၆ ပွင့်ဆိုင်တွင် သမ္မတ၊ ဦးသိန်းစိန်၊ လွှတ်တော်နာယက သူရဦးရွှေမန်းတို့က ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌများ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ယခင်ကြံ့ခိုင်ရေး နာယကအဖွဲ့ဝင်၊ အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကြံ့ခိုင်ရေး ဗဟို အတွင်းရေးမှူး များဖြစ်နေကြခြင်းကြောင့် ကြံ့ခိုင်ရေးဘက်မှ အသာစီးရခြင်း စသော နိုင်ငံရေး ကစားကွက်များကို ကြံ့ခိုင်ရေးလွှတ်တော် နှင့် ကြံ့ခိုင်ရေးအစိုးရတို့က ဟန်ချက် ညီညီ စည်းဝါး တကျ ပုံဖော်နေကြခြင်း (ထိုအထဲတွင် ၁၂/၁၄ ပွင့်များမှာ ရှည်နေမည်စိုး၍ မဖော်ပြတော့ပါ။ အဘယ် ကြောင့်ဆိုသော် ထိုအပွင့်များလေ ကြံ့ဖွံ့များလေပင် ဖြစ်ပါသည်) ဤမျှဆိုလျှင် ကြံ့ခိုင်ရေးပါတီ အတွင်း ကွဲမကွဲ သိလောက်ပါမည် . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နာမည်ကျော် ကြံ့ခိုင်ရေးထိပ်တန်းခေါင်းဆောင်များ၏ ရပ်တည်ချက် “ကျွန်တော်ချစ်တဲ့ပါတီအတွက် …ရှုံးမယ် ဆိုရင်တောင် ပါတီကို ဘယ်တော့မှ မစွန့်ခွာဘူး … ဘက်ပြောင်းပြီး အရွေးချယ် ခံစရာမရှိဘူး” .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မိမိတို့ယုံကြည်ချက်၊ နိုင်ငံရေးခံယူချက်၊ နိုင်ငံရေးရပ်တည်ချက်များကို အသေခံဆုပ်ကိုင်ထားကြသည့် ဦးခင်အောင်မြင့်နှင့် ဦးအောင်သောင်းတို့ ပြောသလို . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လွန်ခဲ့သော သီတင်းပတ်က အစိုးရနှင့် နီးစပ်သော၊ (ယခင်စစ်အစိုးရ၀န်ကြီး တစ်ဦး၏ သားထုတ်သည့်) ဂျာနယ်တစ်စောင်တွင် ကြံ့ခိုင်ရေးပါတီအတွင်း အကွဲအပြဲဇာတ်လမ်းများ ဖြစ်ပေါ်နေကြောင်း၊ ပါတီဥက္ကဋ္ဌ ၂ဦး ဖြစ်သည့် သမ္မတဦးသိန်း စိန်နှင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းပင်လျှင် ၂ ဖွဲ့ကွဲဇာတ်လမ်း၊ ပါတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်နယ်တိုင်း ၀န်ကြီးချုပ်များက တစ်ဖွဲ့၊ ဗဟိုအတိုင်ပင်ခံ ကြီးအချို့ကတစ်ဖွဲ့ ဖြစ်နိုင်ကြောင်း စသည် စသည်ဖြင့်ဇာတ်လမ်းဆင်လျက် ကလောင် အမည် ဗြောင် မဖော်သော ဆောင်းပါးတစ် ပုဒ်မြည်းစမ်းမိပါသည်။ အမှန်တွင်မတော့ အဆိုပါ ကြံ့ခိုင်ရေးအကွဲအပြဲရေးသော ပုဂ်္ဂိုလ်သည် ကြံ့ခိုင်ရေးပါတီ အကြောင်း ထဲထဲဝင်ဝင် မသိသူသာ ဖြစ်နိုင်ပေသည်။ ကြံ့ခိုင်ရေးတွင် ထိပ်တန်းဗဟိုအလုပ်အမှု ဆောင်အချို့ ကပင် ““မိမိတို့သည်ပင်လျှင် အတွင်းစည်းမဟုတ်ကြောင်း”” (ဗဟိုနာယက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ပါတီ၏ မူဝါဒ ရေးရာကိုင်တွယ်ထားသည့်ကိစ္စကို ဆိုလိုလျက်)ထုတ်ပြောရသည် တစ်ချက်၊ ၀က် ၀က်ကွဲမျှ ရှုံးနိမ့်ခဲ့ သော ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲကိုပင် သုံးသပ်ချက်မှာ ““တို့မှာ အစီအမံတွေ အများကြီးရှိတယ်။ ဒါမှင် တက်မိသွားတာ၊ ကြံ့ခိုင်ရေးနှင့် တပ် မတော်ကြား ကတိက၀တ် …”” စသည် တို့ကို အတိအလင်း ထုတ်ဖော် ပြောကြားခဲ့သော နာမည်ကျော် ကြံ့ခိုင်ရေးထိပ်တန်း ခေါင်းဆောင် ဦးအောင်သောင်း၏ ရပ်တည်ချက် ““ကျွန်တော်ချစ်တဲ့ ပါတီအတွက် …””။ ““ရှုံးမယ်ဆိုရင်တောင် ပါတီကို ဘယ်တော့မှ မစွန့်ခွာဘူး …၊ ဘက် ပြောင်းပြီး အရွေးချယ် ခံစရာမရှိဘူး”” စသည်တို့ကို အတိအလင်းထုတ်ဖော်ပြော ကြားခဲ့သော ပါတီထိပ် တန်းခေါင်းဆောင်၊ လက်ရှိအာဏာရ အကြီးအကဲအချို့၊ ““ငါ က သံယောဇဉ် ၃ ခုနဲ့ လုပ်နေတာ၊ အဲဒီ သံယော ဇဉ် ၃ခုက ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်း၊ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ သမ္မတကြီး ဦးသိန်းစိန် …”” ဟူ၍ အတိအလင်းပြောကြား ရပ်တည်လျက်ရှိသည့် ကြံ့ခိုင်ရေး ထိပ်တန်းခေါင်းဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ နာမည်ကျော် ၀န်ကြီးချုပ်ဦးသိန်းအောင် (လက်ရှိလူကြီး အားလုံးနီးပါးထက် တပ်စီနီယာ)၊ ထိုသူ များမှာ ယခင် စစ်အစိုးရမှ ယခုအရပ်သား အစိုးရလက်ထက်တိုင် အာဏာကို ရှည်ကြာဆုပ်ကိုင်ထားသူများဖြစ်ခြင်း၊ တပ် မတော်အစိုးရ၏ လုပ်ရပ်တိုင်းအပေါ် (၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအ၀င်) တပ်မတော်ဆန့်ကျင်ဘက် သဘောထားရှိသည့် NLD ပါတီမှာ အဆိုပါလူကြီးများ၏ လွှတ်တော်ကြီးအတွင်းသို့ NLD ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ပွဲအနိုင်ရ NLD အမတ်အားလုံး ၀င်ခဲ့ခြင်း၊ ကြံ့ခိုင်ရေးအစိုးရက ဖွဲ့စည်း ပေးသည့် လက်ပံတောင်းတောင် ကော်မရှင်တွင် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်က အစိုးရတာဝန် ပေးအပ်သည့်အတိုင်း လိုက်ပါဆောင်ရွက်ခြင်း စသည်တို့မှာ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ၂ ဦးဖြစ်သော လွှတ်တော် နာယက သူရဦးရွှေမန်းနှင့် သမ္မတ ဦးသိန်းစိန်တို့၏ နိုင်ငံရေးကစားကွက်များအတွင်း NLD ရောက်နေကြောင်း ထင်ရှားပေသည်။ထိုအထဲ ဘုမသိ ဘမသိ သူအချို့က ပါတီဥက္ကဋ္ဌ ၀န်ကြီးချုပ်များ ပါတီနှင့်ကင်း ကွာပုံကို ကြံ့ခိုင်ရေးအကွဲအပြဲ ဇာတ်လမ်းထွင် ရေးပြန်ပါသည်။ သာဓကတစ်ခုမှာ ယခင်ကြံ့ခိုင်ရေးရုံးချုပ်၌ရှိသော ဗဟိုအလုပ် အမှုဆောင် ရုံးခန်းများရှိ အသုံးအဆောင် များကို ၎င်းင်းပုဂ်္ဂိုလ်များ အစိုးရတာဝန်ယူ သွား၍ နီးစပ်ရာတို့က အမွေခွဲသယ် ဆောင်ကာ ၎င်းတို့၏ရုံးခန်းများ၌ အသုံးပြုကြပုံ သတင်းအချို့နှင့် သက်ဆိုင်ရာ တိုင်းဒေသ ကြီးနှင့်ပြည်နယ်ကြံ့ ခိုင်ရေးရုံးများတွင် ပါတီဥက္ကဋ္ဌထိုင်ရန် ရုံးခန်းများ စီစဉ်ထားခြင်းကြောင့် ထိုအထဲပါသွားသည့် ဗဟိုအလုပ် အမှု ဆောင်ဝါရင့်ပုဂ်္ဂိုလ်ကြီးများက မိမိတို့ ပါတီရုံးများ၌နေပြီး ဌာနချုပ်နှင့် ထိတွေ့မှု မရှိတော့သည့်အပေါ် ကြံ့ခိုင်ရေး ပါတီဥက္ကဋ္ဌများ အုပ်စုက တစ်ဖက်ဟူ၍ ထင်ရာရေးကြ ပြန်သည်။ အမှန်မှာ ၎င်း တိုင်း/ပြည်နယ် ကြံ့ဖွံ့ဥက္ကဋ္ဌ များက ပုံမှန်အစိုးရအစည်းအဝေးများတွင် ၎င်းတို့ဥက္ကဋ္ဌဖြစ်သော သမ္မတနှင့် တိုက်ရိုက်ထိတွေ့ လမ်းညွှန်မှုနာခံ လျက် ပါတီစည်းရုံးရေးများကို ဒေသတွင်း ပြန်လည်လုပ်ဆောင်ခြင်း၊ တိုင်းနှင့်ပြည် နယ်အသီးသီးသို့ လွှတ် တော်နာယက၊ ပါတီဥက်္ကဋ္ဌကြီး သူရဦးရွှေမန်း စည်းရုံးရေး ဆင်းသည့်အခါ အဆိုပါ ၀န်ကြီးချုပ်ဥက္ကဋ္ဌများကပင် စီစဉ်ပေးရခြင်း၊ ဒေါ်အောင်ဆန်း စုကြည်၏ ၄ ပွင့်ဆိုင် နိုင်ငံရေးဆွေးနွေးပွဲ (သမ္မတ၊ ကာချုပ်၊ ဒေါ်အောင်ဆန်း စုကြည်၊ လွှတ်တော်နာယက)ကို ထပ်မံအကွက်ရွှေ့ကစားသည့် ၆ ပွင့်ဆိုင် ဆွေးနွေးပွဲကို ကြံ့ခိုင်ရေးလွှတ် တော်နှင့် တပ်မတော်သား ကိုယ်စားလှယ်များ၊ NLD တို့အားလုံး တစ်ခဲနက် သဘောတူထောက်ခံခြင်း၌ ကြံ့ ခိုင်ရေးဘက်မှ အသာစီးယူလွှမ်းမိုးထား ခြင်း၊ ၆ ပွင့်ဆိုင်တွင် သမ္မတ၊ ဦးသိန်းစိန်၊ လွှတ်တော်နာယက သူရဦး ရွှေမန်းတို့က ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌများ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခင်ကြံ့ ခိုင်ရေးနာယကအဖွဲ့ဝင်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကြံ့ခိုင်ရေး ဗဟိုအတွင်းရေးမှူးများ ဖြစ်နေ ကြခြင်းကြောင့် ကြံ့ခိုင်ရေးဘက်မှ အသာစီးရခြင်း စသော နိုင်ငံရေးကစားကွက်များကို ကြံ့ခိုင်ရေး လွှတ် တော်နှင့် ကြံ့ခိုင်ရေး အစိုးရတို့က ဟန်ချက်ညီညီ စည်းဝါးတကျ ပုံဖော်နေကြခြင်း (ထိုအထဲတွင် ၁၂/၁၄ ပွင့်များမှာ ရှည်နေမည်စိုး၍ မဖော်ပြတော့ပါ။ အဘယ်ကြောင့်ဆိုသော် ထိုအပွင့်များ လေ ကြံ့ဖွံ့များလေ ပင်ဖြစ်ပါသည်) ဤမျှ ဆိုလျှင် ကြံ့ခိုင်ရေးပါတီအတွင်း ကွဲမကွဲ သိလောက်ပါမည်။ကြံ့ခိုင်ရေး တည်ထောင်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အထက်ပါ ကြံ့ခိုင်ရေး လွှတ်တော်နှင့် ကြံ့ခိုင်ရေး အစိုးရ လူကြီးများ အားလုံး ချစ်၊ ကြောက်၊ ရိုသေကြရာ ထိုအထဲ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးလည်း