လွှတ်တော်နှစ်ရပ်က သဘောတူထားသည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ၀ှိုက် ကတ် သို့မဟုတ် ယာယီသတ်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ ဆန္ဒ မဲပေးခွင့်မရှိဟူသည့်
အတည်ပြုချက်အပေါ် နိုင်ငံတော်သမ္မတက လက်မခံဘဲ မဲပေးခွင့် ပြုရန်သဘောထားမှတ်ချက်ကို ပြီးခဲ့သည့် သီတင်းပတ်က လွှတ်တော် သို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။
“ပြည်ထောင်စုလွှတ်တော်ဘက်က ရပ်တည်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လိုက်လျောညီထွေရှိတယ် နိုင်ငံ တော်သမ္မတ ဘက်က ပြန်ကြားချက်က ဖွဲ့စည်းပုံ အခြေခံဥပဒေ အခြေခံမူ ၄၈ ခုမှာပါတဲ့ နံပါတ်ပုဒ်မ ၄ ကို ချိုးဖောက် ရာ ကျတယ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ လိုက်လျော ညီထွေမှု မရှိဘူး’ ဟု ဒေါက်တာအေးမောင်က The Ladies သို့ပြော သည်။
ထို့အတူ ၀ှိုက်ကတ်များ မဲပေးခွင့်ရရန် ဆိုသည်မှာမသေချာကြောင်း ယင်းသည် သမ္မတ တစ်ဦးတည်း၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ ပြည်ထောင်စု လွှတ်တော် သည် ဥပဒေအရအပ်နှင့် ထားသည့် ဥပဒေပြုမှုအာဏာ ပိုင်ဖြစ်ပြီး ဖွဲ့စည်းပုံ ပါ ပြဌားန်ချက်နှင့် ဆိုလျှင် မည်သည့်နည်းနှင့် မျှ ယာယီသက်သေခံလက်မှတ် ၊၀ှိုက်ကတ် ကိုင်ဆောင်သူများ မဲပေးခွင့်မရှိ ၊ မဲပေးခွင့်မရခြင်းကြောင့် သမ္မတ ၏ ပြန်ကြားချက်သည် ပျက်ပြယ်နိုင်သည်ဟု ၎င်း ကဆိုသည်။
“အချုပ်အခြာအာဏာက နိုင်ငံသားများထံမှ ဆင်းသက်တယ် ဆိုရင် နိုင်ငံ သားတွေက ရပိုင်ခွင့် တောင်းပိုင်ခွင့်ရှိတယ် အချုပ်အခြာအာဏာနဲ့ ပတ်သက် ရင်နိုင်ငံသားတွေက အဆုံးအဖြတ်ပြုရမယ့် ပုဂ္ဂိုလ်ဖြစ်တယ် နိုင်ငံသား မဟုတ်သေးတဲ့ ပုဂ္ဂိုလ်တွေက အဆုံးအဖြတ်ပြုရမယ့်အထဲမှာ မပါဘူး နိုင်ငံသား အခွင့်အရေးကို မရအပ်သေးဘူး”ဟု ဒေါက်တာအေးမောင်က ဆက်လက်ပြော သည်။
နိုင်ငံတော်သမ္မတအနေဖြင့် ယာယီသက်သေခံလက်မှတ် သို့မဟုတ် ၀ှိုက်ကတ် ကိုင်ဆောင်သည့် ပုဂ္ဂိုလ်များကို မဲပေးခွင့်ပြုရန်တောင်းဆိုမှု သည် နိုင်ငံရေး ရည်မှန်းချက် ပါဝင်သည်ဟုလည်း ဒေါက်တာအေးမောင်က The Ladies သို့ ဆက်လက်ပြောဆိုခဲ့သည်။
Credit - The Ladies News Journal

No comments:
Post a Comment