရည်ဆိုင်၊ Shopping Mall)
ညစ်ညမ်းသောပြုလုပ်မှု၊ သီချင်း၊ စကား ဆိုသည်မှာ
အင်္ဂါ ဇာတ်ကို လှစ်ပြခြင်း၊ လူမြင်ကွင်း၌ ကာမ စပ်ယှက်ခြင်း စသည် တို့မှာ ညစ် ညမ်းသောပြုလုပ်မှု ဖြစ်သည် ။ သီချင်း၊ စကားစသည်တို့မှာ ညစ်ညမ်းခြင်းရှိမရှိ ကိုစဉ်း စားရာတို့၌ ထိုသီချင်းစကားတို့တွင် သုံးနှုန်းထား သည့် အသုံးအနှုန်းများအပေါ်မူတည်၍ ဆုံးဖြတ်ရမည် ဖြစ်သည်။ (ဥပမာ - မကြားဝံ့ မနာသာအောင် ကြမ်းတမ်းစွာ ဆဲဆိုမှုတို့ လည်း ပါဝင်သည်။)
စိတ်ကိုငြိုငြင်အောင် ဆိုသည်မှာ
ညစ်ညမ်းသောပြုလုပ်မှုကို ပြုကာမျှဖြင့်၊ ညစ်ညမ်း သောသီချင်း၊ စကားကို သီဆိုခြင်း ၊ ပြော ဆိုခြင်း ပြုကာ မျှဖြင့် ဤပုဒ်မ အရ ပြစ်မှု မမြောက်။ အခြား သူများ အားစိတ် ငြိုငြင်ခြင်း ဖြစ်စေမှသာ ဤပုဒ်မနှင့်အကျုံးဝင် မည် ဖြစ်သည်။
ကိုယ်ထိလက်ရောက် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ကာ ကွယ်ခြင်း
မိန်းမတစ်ဦး ကာယိနြေ်္ဒပျက်စီးစေရန် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း
မည်သူမဆို မိန်းမတစ်ဦး၏ ကာယယိနြေ္ဒ ပျက်စီးစေရန် ကိုယ်ထိ လက်ရောက်ကျူး လွန်ခြင်းမည်သူမဆို မိန်းမတစ်ဦး၏ ကာယိနြေ္ဒပျက်စီးစေ တန်ရာ ကိုသိလျက်နှင့်သော် လည်းကောင်း ထိုမိန်းမကို လက်ရောက်ကျူးလွန်လျှင်သို့တည်းမဟုတ် ပြစ်မှု(ရာဇ၀တ်)မကင်းသော အနိုင်အထက်ပြု မှုကို ပြုလျှင်ထိုသူအား နှစ်,နှစ် အထိထောင်ဒဏ်တစ်မျိုး မျိုး ဖြစ် စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရ မည်။ (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၄)
အထက်တွင် ဖော်ပြထားသကဲ့သို့ ပြုလုပ်ခံရလျှင် အမျိုးသမီးများ အနေဖြင့် နီးစပ်ရာ ရပ်ကွက်အုပ်ချုပ် ရေး မှူးအား အကြောင်းကြား ၍ သော် လည်းကောင်း၊ ရဲစခန်းတွင် လည်းကောင်း အရေးယူပေးရန် တိုင်ကြား နိုင်သည်။ ၎င်းင်းပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၅၄ ၏ ရည်ရွယ်ချက်မှာကာမ ရာဂနှင့်စပ်လျဉ်း၍ အမျိုးသမီးများအားအကာအကွယ်ပြု ထားသည့် ပုဒ်မနှစ်ခုရှိရာ ပုဒ်မ ၃၇၆ မှာ မုဒိမ်းမှုအတွက်ဖြစ်ပြီး ဤပုဒ်မသည်ကာယိနြေ္ဒ ပျက်စီးမှုအတွက် ဖြစ်သည်။
ကာယိနြေ္ဒ ပျက်စီးအောင်ပြုခြင်း ဆိုသည်မှာ
မည်သို့သောပြုလုပ်မှုသည် ကာယိနြေ္ဒပျက်စီးစေသည်ဟု ဥပဒေ သတ်မှတ် ထားခြင်း မရှိသဖြင့် အပြုခဲ့ရသူ အမျိုးသမီး၏ ယဉ်ကျေးမှု၊ အနေ အထိုင်၊ ဓလေ့စရိုက် အပေါ်မူ တည်၍ ကာယိနြေ်္ဒ ပျက်စီးစေ သည့်ပြုလုပ်မှုဟုတ်မဟုတ်ဆိုခြင်းကို ဆုံးဖြတ်ရမည်ဖြစ် သည်။