ပါနေပြန်သည်။ ဤမျှ လောက် ကျစ်လျစ်ခိုင်မာသော နိုင်ငံရေး အင်အားစုကြီးကို မည်သည့်ဆန့်ကျင်ဘက် နိုင်ငံရေးအင်အားစုက ဖြိုလှဲနိုင်ပါမည်နည်း။ သာဓကဆိုရပါလျှင် ထိုင်းနိုင်ငံတွင် ဘုရင့်တော်ဝင်မိသားစုကို ထိ ပါးသူ၊ ပုတ်ခတ်သူ၊ အန်တုသူ မည်သူမဆို နိုင်ငံရေး၌ နေရာမရရုံမျှမက၊ ကျဆုံးကြရသည့် သဘောနှင့် ထပ်တူ ပြု၍ရပေသည်။ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သော တပ်မတော်ခေါင်းဆောင်များက တိုင်းပြည်ကို အုပ် ချုပ်နေခြင်းကိုသာ မုဒိတာ ပွားရပေမည်။ ထိုအထဲ ဗေဒင်ဆရာများက ၁၉၄၈ ဇန်န၀ါရီ ၄ ရက်၊ နံနက် ၄ နာရီ မိနစ် ၂၀ တွင် လွတ်လပ်ရေးကြေညာ သည့် တိုင်းပြည် နက်္ခတ်ကံကြမ်္မာသည် စစ်ရေးအမြင် အားကောင်းခြင်း ကြောင့် မြန်မာပြည်သည် မည်သည့်အခါတွင်မှ စစ်ဘက်ဆိုင်ရာအုပ်စု လွှမ်းမိုးထားခြင်းမှ ကင်းလွတ်၍ မရဟူ၍ ပြောခဲ့ကြခြင်း၊ မြန်မာ့နိုင်ငံရေးသမိုင်းတွင် အာဏာရခဲ့သော အစိုးရအကြီးအကဲများအားလုံး၏ နောက် ဆုံးသွား ရာလမ်း မကောင်းခဲ့ခြင်းကို ဆန့်ကျင်လျက် ကြံ့ခိုင်ရေးပါတီတည်ထောင် သူတပ်မတော်အစိုးရအကြီးအကဲ ဗိုလ် ချုပ်မှူးကြီးသန်းရွှေနှင့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ အနားယူပြီးနောက်ပိုင်း အေးချမ်းစွာနေထိုင်လျက် သြ ဇာကြီးလျက် ရှိနေကြခြင်း စသည်တို့မှာ ကြံ့ခိုင်ရေး အကွဲအပြဲ ဇာတ်လမ်းဆိုသည်မှာ မဖြစ်နိုင်ဘဲ သာမန်အုပ်စု တွင် (ကြံ့ခိုင်ရေးအောက် ခြေများ အချို့ကဲ့သို့) မနာလိုဝန်တိုစိတ်၊ ဗဟိုအတိုင်ပင်ခံ ဦးတင်ထွတ် သုံးသပ် သကဲ့ သို့ စစ်အလေ့အထရောဂါ၊ အာဏာ ငမ်းရူးရောဂါ၊ နေရာလိုချင်သူ အချို့၏ သွေးထိုးသွေးခွဲမှု တစ်စိတ်တစ်ဒေ သသာ ဖြစ်နိုင်ပေသည်။
ကြံ့ခိုင်ရေးတွင် လက်ရှိပါတီဥက္ကဋ္ဌဖြစ်နေကြသူ နှစ်ဦးစလုံး (ဦးသိန်းစိန်နှင့် သူရ ဦးရွှေမန်း)ထက်များစွာ စီနီယာ ကျပြီး ကြံ့ ခိုင်ရေးဗဟို၌ တည်ထောင်သူ ထိပ်တန်း ဗဟိုကော်မတီဝင်များရှိနေခြင်း၊ ကြံ့ခိုင်ရေး တည်ထောင်သူ နာယကကြီး ဦးသန်းရွှေကိုလည်း ကြံ့ခိုင်ရေး ထိပ်တန်းခေါင်းဆောင်များ သွားရောက်တွေ့ဆုံဂါရ၀ပြု သြ၀ါဒခံ ယူခြင်းများ ရှိနေကြခြင်းတို့ကြောင့် လာမည့်မြန်မာ့နိုင်ငံရေး ၂၀၁၅ အပြောင်းအလဲ ကြံ့ခိုင်ရေးအကွဲအပြဲ ဘာ တစ်ခုမျှမပြနိုင်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း၊ ယခင် တပ်မတော် အစိုးရအလိုကျအတိုင်း ကြံ့ခိုင် ရေးများနှင့် အစိုးရတစ်ရပ်သာ ပြည်သူ တို့ မြင်တွေ့ကြနိုင်ပေသည်။
