Friday, December 26, 2014

တာမွေ(ခ)၏ စည်းလုံးညီညွတ်မှု အောင်ပွဲတစ်ရပ်

– တာမွေအောင်ကို

ရပ်ကွက်တစ်ခုရဲ့ ဓမ္မာရုံကြီးတစ်ခုဟာ ရပ်ကွက်တိုင်းမှာရှိတဲ့ အုပ်ချုပ်ရေးမှူး ရုံးတစ်ရုံး ရှိသလိုပါပဲ။ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဆိုတာက အုပ်ချုပ်ရေးပိုင်း၊ ဓမ္မာရုံဆိုတာက ရပ်ကွက်ရဲ့သာသနာရေး၊ သာရေး နာရေး ကိစ္စပိုင်း၊ အဲဒီနှစ်ခုစလုံး မရှိမဖြစ် ရှိရမယ့် အဖွဲ့အစည်းတွေဖြစ်တယ် … ဒီလို ဘာသာရေးပွဲတွေ၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတွေကို အခွင့် အရေးယူပြီး နေရာ ၀င်ယူချင်၊ စေတနာထက် သန်စွာနဲ့ ချွေးနှဲစာထဲက လှူလိုက် တန်းလိုက်ကြတဲ့ ပိုက်ဆံတွေကို သုံးချင်ရာသုံး၊ ဖြုန်းချင်သလိုဖြုန်း၊ ပိုတဲ့ငွေကို သူကိုင်မယ် ငါကိုင်မယ်နဲ့ . . . အဲဒီလိုတွေမဖြစ်အောင် ငွေစာရင်း ရှင်းတမ်းတွေကိုစည်းစနစ်၊ စည်းကမ်း တကျဖြစ်အောင် တာဝန်ရှိသူတွေက ကြပ်မတ်ပေးသင့် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ တာမွေစာဖတ်အသင်း ဓမ္မာရုံကြီး၏ နှစ်ကျိပ်ရှစ်ဆူမြတ် ဘုရားများ ဒီနှစ် ပြန်လည် လှည့်လည်အပူ ဇော်ခံမည်ဟု ကြားသိရကတည်းက ရပ်ကွက်သူရပ်ကွက် သားများ ၀မ်းသာ ကြည်နူးလျက်ရှိ နေကြသည်။ တာမွေမြို့နယ် အတွင်း နှစ်ပေါင်းအရှည်ကြာဆုံးအစဉ် အလာအရှိဆုံး တာမွေ စာဖတ်အသင်း ဓမ္မာရုံကြီးသည် မြန်မာနိုင်ငံလွတ်လပ်ရေး မရခင် ၁၉၄၅ ခုနှစ်ကတည်းက စတင် တည်ထောင် ခဲ့ကြခြင်းဖြစ်သည်။ တာမွေ စာဖတ်အသင်းကြီးကိုလည်း ဓမ္မာရုံကြီး စတင်ဖွဲ့စည်းခဲ့စဉ်ကတည်း ကတည် ထောင် ခဲ့ကြသဖြင့် တာမွေစာဖတ်အသင်း ဓမ္မာရုံ ကြီးဟု လူသိများလာရခြင်းဖြစ်သည်။ ၁၉၄၅ခုနှစ်မှစ၍ ဓမ္မာ ရုံဥက္ကဋ္ဌများအဖြစ် ဦးလှဖေ (၁၆၅)လမ်းမှ စတင်တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ဦးဆစ်(၁၆၆)လမ်း၊ ဦးထွန်း ကြိုင် (၁၆၅)လမ်း၊ ဦးညိုထွန်း(၁၆၆)လမ်း၊ ဦးဘရီ(၁၆၅)လမ်းတို့က ခေတ်အဆက် ဆက်လက်ဆင့်ကမ်း တာဝန်ယူ ဆောင်ရွက် ခဲ့ကြသည်။…

ဓမ္မာရုံကြီး၌ နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်ဘုရားမတ်ရပ် ရုပ်ပွားတော်များအား ၁၉၈၀ ပြည့်နှစ်မှစတင် ကိန်းဝပ်စံပယ် ပူဇော်ခဲ့သည်။ ကျိပ်ရှစ်ဆူမြတ် ဘုရားများ လှည့်လည်ပူဇော်ခံခဲ့ခြင်းကို ၁၉၈၄ ခုနှစ်မှ စတင်၍ ပူဇော်ခံခဲ့ကြသည်။ စတင်လှည့် လည် ပူဇော်ခံခဲ့စဉ်အချိန်မှစ၍ နှစ်ကျိပ်ရှစ် ဆူမြတ်စွာဘုရား ကို ရှေးအစဉ် အလာဖြစ် သော ပန်းရထားဖြင့် ရှေ့နှစ်ယောက်နောက် နှစ်ယောက် တစ်လှည်စီထမ်းပိုးလျက်မြို့နယ် အတွင်း ၂၀၀၈ခုနှစ်အထိ ပူဇော်ခံခဲ့သည်။ ၂၅ကြိမ်မြောက် ရပ်ကွက်ဥက္ကဋ္ဌ ဦးအောင် ဆန်းကြွယ် လက်ထက်မှ စ၍ အလှပြယာဉ်များဖြင့် စတင်လှည့်လည် အပူဇော်ခံခဲ့ကြသည်။ ယခင်ရှေးလူကြီးများက နှစ်ကျိပ်ရှစ် ဆူမြတ် ဘုရားတွေက တင်ပျဉ်ခွေထိုင်နေသည့် ကိုယ်တော်တွေ မဟုတ်ဘဲ မတ်ရပ် ကိုယ်တော်တွေဖြစ်သည့်အတွက် တစ်နှစ်ကို တစ်ကြိမ်ရပ်ကွက် အတွင်း ဒေသစာရီ ကြွကြရတယ်လို့ အဆိုရှိခဲ့ကြတယ်။

ရည် ရွယ်ချက်ကတော့ ဒီလိုဘုရားတွေ ရပ်ကွက်အတွင်း မြို့နယ်အတွင်း လှည့်လည်တဲ့အတွက် အဲဒီနေရာဒေ သတွေမှာ ဘယ်လို ကပ်ဆိုးမျိုး ဘေးအန္တရာယ်တွေမကျရောက် နိုင်ဘူးလို့အဆိုရှိခဲ့တယ်။ မီးဘေး၊ လေေ ဘး၊ ရေဘေးကပ်တွေ လည်း မကျရောက်နိုင်ဘူး။ ရပ်ရွာပြည်သူအပေါင်း ကျန်းမာချမ်းသာမှုကို ရရှိစေ ပြီး ဘေးအန္တရာယ်အပေါင်း ကင်းဝေးစေရန်ရည်ရွယ်ပြီး ဒီလိုဒေသစာရီ လှည့်လည် ကြွချီရတာလို့ ဓမ္မာရုံကြီး၏ ဥက္ကဋ္ဌ အဘဦးညိုထွန်း၏ မှတ်သားစရာ စကားများ ကြားယောင်နေဆဲဖြစ်သည်။ အဘဦးညိုထွန်းက ဆက်ပြောသေးသည်။ ဗုဒ္ဓ၏ ကိုယ် စားတော်ပူဇော် ကိုးကွယ်ရန် တည်ထားသော စေတီပုထိုးဟူသမျှ ရုပ်ပွားတော် ဟူသမျှပင် စေတီဖြစ်သည်။

ထို့ပြင် ဗုဒ္ဓအသုံးအဆောင်ဖြစ်သော မဟာဗောဓိ၊ သင်္ကန်းသပိတ်ပရိက္ခရာ၊ ဓမ္မဒေသနာများသည်လည်း စေတီ ပင်ဖြစ်သည်။ ဤမည်သော စေတီတော်များ၊ ဗုဒ္ဓဩရုပ်ပွားတော်များကို ဗုဒ္ဓ၏ ကိုယ်စား အနိဋ္ဌဖလ မကောင်း ပျောက်၊ ဣဋ္ဌဖလ ကောင်းကျိုးရောက်ရုံမျှ မက ဘ၀သံသရာဝယ် လားရာဂတိကောင်း သို့ရောက် ရှိပြီး မဂ် ဉာဏ်၊ ဖိုလ်ဉာဏ် နိဗ္ဗာန်သို့ပင် ဆိုက်ရောက်သည်အထိ အကျိုးခံစား ရမည်ဟုလည်း မိမိတို့လူငယ်ဘ၀ အဘ နှင့် ဓမ္မာရုံဘာသာရေးပွဲများ၌ တွေ့ခိုက်ဆုံ ခိုက်မှတ်သားစရာစကား ပြောကြားခဲ့သည်များ အမှတ်ရမိ သေး သည်။

ယခုလို နှစ်စဉ်နှစ်ဟောင်းအကုန် ဒီဇင်ဘာ နှစ်သစ်အစ ဇန်န၀ါရီလများတွင် တာမွေမြို့နယ်တွင် တာမွေကြီး(ခ)၊ မေတ္တာညွန့်၊ ကျားကွက်သစ် ရပ်ကွက်များ ဗဟန်းမြို့နယ်တွင် ဆရာစံ(တောင်)၊ ဆရာစံ (မြောက်)၊ ကျိုက်္ကဆံ၊ ဗိုလ်စိန်မှန် စသည့်ရပ်ကွက်များတွင် နှစ်ကျိပ်ရှစ်ဆူ လှည့်လည်ပူဇော်ပွဲများ နှစ်စဉ်မပြတ် အပြိုင်အဆိုင်ပြု လုပ်လျက်ရှိခဲ့သည်။ နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော တာမွေကြီး(ခ)ရပ်ကွက် တစ်ရပ်ကွက် တည်းသာ အကြောင်း ကြောင်းကြောင့် ဘုရားပွဲမကျင်းပနိုင်ခဲ့သဖြင့် ရပ်ကွက်သူရပ်ကွက်သားများ စိတ် မကောင်းခြင်းများစွာ ဖြစ်ခဲ့ကြရရှာသည်။

ယခုနှစ် ပြန်လည်ကျင်းပခဲ့တာဆိုလို့ရှိရင် ၂၉ကြိမ်မြောက်ရှိပြီဖြစ်သည်။ ယခုဓမ္မာရုံ ဥက္ကဋ္ဌအသစ် ဦးတင်အေး ခေါင်းဆောင်သည့် ဓမ္မာရုံကော်မတီဝင်များ၏ ကြိုးစား အားထုတ် မှု၊ အုပ်ချုပ်ရေးမှူး ဦးဉာဏ်ဝင်း နှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၏ကူညီ ပံ့ပိုးမှု၊ ရပ်ကွက်သူ၊ ရပ်ကွက်သား များ ၏ စည်းရုံးညီညွတ်မှုကြောင့် ယခုလိုဘုရားပွဲများ ပြန်လည်ကျင်းပနိုင်ခြင်းဖြစ်၍ ရပ်ကွက်အတွင်းရှိ လမ်းသူလမ်း သားများမှာ ပျော်မဆုံးေ မ်ာမဆုံး အုန်းအုန်းကျွက်ကျွက် လမ်းတိုင်းလမ်းတိုင်းတရားသံ၊ ဓမ်္မတေးသံ သာများဖြင့် ဖုံးလွှမ်းနေလျက် ရှိနေခဲ့သည်။ ရပ်ကွက်သူ၊ ရပ်ကွက်သားတချို့က မနှစ်ကတော့ဘယ်လိုဖြစ်တယ်မသိ၊ ဓမ္မာ ရုံကြီး ချိပ်ပိတ်ခံရတယ်ကြားတော့ အရမ်းကို စိတ်မကောင်းဖြစ်မိတာ၊ ရပ်ကွက်တစ်ခုရဲ့ ဓမ္မာရုံကြီးတစ်ခုဟာ ရပ်ကွက်တိုင်းမှာရှိတဲ့ အုပ်ချုပ်ရေးမှူး ရုံးတစ်ရုံးရှိသလိုပါပဲ။

ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဆိုတာက အုပ်ချုပ် ရေး ပိုင်း၊ ဓမ္မာရုံဆိုတာကရပ်ကွက်ရဲ့ သာသနာရေး၊ သာရေးနာရေး ကိစ္စပိုင်း၊ အဲဒီ နှစ်ခုစလုံးမရှိမဖြစ်ရှိရမယ့် အဖွဲ့ အစည်း တွေဖြစ်တယ်။ အခု ဒီလိုဥပဓိရုပ်တွေ ပြည့်စုံလာ၊ ညီညွတ်လာကြလို့ဒီလို ဘုရား ပွဲတွေစည်ကားစွာ ကျင်းပနိုင်တယ်လို့ ကျွန်တော်၊ ကျွန်မတို့ မြင်တယ်။ တချို့ကျတော့လည်း ဆွမ်းဆန်ထဲ ကြွက်ချေးရောသလို ဒီလို ဘာသာရေးပွဲတွေ၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတွေကို အခွင့်အရေးယူပြီး နေရာဝင်ယူချင်၊ လူကြီးအရမ်းကို လုပ်ချင်ကြတဲ့ သူတွေ လည်းရှိကြတယ်။ စေတနာထက် သန်စွာနဲ့ ချွေးနှဲစာထဲက လှူလိုက်တန်း လိုက်ကြတဲ့ ပိုက်ဆံတွေကို သုံးချင်ရာသုံး၊ ဖြုန်းချင်သလိုဖြုန်း၊ ပိုတဲ့ငွေကို သူကိုင်မယ် ငါကိုင်မယ်နဲ့ ရုံးတွေဘာတွေရောက် ဖြေရှင်းခဲ့ရတာတွေလည်း ကြားခဲ့ကြရတယ်။ အဲဒီလိုတွေမဖြစ်အောင် ငွေစာရင်း ရှင်းတမ်းတွေကိုစည်းစနစ်၊ စည်းကမ်း တကျဖြစ်အောင် တာဝန်ရှိသူတွေက ကြပ်မတ်ပေးဖို့ ကျွန်တော်၊ ကျွန်မတို့ကတော့ လိုလားတယ်။

