Tuesday, December 23, 2014

၂၀၁၄ သမင် လည်ပြန်

လွှတ်တော်ရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုပြီး နောက် ထွက်ပေါ်လာသည့် သမ္မတ ဦးသိန်းစိန်၏ ယူနီ ဖောင်းချွတ် အရပ်သား အစိုးရကို ၂၀၁၁ ခုနှစ်ဝန်း ကျင်က ရာစုနှစ် ၀က်ကြာ စစ်အုပ်ချုပ်ရေး တစ်စခန်း ရပ်ပြီး ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးကို ဦးတည် သွားမည့် လစ်ဘရယ် ဖြေလျော့မှုများ ပြုလုပ်သွား မည့်ဟု ယုံ ကြည် မျှော်လင့်ခဲ့ကြသည်။

ထိုစဉ်ကသမ္မတ ဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစု ကြည်တို့ ယှဉ်တွဲ ရိုက်ခဲ့ ကြသည့် ဓာတ်ပုံကြီးထဲ နောက်ကွယ်မှ နိုင်ငံရေး အကျဉ်းသား အများစုလွတ်မြောက် ထွက် ခွာလာနိုင် ခဲ့ကြ၏။
လွတ်လပ်စွာ နိုင်ငံရေးပါတီ နှင့် အသင်းအပင်း များဖွဲ့စည်း နိုင်ခဲ့ကြ သကဲ့သို့ လွတ်လပ်စွာ ဟောပြောရေး သားခွင့်များ ရခဲ့ကြ၏။

သို့တိုင် အဆိုပါ လစ်ဘရယ် ပြုပြင်ပြောင်း လဲရေးဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ်အထိ နှစ်,နှစ်ကျော်ခန့်သာအဓွန့် ရှည်ခဲ့ကြသည်။ ၂၀၁၄ခုနှစ် ၀န်းကျင်သို့ ရောက်ရှိ လာသည့်အခါ နိုင်/ကျဉ်းဦးရေ ပြန်လည် တိုးပွားခဲ့၏။ မီဒီယာသမား များမှာ ပုဒ်မ (၁၈)ဖြင့် ထောင်သွင်း အကျဉ်းချခံ လာရ၏။

မြေသိမ်းယာသိမ်း သည့်ကိစ္စဖြင့် ရုံးရောက်၊ ဂတ် ရောက်၊ ထောင်ထဲ ရောက်ခဲ့ကြရသည့် လယ်သမားများ ၏ အမှုအခင်းများ သုံးထောင် ကျော်မျှ ရှိလာ၏။
လုပ်ခတိုးမြှင့် ရေးအတွက် ဆန်္ဒပြတောင်း ဆိုကြသည့် အလုပ်သမား ခေါင်းဆောင် တချို့လည်း အချုပ်ရောက်၊ ထောင်ရောက် ဖြစ်လာကြ၏။

ကျောင်းသားများ၊ ကျောင်းဆရာ များကလည်း သမဂ္ဂဖွဲ့မည့် အရေးအတွက် အမျိုးသား ပညာရေး ဥပဒေ ကန့်ကွက် ဆန္ဒပြပွဲများ နိုင်ငံနှင့်အ၀န်း ကျင်းပနေ   လေပြီ ဆိုရလျှင် ဤ ၂၀၁၄ ခုနှစ်သည် နိုင်ငံရေးအရ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးဆိုင်ရာ ဖြေလျှော့မှုများ တွန့်ဆုတ် ရပ်တန့်သွား သည့်ကာလ တစ်ရပ် အဖြစ် အကဲဖြတ်ရပေ တော့မည်။

ဖွဲ့စည်းပုံ ပြောင်းလဲရေး၂၀၁၄ ခုနှစ်အတွင်းမှာပင် ၂၀၀၈ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးတွင် အရေးပါ၊ အချက် အချာကျလှ သောပုဒ်မ (၄၃၆)ပြင် ဆင် ရေးအတွက် NLD နှင့် ငြိမ်း/ပွင့် အဖွဲ့အစည်း တို့ပူးပေါင်းကာ ပြည်သူ့ ဆန္ဒ ထောက်ခံ လက်မှတ်များ ကောက်ယူခဲ့ရာ လက် မှတ်ပေါင်း ငါးသန်းကျော် မျှရရှိ ခဲ့သည်။

အဆိုပါ ဆန္ဒလက်မှတ်များ ကောက်ခံရေး လှုပ်ရှားမှုကို ကြံ့ခိုင်ဖွံ့ဖြိုးရေး လွှတ်တော် ကိုယ်စားလှယ် တချို့က ဝေဖန်ကန့် ကွက်ခဲ့ကြ သကဲ့သို့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း မြန်မာနိုင်ငံရှိ လူဦးရေ၏ ဆယ်ပုံတစ်ပုံ မျှသာရှိ သည်ဟု မှတ်ချက် ချခဲ့၏။

သို့ရာ တွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း က နိုင်ငံရေးပါတီများနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် များပါဝင်သည့် ၂၀၀၈ ဖွဲ့ စည်းပုံပြင် ဆင်ရေး အကောင် အထည်ဖော်မှု ဆိုင်ရာ လွှတ်တော် ကော်မတီ တစ်ရပ်ကို ဖွဲ့စည်ပေး ခဲ့သည်။

အဆိုပါ ကော်မတီ၏ အခြေခံ ဥပဒေဆိုင်ရာ အကြံပေးချက် ၂၁၀ ကို ပြည်ထောင်စု လွှတ်တော် (၁၂) ကြိမ်မြောက် အစည်း အဝေး တွင်လွှတ်တော် ကိုယ်စား လှယ် ၁၄၀ ပါဝင်ဆွေးနွေးပြီး ဆုံးဖြတ်ရန် လွှတ်တော်မှ အတည် ပြု ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် NLD က ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် ၉၄ ချက်ကို ပြင်ဆင်လိုကြောင်း အဆိုပြုသော်လည်း တပ်မတော်သား ကိုယ်စား လှယ်များ ကမူ မပြင်ဆင်လိုဘဲ မူလအတိုင်း ထားရှိရန် အပြင် လက်ရှိအနေ အထားမှ နောက်ပြန် ဆုတ်သွား စေမည့် ပြဋ္ဌာန်း ချက်အသစ် များကိုပင်ထပ်မံ ထည့်သွင်းရန် အဆိုပြု လာပြန်၏။

အဆိုပါ ပြဋ္ဌာန်းချက် အသစ်များတွင် အကယ်၍ အာဏာပိုင်အဖွဲ့အစည်း သုံးရပ်အတွင်း အပြန်အလှန် ထိန်းကျောင်းနိုင်စွမ်း ယိုယွင်းလာလျှင် သို့မဟုတ် လွှတ်တော် တစ်ရပ်၏ ကိုယ်စားလှယ် သုံးပုံတစ်ပုံ လစ်လပ် သွားခဲ့လျှင် ထိုလွှတ်တော် ကိုဖျက်သိမ်းရန် သင့်/မသင့် ဆိုသော အချက် များ ပါ ၀င်နေ၏။

ထိုဥပဒေပြင်ဆင်မှု အသက်ဝင်လာလျှင် တပ်မတော်ခေါင်းဆောင်အများစု ပါဝင်သည့် ကာ/လုံအဖွဲ့သည် အာဏာပိုင်အဖွဲ့အစည်း သုံးရပ်ထက် ပိုမိုအာဏာ အရှိန်အ၀ါ ကြီးမားလာပြီး လွှတ်တော်ကိုပင် ဖျက်သိမ်းခွင့် အာဏာ ရရှိ သွားမည် ဖြစ်သည်။

ထို့အပြင် တပ်မတော်သား ကိုယ်စားလှယ်များမှ ဒေါ်အောင်ဆန်းစုကြည်၏ သမ္မတအဖြစ် အရွေးခံပိုင်ခွင့် ကို အတားအဆီး ပြုနေသည့် ပုဒ်မ (၅၉-စ)ကို ပြင် ဆင် လိုက်ပါက မြန်မာနိုင်ငံ စစ်တလင်း ဖြစ်သွားနိုင် သည့်အပြင် အင်အားကြီးနိုင်ငံများ၏ ၀င်ရောက်စွက်ဖက်မှု ကိုလည်း ခံရနိုင်သည်ဟု သတိပေးကာ အဆို ကို ဆန့် ကျင်ကန့်ကွက်ခဲ့ကြ၏။