ယခုလည်း ကြံ့ခိုင်ရေးတို့၏ အကျွမ်းကျင်ဆုံး လုပ်ငန်းတစ်ရပ်ဖြစ်သည့် လူထု အစည်းအဝေးပုံစံ ပြန်လုပ်လာ ပြန်သည်။ ခေါင်းစဉ်ပြောင်း၍ လူမပြောင်းသည့် သင်တန်းများစွာ ယခင်ကြံ့ခိုင်ရေးဗဟိုသင်တန်း ကျောင်း၌ တက်ခဲ့ရပေါင်းများသလို မည် သူတက်တက် နေရာရမပျက်သော လူကြီး များလည်း ကျေနပ်သင့်ကြပါပြီ။ မှတ်သားဖွယ်ရာ ယခင်တိုင်းကြံ့ခိုင်ရေး တွဲ/အတွင်း ရေးမှူးတစ်ဦး၏သား ကြံ့ခိုင်ရေး ရဲဘော် တစ်ဦးပြောစကား သတိရမိသည်။ ““ကျွန်တော့်ကို အထက်က မေးတယ်… မင်း တာဝန်က ဘာလဲ၊ ကျွန်တော်က ရပ်ကွက် စည်း/မှူး၊…ဘာလုပ်ရလဲ… ကျွန်တော့် တာဝန်က လူစုပေးရတယ်…””ဟူ၍ ဖြစ် ပါသည်။ ကြံ့ခိုင်ရေးအောက် ခြေ ခြစားသည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ သို့ သော် အထက်ပိုင်းတွင် တစ်သွေးတစ်သံ တစ်မိန့်ပေးနိုင် သည့် အာဏာရှင်လိုပုဂိ္ဂုလ် မျိုးရှိနေ၍ ကြံ့ခိုင်ရေးမပြိုကွဲဘဲ တောင့် တင်းခိုင်မာနေခြင်းဖြစ်ပါသည်။ သို့သော် လည်း ခပ်တည်တည်နှင့် ရွှီးတတ်သူ အတွင်းရေးမှူးအချို့ကိုယုံပြီး အလွဲကြီးလွဲ ကြသည့် တိုင်းတာဝန်ခံ ဗဟို အလုပ်အမှု ဆောင် ဗိုလ်မှူးချုပ်များ၊ နယ်မြေတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဗိုလ်မှူးချုပ်များ အတွက်တော့ ထိုသူများ တပ်မတော်မှမြန် မြန်အငြိမ်းစားယူသွားခြင်းသည် တပ်မတော် အတွက် သန့်ရှင်းသွားသလိုပင် ဖြစ် နေ ပြန်သည်။
ဆရာကြီး ဦးအောင်သင်း၏ စာပေ ဟောပြောပွဲတစ်ခုမှ စိတ်ထဲစွဲနေသည့်တစ် ခုမှာ “တပ်မတော်”ဆိုတာ “တပ် နဲ့မတော်တဲ့ သူတွေထားတာ” ဟူ၏။ ထိုသို့သော တပ်မတော်အရာရှိကြီးများကို ကြံ့ခိုင်ရေး အောက်ခြေ မှ ခေါင်း ဆောင်ငယ်များက ကောင်းကောင်းကြီးလိမ်ညာခဲ့တာ သိနေ၊ မြင်နေရတော့ စိတ်မချမ်းသာ။ သို့သော် လည်း အဆိုပါ “အဘ”တွေက နှစ်ခြိုက်၍ နေသည်။ သတိရမိသော တပ်မတော်နေ့ ဂုဏ်ပြု ရန်ကုန်တိုင်းအသင်းမှ ကြီးမှူး ကျင်းပခဲ့သော ကျပန်းစကားပြောပြိုင်ပွဲ။ အစဉ်အလာအရ ရန်ကုန်အရှေ့ပိုင်းခရိုင် အဆင့်ကျင်းပရာ နာမည်ကြီးနေသည့် သာကေတမြို့နယ်လက်ရွေးစင် မပြိုင်ခင် သင်္ဃန်းကျွန်းမြို့နယ် လက်ရွေးစင်ပြိုင်ရာ သတ် မှတ်ချိန်မစေ့မီ စင်ပေါ်မှ ဆင်းသွားခဲ့ ရာ ၎င်းပြီးပြီးချင်း ရန်ကုန်တိုင်းကြံ့ခိုင်ရေး အပေါ်ထပ်ခန်းမ လျှပ်စစ်မီး ပြတ်တောက် သွားခဲ့သည်။ သာကေတလက်ရွေးစင်မှာ မီးမလာလျှင်မပြိုင်နိုင်၊ အသံသည် စကား ပြောစက် နှင့်မှ ပရိသတ်ဆွဲဆောင်မှုရနိုင်၍ ပြောခြင်းကြောင့် ၎င်းအတွက် သာကေတမှ ကြီးကြပ်လိုက်ပါလာသည့် မြို့ နယ် EC ကိုမောင်မောင်သန်း၊ ကိုမောင်မောင်ဆင့်တို့က ဓာတ်တိုင်မှ လျှပ်စစ်ဓာတ်ကြိုး တိုက်ရိုက်သွယ်ရန် တိုင်းရုံးအောက်ထပ် သို့ ဆင်းကြည့်ရာ အောက်ထပ် ၂ထပ် လုံးမီးများလင်းနေပြီး အပေါ်ခန်းမတစ်ခု သာကွက် ၍ မီးဖြတ်လိုက်ခြင်းကို သိသွား ခဲ့သည်။ မေးမြန်းကြည့်တော့ သင်္ဃန်းကျွန်း အတွင်းရေးမှူးကြီးနှင့်အဖွဲ့ ၎င်းတို့ လူပြိုင်ပြီး အော်ဆင်းသွားကြောင်း၊ မလိုသူတချို့က အပေါ်ထပ်ခန်းမ Main Sweep ကို ချ သွားခြင်းဟု သိလိုက်ရတော့ ကျွန်တော်တို့ ကြံ့ခိုင်ရေးများ ခြစားရုံမျှမက အဖျက်သမားဘ၀ ရောက်မှန်းမသိ ရောက်ခဲ့ရ သည့်သဘော တွေးမိသည်။ ပြိုင်ဘက်ကို မိမိအသင်းအချင်းချင်းအတွင်း၌ပင် တရားသည့်နည်းလမ်း မသုံးနိုင် ကြသောသူများ အတွက် လောကဓမ္မ တရားသာလျှင် ဆုံးမနိုင်ခဲ့သည်။ NLD မပါသော ၂၀၁၀ ရွေး ကောက်ပွဲ၌ ကြံ့ခိုင်ရေးဗဟိုမှ နာမည်ကြီး လူငယ်ထုတာဝန်ခံ ဗိုလ်မှူးချုပ်သိန်းဇော် (ယခု ပြည်သူ့လွှတ်တော်/ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌ)၏ တာဝန်ခံနယ်မြေဖြစ်သော သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အားလုံး ကော့က ရိတ်ဦးသိန်းညွန့် ပါတီကို ရှုံးနိမ့်ခဲ့သည်။
၂၀၁၀ရွေးကောက်ပွဲနေ့က“အဘ .. မဲရုံကို ကျွန်တော်တို့လူတွေ ဘယ်လောက် ဦးရေ ဘယ်နှသောင်းမဲ ပေးပြီးပြီ၊ အားလုံး ကျွန်တော်တို့ မဲတွေပဲ၊ တစ်ခါ ညနေ ထပ်ဆက်ပြီး အဘ၊ အခု အားလုံးနိုင်နေပြီ တင်ပြ”။ လူကြီးကတော့ ၀မ်းတွေသာနေ၊ ဖုန်းတွေကိုင်ပြီး အားပေး အားရ၊ နောက် ညနေစောင်းမိုးချုပ်တော့ ၀က်ဝက် ကွဲရှုံး နိမ့်သွားသည့် အရသာမျိုး လာမည့် ၂၀၁၅ ရွေးကောက်ပွဲနေ့ ကြုံရမှာ ကြောက်နေကြသည်။ သာမန်ဗဟို အလုပ်အမှုဆောင်တင် မက အထက်ပိုင်း၌လည်း ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းကို ခပ်တည်တည်လှိမ့်ခဲ့တာ ရှိ သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ကြံ့ခိုင်ရေးဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး အခြံအရံများ စွာနှင့် ကြံ့ ခိုင်ရေး ရန်ကုန်ရုံးချုပ်သို့ ရောက်လာကာ သြ၀ါဒခြွေခဲ့သည်။ ကြားဖြတ်ရွေးကောက် ပွဲမှာ ၆ နေရာ ပြိုင်ရာ၌ မဲဆန္ဒရှင်တွေထဲမှာ ချေးငွေထုတ်ပေးထားတာနှင့် ကျွန်တော်တို့ ပါတီဝင်တွေပေါင်းရင် အင်အား ၈၀ ရာ ခိုင်နှုန်းခန့်ရှိ ၍ နိုင်ရန်သေချာကြောင်း ဗဟို အလုပ်အမှုဆောင် တိုင်းတာဝန်ခံ (ဗိုလ် မှူးချုပ်)တစ်ဦးက အပိုင်ပြောသည်။ ဥက္ကဋ္ဌကြီး စိတ်ချမ်း သာပြီး နေပြည်တော် ပြန် အသွား ၂၀၁၂ ကြားဖြတ်၌ ကြံ့ခိုင်ရေးများ ၀က်ဝက်ကွဲရှုံးပြန်သည်။ ကြံ့ခိုင်ရေးဥက္ကဋ္ဌကြီးလည်း ဗဟိုအလုပ်အမှုဆောင်တာဝန် ခံများ လိမ်တာ ခံခဲ့ရပြန် သည်။
အခုတော့လည်း စေတနာ အမှားတွေ အဖြစ် ပြည့်အင်အားသည် ပြည်တွင်းမှာ သာရှိသည် ထုံးနှလုံးမူပြီး အစိုးရက ဖြုတ်လိုက်သူများကိုပင် ကြံ့ခိုင်ရေးမှာ မဖြုတ်၊ ဗဟိုတာဝန်များ ဆက်လက်ထမ်းရွက်စေသည်။ အမုန်း မခံလိုသောမူဝါဒတစ်ရပ် ကြံ့ခိုင်ရေးမှာ ထွန်းကားလာခဲ့ပြန်သည်။ အမေရိကန်၊ NLD ၊ ဒေါ်အောင်ဆန်းစု ကြည် တို့ကို လားလားမှ မကြောက်သော အာဏာရကြံ့ခိုင်ရေးထိပ်ပိုင်း အကြီးအကဲများ အချင်းချင်း မိတ်ပျက်မှာတော့ စိုးရွံ့ကြသည်။ အချင်းချင်း ကျောသွားမှာ မလိုသည့် စိတ်ဓာတ်များဖြင့် အောက်ခြေကို ခြစားစေခဲ့သည်ကို ဥက္ကဋ္ဌ ကြီးသိပြီဟုဆို သည်။ တချို့ကလည်း အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နိုင်ငံရေးကစား ကွက်များ ကို ယခင်က သူတစ်ဦးတည်း အနှစ် ၂၀ ကျော် ဒိုင်ခံကစား၊ ခေါင်းခံခဲ့ ခြင်းအတွက် ယခု သူ့တပည့်များ နိုင်ငံ ရေး ကစားကွက်ထဲ ကိုယ်တိုင်ဦးဆောင် ကစားစေပြီး ၎င်းကတော့ နေအိမ်မှထိုင်၍ ပြုံးနေမည်ဟုဆိုကြသည်။ သမ္မတအကြံ ပေးကြီးတစ်ဦးက အာဏာရှင်ဆိုတာ တစ်ခေတ်တစ်ယောက် ပေါ်ထွန်းတယ်၊ အာဏာရှင်ပေါ် ရင် အကောင်းအဆိုး ဒွန်တွဲပြီး ဖြစ်လာတယ်။ ဟိုမရောက်သည်မရောက် မဖြစ်ဘူး။ တိုင်းပြည်မှာ ရွှေမိုး၊ ငွေမိုး ရွာ တတ်တယ်ဟု ဆိုသည်။ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ယခုခေါင်းဆောင်တွေ၊ ယခင် နယကအဖွဲ့ဝင် တွေအားလုံး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တပည့်တွေချည်းပဲဟု ပြောခဲ့သည်။ တပည့်တွေ အချင်းချင်း ချ ကြသည် ကို မည်သည့်ဆရာသမားကောင်း ကမျှ လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်အာဏာ စက်သြဇာဖြင့် တိုင်းပြည်ကို ပြောင်းလိမ့်မည်မှာ မြေကြီး လက်ခတ်မလွဲပင်ဖြစ်သည်။
မောင်ရေစက်က ကြံ့ခိုင်ရေးပါတီ အကြောင်း နှိုက်နှိုက်ချွတ်ချွတ်ရေး တိုင်း ဝေဖန်သံညံခဲ့သည်။ အာဏာရပါတီ ကြီး၏ တာဝန်ရှိသူ ဗဟိုကော်မတီအချို့ပင် မောင်ရေစက်က ကြံ့ခိုင်ရေးအသင်းတုန်းက ဘာအဆင့်မှ မရှိပါ ဘူး ဆိုသည်။ မောင်ရေစက် ကြိုက်ပါသည်။ ထိုသို့ဝေဖန်သည့်အတိုင်း မောင်ရေစက် ဘာမျှမဟုတ် ပါ။ မွေးက တည်းက လမ်းစဉ်ပါတီသန့်စင်ရေးနှင့် မွေး၊ ကြီးလာတော့ ကြံ့ခိုင်ရေးမှာပါ၊ ဘာမျှ မဟုတ်တော့ပါ။ အသက်၊ သွေး၊ ချွေး၊ မျက်ရည်များစွာဖြင့် မောင်ရေစက် မျက်စိတစ်ဆုံး ကြံ့ခိုင်ရေးပါတီကြီးကို စောင့်ကြည့်နေပါမည်။
