ရန်ကုန်၊ ဒီဇင်ဘာ ၂၄
လက်ပံတောင်း ပဋိပက္ခအပေါ် နိုင်ငံပိုင်သတင်းစာများ ၌ ရေးသား ဖော်ပြချက်များသည် တစ်ဖက် စောင်းနင်း ဆန်သဖြင့် ပြင်းပြင်း ထန်ထန် ရှုတ်ချကြောင်း နိုင်ငံရေးအဖွဲ့ အစည်းအချို့က ဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းခြံစည်းရိုး တိုးချဲ့ကာရံရေး လုပ်ငန်း ဆောင်ရွက်ရာတွင် ရွာသူ၊ ရွာသား ၁၀၀ ခန့်အနက် ရွာသား၃၀ခန့်က မြေ ထိုးယာဉ်ရှေ့တွင် ၀မ်းလျား မှောက် တားဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ခြံစည်းရိုးကာရံသည့် လုပ်ငန်းခွင်သုံး
အချက်ပြအလံတိုင် ငယ်များကို မီးရှို့ဖျက်ဆီးကာ လုပ်သား ၁၀ ဦးကို ၀ိုင်းဝန်းပိတ်ဆို့ ထိန်းသိမ်း ထားခဲ့ကြကြောင်း၊ တာဝန်ရှိသူများက တင်းမာမှုကို ညှိနှိုင်းမရဘဲ အန္တရာယ်ဖြစ်မည့် အခြေအနေရောက် လာသောကြောင့် အဓိကရုဏ်းနှိမ် နင်းရေး လက်နက်ဖြစ်သည့် ၁၂ ဗို့ပြောင်းချောသေနတ်ဖြင့် ပစ်ခတ် လူစုခွဲခဲ့ရကြောင်း နိုင်ငံပိုင်သတင်း စာများ ၏ ရေးသားဖော်ပြထားရာ ယင်းအပေါ် ဝေဖန်နေကြခြင်း ဖြစ် သည်။ နိုင်ငံပိုင်သတင်းစာ များ၏ ဖော်ပြချက်သည် လုံးဝ မှားယွင်းနေကြောင်းကို ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂမှ မဖြူနှင်းထွေးက ““ပြည်သူက လုပ်လို့ ဆိုတဲ့ဖော်ပြချက်ကိုက မှားနေတာ။ ပြည်သူက လုပ်နေတာ မဟုတ်ဘူး။ ပြည်သူက လုပ်လည်းမလုပ်ဘူး။ ကိုယ့် လယ်ယာမြေမှာ ကိုယ်အေးအေးချမ်းချမ်း စားသောက်လုပ်ကိုင်ချင်ကြတာ””ဟု ပြောသည်။…
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ သည် မြန်မာနိုင်ငံတွင်နေသည့် တောင်သူ လယ်သမားများကိုမကာ ကွယ်ဘဲ တရုတ် ကုမ္ပဏီကို ကာကွယ်နေခြင်းကို ကန့်ကွက်ရှုတ်ချကြောင်းလည်း သူမက ဆက်လက်ပြောဆိုသည်။
ဝမ်ပေါင်ကုမ္ပဏီက အတင်းအဓမ္မ ခြံစည်းရိုးခတ်နေသည့် မြေနေရာ သည် လျော်ကြေးရယူထား ခြင်း မရှိသည့် မြေများဖြစ်ပြီး ယခုကဲ့သို့ တားဆီးခြင်းမှာ ဥပဒေချိုး ဖောက်ခြင်း မဟုတ်ကြောင်းကိုလည်း ““ဥပဒေချိုး ဖောက် ခဲ့တာ ပြည်သူမဟုတ်ဘူး။ ပြည်သူတွေနဲ့ ညှိနှိုင်းနေတာလည်း ပြီးသေးတာ မဟုတ် ဘူး။ လျော်ကြေးယူထား တာလည်းမဟုတ်တဲ့အတွက် သူများပိုင်နက်ကို ခြံစည်းရိုးခတ် သလို ဖြစ်နေတယ်””ဟု ၈၈ ပွင့်လင်းလူ့ အဖွဲ့ အစည်းမှ လူထုဆက်ဆံရေး ဒုတိယတာဝန်ခံ ဦးဉာဏ်လင်းက ပြောသည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ပါဝင်သူ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်ခင်စန်း လှိုင်ကလည်း ““နှစ်ဦးနှစ်ဖက်ပြေ လည်အောင် ဖြေရှင်းတဲ့ နည်းလမ်းတွေကို မသုံးခဲ့ဘူး။ နှစ်ဦးနှစ်ဖက် ပြေလည်အောင် ဆောင်ရွက်တဲ့လုပ်ငန်းတွေ မရှိခဲ့တဲ့အတွက်ကြောင့် ပြဿနာက ဒီလောက် အောင်ကြီး ထွားလာ တာ။ နိုင်ငံတော်အစိုးရမှာ တာဝန်အရှိဆုံးပါ””ဟု မြန်မာသံ တော်ဆင့် သို့ ပြောသည်။
ကျော်ကျော်မင်း၊ ချမ်းမြေ့ခိုင်
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment