Tuesday, December 23, 2014

လိပ်ကျွန်းလူသတ်မှုအတွက် မြန်မာနိုင်ငံအတွင်း သက်သေများရှာဖွေရာတွင် ပူးပေါင်းပါဝင်အကူညီပေးရန် လိပ်ကျွန်းစုံစမ်းရေးအထူးအဖွဲ့ သမ္မတရုံးသို့ လာရောက်တွေ့ဆုံ

 ရန်ကုန်၊ ဒီဇင်ဘာ ၂၂- လိပ်ကျွန်း လူသတ်မှုအတွက် မြန်မာနိုင်ငံအတွင်း သက်သေများရှာဖွေရာတွင် သမ္မတရုံးနှင့် လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲ တပ်ဖွဲ့မှ ပူးပေါင်းပါ ဝင်အကူညီပေးရန် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးအထူး စုံစမ်းရေးအဖွဲ့ ဝင်များမှ သမ္မတရုံးတာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံ
ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၂ရက်တွင် နေပြည်တော်၌ နိုင်ငံတော်သမ္မတရုံး ၄ မှ ဒုတိယဝန်ကြီး ဦးအောင်သိမ်းနှင့် မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ဖြင့်တွေ့ဆုံခဲ့ပြီး
လိပ်ကျွန်းလူသတ်မှုအတွက် မြန်မာနိုင်ငံ အတွင်းသို့ပြန်လည်ဝင်ရောက်လာသည့် သက်သေများနှင့် တခြားသက်ဆိုင် သည့် အထောက်အထားများ ရှာဖွေရာတွင် ပြည်နယ်နှင့် တိုင်းအသီးသီးရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရေးတို့ကို သမ္မတ ရုံးဝန်ကြီးဌာနမှ ညွှန်ကြားပေးရန်နှင့် လူကုန်တားရဲတပ်ဖွဲ့မှလည်း ပူးပေါင်းဆောင်ရွက်ပေးရန်တို့အတွက် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း အထူးစုံစမ်းရေးအဖွဲ့ ပြောရေးဆို ခွင့်ရှိသူ ဦးထူးချစ်က ပြောသည်။

''သမ္မတရုံးအနေနဲ့ရော၊ လူကုန် တားရဲတပ်ဖွဲ့ကရော အရေးကြီးတဲ့ သက်သေတွေရှာတဲ့နေရာမှာ ကူညီပေးဖို့ကို သဘောတူခဲ့ကြပါတယ်။ သက်သေတွေက ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို အလုပ်လုပ်ပြီး ပြန် လာတဲ့သူတွေရော၊ ပြီးတော့ ဥပမာ ပေါ့၊ သံသယရှိသူအဖြစ် စွပ်စွဲခံထားရတဲ့ သူနှစ်ဦး မြန်မာနိုင်ငံမှာ နေတုန်းက ပြစ်မှုကင်းရှင်းတယ်ဆိုတဲ့ ရဲစခန်းထောက် ခံစာကလဲ သက်သေဖြစ်သွားနိုင်တယ်။ အဲလိုမျိုးအချက်အလက်အထောက် အထားတွေ ပါ''ဟု ဦးထူးချစ်ကပြောသည်။

မြန်မာနိုင်ငံအတွင်း အဓိကအားဖြင့် ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ တနင်္သာရီ တိုင်းတို့တွင် အဓိက ရှာဖွေသွားမည်ဖြစ်ကြောင်း၊ လူကုန်တားရဲတပ်ဖွဲ့အနေဖြင့် တနင်္သာရီ တိုင်းဒေသကြီးတွင် စည်းနှောင်မှုအားကောင်းသည့်အတွက် လူကုန် တားရဲတပ်ဖွဲ့ကိုပါ အကူအညီတောင်းခံရခြင်းဖြစ်ကြောင်း ယင်းကဆိုသည်။

အထူးစုံစမ်းရေးအဖွဲ့သည် ဒီဇင်ဘာ ၂၄ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်မည်ဖြစ်ပြီး သံသယရှိသူအဖြစ် ဖမ်းဆီးခံထားရသူ မြန်မာနှစ်ဦး၏မိဘများကိုပါ ခေါ်ဆောင် သွားမည် ဖြစ်သည်။

၂၀၁၄ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင်ဖြစ်ပွားခဲ့သည့် အဆိုပါအမှုအတွက် ထိုင်းအစိုးရရှေ့နေမှာ မြန်မာ နှစ်ဦးကို ပြစ်မှု ခုနစ်မှုဖြင့် တရားစွဲဆိုထားပြီး ဒုတိယအကြိမ် ရုံးချိန်းကို ထိုင်းနိုင်ငံ ကော့စမွေခရိုင်တရားရုံးတွင် ဒီဇင်ဘာ ၂၆ရက်၌ ချိန်းဆိုထားသည်။

ZCH
‪#‎Democracytoday‬

No comments:

Post a Comment