Sunday, December 21, 2014

၆ပွင့်ဆိုင် တွေ့ဆုံရေး၊ ၄၃၆ ပြင်ဆင်ရေး အတွက် သင်္ဃန်းကျွန်းမြို့နယ်တွင် အင်္ကျီချွတ် ဆန္ဒဖော်ထုတ်

 ၆ပွင့်ဆိုင်တွေ့ဆုံရေး၊၄၃၆ပြင်ဆင်ရေး အပါအ၀င် အခြေခံဥပဒေပြင်ဆင်ရေးအတွက် သင်္ဃန်းကျွန်းမြို့နယ်တွင်ဒီဇင်ဘာ၂၀ရက်ကအင်္ကျီချွတ်ဆန္ဒဖော်ပြကြောင်းသိရသည်။

ဆန္ဒဖော်ပြတောင်းဆိုသူတစ်ဦးက"အခြေခံဥပဒေကိုပြင်ဆင်သင့်တာ မပြင်ရင်နောက်ပိုင်း ကျွန်တော်တို့အ၀တ်ဗလာဖြစ်နိုင်တာကိုပြသတဲ့အနေနဲ့အခုလို အင်္ကျီချွတ်ဆန္ဒဖော်ထုတ်တာဖြစ်တယ်"ဟုပြောသည်။

ယင်းတို့အားမူလကဟစ်တိုင်တွင်ဆန္ဒပြရန်ခွင့်ပြုချက်ပေးထားသော်လည်း ယခုကဲ့သို့လမ်းမပေါ်ထွက်ဆန္ဒပြခြင်းအတွက် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ဖြင့်ငြိစွန်းနိုင်ကြောင်း သင်္ဃန်းကျွန်းမြို့နယ်မှ ရဲမှူးက အသိပေး လာရောက်ပြောကြားကြောင်း သိရသည်။

ယင်းက "ဆက်ပြဖို့မပြဖို့လာတားတာမဟုတ်ပါဘူး။ မူလခွင့်ပြုထားတဲ့နေရာမှာ မပြရင် ဥပဒေအရ အရေးယူခံရနိုင် တဲ့အကြောင်းလာ အသိပေးတာပါ" ဟုပြော သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဖုန်းမြင့်အောင်က"ကျွန်တော် မြို့ထဲက ဆိုတော့ ပြည်သူဘာကို ဆန္ဒပြတောင်းဆိုလည်းဆိုတာ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေနဲ့လာရောက်ကြည့်ရူနားထောင်တာဖြစ်ပါတယ်"ဟု ယင်းနေရာသို့ရောက်လာစဉ် မေးမြန်းချက်အားပြောသည်။

သတင်း + ဓါတ်ပုံ - စိုင်းဟန်

The Ladies News Journal

 

 

 

No comments:

Post a Comment