Sunday, December 21, 2014

မသန်စွမ်း မဲဆန္ဒရှင်စာရင်း သီးသန့်ကောက်ယူမယ်

 ၂၀၁၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲမှာ မဲရုံတွေဆီကို မသန်စွမ်းတွေ လာရောက်မဲပေးနိုင်ဖို့ အတွက် မသန်စွမ်း မဲဆန္ဒရှင်စာရင်း သီးသန့်ကောက်ယူမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဒုတိယ ညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ပြောပါတယ်။

“ကျွန်တော်တို့ မဲရုံတွေကို မသန်စွမ်းတွေ ဘယ်လို မဲလာပေးနိုင်မလဲပေါ့။ မျက်မမြင်တဲ့ မသန်စွမ်းဆိုရင် သူ့အတွက် ရွေးချယ်ပိုင်ခွင့်ရှိတယ်။ မဲပေးတဲ့နေရာမှာ သူမလုပ်နိုင်တာကို လုပ်ပေးဖို့ သူယုံကြည်တဲ့ ဆွေမျို၊ အသိတစ်ယောက်ကို ခေါ်လာလို့ရမယ်။ ဒါမှမဟုတ် မဲရုံမှူး၊ မဲရုံက တာဝန်ရှိသူ
တစ်ဦးဦးကိုလည်း ရွေးချယ်လို့ ရတယ်။ နောက်ပြီး ဝှီးချဲနဲ့ လာမယ့်လူတွေ အတွက်ဆိုလည်း ဘယ်လိုလုပ်ပေးနိုင်မလဲ အစရှိသဖြင့် ထည့်သွင်း ဆောင်ရွက်ပေးမှာပါ” လို့ သူက ဆက်လက်ရှင်းပြပါတယ်။

“မသန်စွမ်းတွေ အနေနဲ့ မဲပေးခွင့်မှာ အရင်ကတည်းက ရှိထားပြီး ဖြစ်ပေမယ့် အခု တရားဝင် လုပ်ဆောင်ပေးမယ် ဆိုတော့ ပိုကောင်းတာပေါ့။ နိုင်ငံသားတိုင်း မဲပေးခွင့် အခွင့်အရေး အပြည့်အဝရဖို့ လုပ်ဆောင်ပေးဖို့ တာဝန်ဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ အဓိက တာဝန်ပဲလေ” လို့ NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက မှတ်ချက်ပြု ပြောဆိုပါတယ်။

Credit - The Voice Weekly

No comments:

Post a Comment