မိမိတို့ယုံကြည်ချက်၊ နိုင်ငံရေးခံယူ ချက်၊ နိုင်ငံရေးရပ်တည်ချက်များကို အသေခံ ဆုပ်ကိုင်ထားကြသည့် ဦးခင် အောင်မြင့်နှင့် ဦးအောင်သောင်းတို့ ပြောသလို ““ကျွန် တော်ချစ်တဲ့ ပါတီအတွက် . . . .””ပင် ဖြစ်ပါလိမ့်မည်။ မူဝါဒနှင့် ရပ်တည်ချက်လွန် စွာကောင်း၍ လုပ်နိုင်ကိုင်နိုင်သော အခြေ အနေများစွာရှိပြီး အချင်းချင်း မလိုတမာ စိတ်ထားသူများကြောင့် မောဟမီးလောင် မြိုက်ခြင်းမှ ကင်းဝေးကြစေရန် ဆုအခါ အခါ တောင်းမိသည်။ အာဏာရပါတီ တွင် မောဟမီးသည် ပြည်သူတို့ကို မလောင် ကျွမ်းမိစေဖို့ တားရပေမည်။ ဤသည်မှာ စာနယ် ဇင်းသမားတစ်ဦးထက် ကြံ့ခိုင်ရေးမှထွက်လာခဲ့သော စာနယ်ဇင်းသမားများဟာ ပို၍တာဝန်ရှိကြလေသည်။ ကမ္ဘာကျော်သူဌေးကြီးများလောက် ချမ်းသာကြသော ကြံ့ခိုင်ရေး ဗဟိုထိပ်ပိုင်းအကြီးအကဲ များထံမှ အခွင့် အရေးပေါင်းစုံရယူခဲ့ပြီး ပြည်သူ့ ဘက်တော်သားအမည်ခံ စာနယ်ဇင်းသမားများကြောင့် ပြည်သူများအဆိပ်မိ ခဲ့ကြသည်။ ယခုလည်း အစိုးရနှင့် နီးစပ်သော စာနယ်ဇင်းသမားအများစုက ဟန် ချက်ညီညီ လှော်ခတ်ရေးသား လာကြသည်။ ပြည်သူများအတွက် အာရုံလွှဲ အကြောင်းတရားများကို ထပ်ခါထပ်ခါ သတိပေး ရေးသားနေရ သည်မှာလည်း စတုတ္ထမဏ္ဍိုင်အတွက် တာဝန်ကျေပွန် ရာရောက်သည်ဟု ခံယူမိသည်။
““အမှန်တရားကြောင့် ဘာဖြစ်ဖြစ် ရင်ဆိုင်ရဲတဲ့ သတိ္တရှိလာတယ်။ အဲဒီသတိ္တ ကြောင့် ပိုပြီးလုပ်ဆောင် ချက် ပြတ်သား လာတယ်။ ဒါကြောင့် ပိုပြီးအောင်မြင်လေ ကိုယ့်ခံယူချက်အပေါ် ပိုပြီး ယုံကြည်လုပ်ဆောင်လေပဲ”” ဟူ၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးခင်အောင်မြင့်က မြန်မာသံတော် ဆင့်သို့ပြောခဲ့သည်။ စာဖတ်သူများ သိစေချင်သည်မှာ ထိုသို့သော ပုဂ်္ဂိုလ်ကြီးများ ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်း၌ မထင်မရှားရှိ နေကြသည့်အတွက် ကြံ့ခိုင်ရေးပါတီအကွဲ အပြဲဇာတ်လမ်းဆိုသည်မှာ မဖြစ်ညစ် ကျယ်အကြောင်း အရာသာဖြစ်ပြီး ပြည်သူ များနှင့် ကျွန်ုပ်တို့မီဒီယာသမားများအတွက် လှည့်စားမှုတစ်ရပ်။ ယခုရေးသားဖော်ပြခဲ့ သော အကိုးအကား အထောက် အထားများအရလည်း အထက်မှအောက် စစ်တပ်ပုံစံ ဗဟိုဦးစီးစနစ် ပီပြင်သေချာသော ကြံ့ခိုင် ရေးပါတီ၌ နိုင်ငံ ရေးအရွေ့တစ်ခုခု လုပ်ဆောင်လိုသော ကြံ့ဖွံ့အာဏာပိုင်အချို့ ကြောင့်သာ ပြည်သူများ ယုန်ထင်ကြောင် ထင် လျက် တစ်ချိန်တွင် ၎င်းတို့အပေါ် ယုံကြည်ကိုးစားလာစေရန် နောက်ကွယ် ပယောဂဖြင့် ကြံ့ခိုင်ရေး ပါတီကြီး၏ အကွဲအပြဲကြောင့်ဟူသော အကြောင်းအရာကို လက်ညှိုးထိုးနိုင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးလုပ်စားကြရန် ကြံရွယ်နေခြင်းတို့ သာဖြစ်ကြောင်း သုံးသပ်မိလေသည်။
ကြံ့ခိုင်ရေးများ လိမ်လည်မှု ကင်း ကြပါစေ . . .။
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald






No comments:
Post a Comment