အနောက်နိုင်ငံယဉ်ကျေးမှုအရ အမျိုးသမီး တစ်ဦး၏ ခါးကိုဖက်ခြင်းသည်ကာယိ ပျက်စီးမှု မြောက်မည်မှာ ယုံမှားဖွယ်မရှိနိုင်ပေ။ အလားတူပင်အိမ် တွင်းပုန်း ကုလားမ၏ မျက်နှာဖုံးကို ဖွင့်ခြင်းနှင့် အနောက်နိုင်ငံ အမျိုးသမီး တစ်ဦး၏ မျက်နှာ ဖုံးကို လှပ်ခြင်း သည်တူနိုင်မည်မဟုတ်ပေ။ မြန်မာ လူမျိုး တို့၏ ဓလေ့အရအမျိုးသမီးတစ်ဦး၏လက်နှင့် ဆံပင်တို့ကို ဆွဲလျှင် ပိုင် စိုးပိုင်နင်းပြုရာကျသဖြင့် ရည်းစားဖြစ်သူက သ၀န်ကြောင် စိတ်ဖြင့် လက်နှင့်ဆံပင်ကိုဆွဲလျှင် ဤ ပုဒ်မအရ ကာယိနြေ္ဒပျက်စီးရာရောက်ကြောင်း စီရင်ထုံးပြုထားသည်။
လက်ရောက်မှု သို့မဟုတ် ပြစ်မှုမကင်းသောအ နိုင်အထက်ပြုမှုသည် အမျိုး သမီး၏ သဘောတူညီချက် မရှိဘဲ ပြုခြင်းဖြစ်မှသာ ဤပုဒ်မအရ ပြစ် မှုမြောက်မည် ဖြစ်သည်။
အရွယ်ရောက်ပြီးဖြစ်သည့် အမျိုးသမီးက ပြုလုပ်မှုကို သဘောတူလျှင် ကာယိနြေ္ဒပျက် စီးမှုဖြင့် အရေးယူခြင်း မပြုနိုင်ကြောင်း စီရင်ထုံးတွင် ဖော်ပြ ထားသည်။ ကြောက်ရွံ့ ၍သော်လည်းကောင်း၊ အကြောင်းရင်း အမှန်ကို မသိ၍သော်လည်းကောင်း၊ အသက် တစ်ဆယ့်ရှစ်နှစ် မပြည့်သေးသည့် ကလေးက သဘောတူခြင်းသည်သော်လည်းကောင်း ဥပဒေအရ သဘောတူခြင်း မဟုတ်၍ ပြစ်မှုမြောက်ကြောင်း စီရင်ထုံးများတွင် ဖော်ပြထား သည်။
အထူးသိသင့်သည့် ဥပဒေပုဒ်မများ
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၂၉၄ ညစ်ညမ်းသောစကားဖြင့်ဆဲဆိုခြင်း
(၃) လအထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်။
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၅၀၉ မိန်းမတို့၏ကာယိနြေ္ဒ ထိခိုက်အောင် ပြုလုပ်ခြင်း
တစ်နှစ်အထိ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ-၃၅၄ ကာယိနြေ္ဒကိုပျက်စီး ရန် အကြံဖြင့် လက်ရောက်မှု (သို့) ပြစ်မှုမကင်းသော အနိုင်အထက်ပြုမှု
နှစ်, နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်။
အထက်ပါ ဥပဒေများ၊ ပုဒ်မများနှင့်ပတ်သက်၍အကျယ်တ၀င့် သိရှိနားလည်ရန်မူ -
(၁) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ။
(၂) အမျိုးသမီးတို့အတွက် ဥပဒေအကာအကွယ်များ။ (Youth Legal Clinic) တို့တွင် ဖတ်ရှုနိုင်ပါသည်
Credit - Mizzima News
Thank you!
ReplyDelete