Wednesday, December 24, 2014

ဝမ်ပေါင် ကုမ္ပဏီကို ဒေသခံများက အမှုဖွင့် တိုင်ကြား

မန္တလေး (မဇ္ဈိမ) ။ ။ လက်ပံတောင်းဒေသတွင် ဝမ်ပေါင် ကုမ္ပဏီမှ ဒေသခံများ ပိုင်ဆိုင်သော ယာမြေများအား ဒီဇင်ဘာလ ၂၂ ရက်၂၃ ရက်တို့တွင် အင်အား သုံးကာ ခြံစည်းရိုးခတ်ခြင်းများနှင့် သီနှံများဖျက်ဆီးခြင်းကြောင့် ဒီဇင်ဘာလ ၂၄ ရက်တွင် ခြံစည်းရိုးခတ်ခံရသည့် ရွာများကို ကိုယ်စားပြု၍ မစန္ဒာဦးဆောင်ေ သာ ၇၈ ဦးပါအဖွဲ့မှ ဆားလင်းကြီးမြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်း ကြားလိုက်သည်။

"ကျွန်မတို့ရွာစဉ်အလိုက် အမှုဖွင့်တာပါ။ ဒီမှာလာ ဖွင့်တဲ့သူတွေ အားလုံးက နစ်နာ သူတွေပါပဲ။ ပြီတော့ ဘယ်သူမှ လျော်ကြေး ယူရောင်း ထားတာ မရှိပါဘူး။ ကျွန်မတို့ ရွာတွေကို အကြမ်းဖက် သေနတ်နဲ ပစ်ပြီး
အခုလို ခြံစည်းရိုး ကာတာတွေ လုပ်တယ်။ သေနတ်နဲ့ ပစ်သူတွေရော သီးနှံတွေဖျက်ပြီး ခြံစည်း ရိုးခတ်တဲ့ သူတွေကိုရော အမြန်ဆုံး ဥပဒေအတိုင်းအရေးယူပေးဖို့ အမှုဖွင့်တာပါ"ဟု အလယ်တောကျေးရွာမှ မစန္ဒာက မဇ္ဈိမ ကိုပြောသည်။

အဆိုပါအမှုလာဖွင့်သော ကျေးရွာများမှာ မိုးကြိုးပြင်၊ ဆည်တည်း၊ အလယ်တော၊ ရွာသစ်၊ တုံရွာမ၊ အလယ်ရွာ စသည့် ကျေးရွာများမှဖြစ်သည်။

"ကျွန်တော်တို့ တစ်နွေလုံး၊ တစ်ဆောင်းလုံး စိုက်ပျိုးထား တာတွေ အကုန်ကုန်ပြီဗျာ။ ကျွန်တော်တို့ အသက်ရှင် ရပ်တည်ဖို့က မြေရှိမှပါ။ ဒါကြောင့်လည်း ကျွန်တော် တို့လျော်ကြေးမ ယူတာပါဗျာ။ သူတို့က ခြံတွေခတ် လိုက်တော့ ကျွန်တော် တို့မှာ နွားစာခက်သလို နွားလည်းကျောင်းစရာ မြေမ ရှိတော့ဘူး။အခုလို လုပ်တာခံစားရတယ်"ဟု ဆည်တည်းရွာဟောင်းမှ ကိုဆန်းဦး က ပြောသည်။

အဆိုပါကျေးရွာမှ စိုက်ပျိုး ပြီး၍ ရိတ်သိမ်းရန် နေကြာ၊ ပဲစင်းငုံ၊ ပြောင်း စသည့် သီးနှံများ ကျန်နေသည်။ တစ်ချို့သီးနှံများ မှခြံဝင်းခတ် သည့်အထဲ ကိုရောက်   နေသောကြောင့် ရိတ်သိမ်းခွင့်ပြုရန်လည်း ဒေသခံများက တောင်းဆိုလျှက်ရှိသည်။

တုံရွာ၊ မိုးကြိုးပြင်ရွာနှင်စတည်းရွာတို့ မှာ လုံးဝလျှော်ကြေးယူထားခြင်း မရှိသေးသောကြောင့် မြေယာများ ပြန်လည်ပေးအပ်ရန်နှင့် ဆက်လက် စိုက်ပျိုးခွင့် ရရှိ ရန် ဆက်လက်တောင်း ဆိုနေကြသည်။

"ကျွန်တော်တို့ သူတို့တင်တဲ့စာတွေက တစ်ချို့ဟာတွေ မပြည့်စုံသေးဘူး။တစ်ချို့က မနက်ဖြန်မှလာတင်ကြမှာပါ။တရားရုံးကိုဦးတိုက်လျှောက်ဖို့ ကျွန်တော်တို့ စာရေးဆောင်ရွက်နေဆဲပါ"ဟု ဆားလင်းကြီးရဲစခန်းမှ စခန်းမှူး ဦးသန်းနိုင် က မဇ္ဈိမ ကိုပြောသည်။

"ကျွန်မတို့ကတော့ အမှုဖွင့်ပေးဖို့တင်လိုက်ပြီ လက်ခံမခံမသိရသေးဘူး။ မနက်ဖြန်မှသိရမယ်"ဟု မစန္ဒာကပြောသည်။

သီးနှံနှင့်လယ်ယာဆုံးရှုံးမှု၊ အကြမ်းဖက်ခံရမှုများအတွက် ဒေသခံအားလုံးကိုယ်စား ဒေသခံ ၇၈ ဦးမှ ဦးဆောင်၍ အမှုဖွင့်ခြင်းဖြစ်သည်။

Credit - Mizzima News

No comments:

Post a Comment