အခုဟာကအဲဒီလူတွေကပဲ တစ်နှစ်တစ်ခါ ဒီလိုပွဲမျိုးတွေကို အခွင့် ကောင်းယူပြီး ရာသီစာ မိုက်ခဲလုပ်ချင်တဲ့ သူကလည်း မိုက်ကြီးတကားကားနဲ့ အသံကောင်း ဟစ်သူတော်ကောင်းယောင် ဆောင်နေပြီး အခွင့်အရေးယူ၊ ကိုယ့်သမိုင်း ကိုယ်ရေးနေကြတဲ့ လူစားမျိုးတွေကလည်း အများကြီးဗျ။ အခုလို နှစ်ကျိပ်ရှစ်ဆူပွဲတွေ ပြန်လည် ကျင်းပတာတွေ့ရတော့ အရမ်း ၀မ်းသာမိတယ်။ ရပ်ကွက်ထဲက လူကြီးသူ မတွေလည်း ဓမ္မာရုံကြီးအတွင်းမှာ ဥပုသ် သီလ ဆောက်တည်နိုင်ပြီ။စားပွဲ၊ အိုးခွက်၊ ပန်းကန်၊ ကြေးစည်ကအစ သာရေးနာရေး ပစ္စည်းတွေ ပြန်ငှား လို့ရပြီ။ အခု ဓမ်္မာရုံကြီး ဂေါပကအဖွဲ့ဟာလည်း ဟိုးယခင်က ဓမ္မာရုံလူကြီးများလိုပဲ စေတနာထားပြီး တော် ကြကောင်းကြလို့ ယခုလို နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတွေ ကျင်းပနိုင်တာပါဟု ဝေဖန် ပြောဆိုသံများကိုလည်း ကြား နေရသည်။ ဘာပဲဖြစ်ဖြစ် တာမွေစာဖတ် အသင်းဓမ္မာရုံ ဂေါပကအဖွဲ့သစ်၏ စည်းလုံးညီညွတ်မှု၊ ကြိုးစားအား ထုတ်မှု ရပ်ကွက်အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့ဝင်များ၏ ပံ့ပိုးကူညီမှု၊ ရပ်ကွက်အတွင်းရှိ လမ်းသူလမ်းသားများ ၏ စည်းလုံးညီညွတ်မှုများကြောင့် တာမွေ စာဖတ်အသင်း ဓမ္မာရုံကြီးတွင် ၀ါတွင်းကာလ ဥပုသ်နေ့တိုင်း အရုဏ် ဆွမ်းလောင်းလှူခြင်း၊ ၀ါတွင်းသုံးလဆရာတော်များ ပင့်ဖိတ်၍ သီလဆောက်တည်ခြင်း၊ သီတင်းကျွတ်၊ တန် ဆောင်တိုင် ဆီမီးပူဇော်ပွဲများ၊ သက်ကြီးပူဇော်ပွဲများကျင်းပခဲ့ပြီဖြစ်သည်။

ယခုဆိုလျှင်လည်း တာမွေမြို့နယ် အတွင်း ယခင်နှစ်များထက်စည်ကားသိုက် မြိုက်စွာ ပြန်လည်ကျင်းပခဲ့သည့် ၂၉ကြိမ် မြောက်တာမွေကြီး (ခ)ရပ်ကွက်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကြီးကတော့အသစ် အသစ်သော ဓမ်္မာရုံဂေါပက လူကြီးများ၊ အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့အစည်းများ၊ ရပ်ကွက်သူရပ်ကွက်သားများ ၏ စည်းလုံး ညီညွတ်မှု၏ အောင်ပွဲတစ်ရပ်ဟု ဆိုလိုက်ချင်ပါသည်။

  မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

ပုံညွှန်းစာ (၁) - (၂၅) ကြိမ်မြောက်၊ တာမွေကြီး (ခ) ရပ်ကွက်လုံး ဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနားအား မြို့နယ်ဥက္ကဋ္ဌ ဦးစိန်မောင်ဝင်း၊ ရပ်ကွက်ဥက္ကဋ္ဌ ဦးအောင်ဆန်းကြွယ်နှင့် ဦးအောင်ကိုကိုတို့မှ ဖွင့်လှစ်ပေးစဉ်
ပုံညွှန်းစာ (၂) - ယခင်နှစ်များဆီ စာရေးသူတို့ငယ်စဉ်က နှစ်ကျိပ် ရှစ်ဆူ မြတ်ဘုရားများအား ပန်းရထားဖြင့် လှည့်လည် အပူဇော်ခံခဲ့စဉ်

 

 
 

No comments:

Post a Comment