တစ်ချိန်တည်းတွင် ၎င်းင်းတို့က အခြေခံ ဥပဒေပုဒ်မ (၂၃၂-က)တွင် ပုဒ်မခွဲ (၅)ကို ထပ်မံထည့် သွင်းပေးရန် တောင်းဆိုခဲ့ကြ၏။ အကယ် ၍ ထိုပုဒ်မခွဲ (၅) ကို လွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းပေးခဲ့လျှင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတ၊ ဒု-သမ္မတသာမက ပြည်ထောင်စုဝန်ကြီး ပင်လျှင် ဖြစ်ခွင့် မရှိတော့ ပေ။ ဤအနေ အထားတွင် အာဏာရ ပြည်ခိုင်ဖြိုး ပါတီကမူ NLD ကိုလည်း မထောက်ခံ။ တပ်မတော် ကိုလည်း မဆန့်ကျင်ဘဲ ရပ်တည် နေခဲ့သည်။

သို့ဖြင့် လွှတ်တော်လမ်း ကြောင်းဖြင့် ဖွဲ့စည်းပုံ ပြင်ဆင် ရေးလုပ်ငန်း သည် ကြီးစွာသော အဟန့် အတား များနှင့် ရင်ဆိုင် နေရပြီး နိုင်ငံရေး အကျပ် အတည်း တစ်ရပ်ဆီ သို့ မလွဲမသွေ ဦးတည်နေ တော့သည်။

ဤဖွဲ့စည်းပုံပြင်ဆင်ရေး အကြပ်အတည်းကို လွှတ်တော်နာယက သူရဦးရွှေမန်းက နိုဝင်ဘာ ၁၈ ရက်တွင် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ကျင်းပရာ သူ၏ သဘောထားကို ထုတ်ပြန်ကြေ ညာခြင်းဖြင့် ဖြေရှင်းပေး လိုက်သည်။

သူ၏သဘောထား အချုပ်မှာ လက်ရှိ ကြားကာလ အနေအထားတွင် ဖွံ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင် မည်ဆိုပါက ယနေ့တည် ရှိနေသော အစိုးရ အဖွဲ့နှင့် လွှတ်တော်တို့ ဆက်လက်ရပ်တည်နိုင်ရန် မဖြစ် နိုင်တော့ပေ။ ထို့ကြောင့် ၂၀၁၅ ခုနှစ်ရွေးကောက် ပွဲပြုလုပ်ပြီး လွှတ်တော် သစ်မတင် ချိန်ရောက်မှ သာအခြေ ခံ ဥပဒေတွင် ပြင်နိုင်သည့် ပြင်ဆင် ချက်များ အပေါ်မူ တည်၍ ဆက်လက် ဆောင်ရွက် သွားရန် ဖြစ် ပေသည်။

သူ၏ သဘောထား အရဆိုလျှင် ၂၀၁၅ အလွန် လွှတ်တော် အသစ်ပေါ်ပေါက်လာ ချိန်ရောက် မှသာ ၎င်းလွှတ်တော်က အကောင် အထည်ဖော် ဆောင်ရွက် ရန် ဖြစ်ပေသည်။ အဆိုပါ လွှတ်တော် နာယက ကြီးထံ သဘောထားနှင့် ဆုံးဖြတ်ချက်ကို နိုင်ငံရေး ပါတီအများစုက ၀ိုင်းဝန်းဝေဖန် ခံကြသော်လည်း NLDပါတီ ကမူ ကန့်ကွက်မှုတစ်စုံတစ်ရာ မပြုခဲ့ပေ။ သို့ဖြင့် ၂၀၁၄ ခုနှစ်အတွင်း ၂၀၀၈ အခြေခံဥပဒေပြု ပြင်ရေး လှုပ်ရှားမှု အသွင် သဏ္ဌာန် အားလုံး၏ အသီးအပွင့်များ ကို ၂၀၁၆ ခုဆီသို့ လွှဲပြောင်းပေးလိုက်ရ ပေပြီ။

အပွင့်ဆိုင် နိုင်ငံရေး ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလက ဒေါ်အောင်ဆန်းစုကြည် အဆိုပြုတင်ပြခဲ့သည့် လေးပွင့်ဆိုင် ထိပ်သီး ဆွေးနွေးပွဲသည် သမ္မတဦးသိန်း စိန်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်တို့ သဘော မတူနိုင်ခဲ့ ကြသဖြင့် ၂၀၁၄ ခုနှစ်ထဲသို့ ၀င်ရောက် လာသည့်တိုင် မကျင်းပနိုင်ခဲ့ ကြပေ။ သို့တိုင် သမ္မတအို ဘားမား မြန်မာပြည်သို့ ဆိုက်ရောက်ခါနီး အောက်တိုဘာ ၃၁ ရက်တွင် ၁၄ ပွင့်ဆိုင်ဆိုသည့် တစ်ခန်းရပ် နိုင်ငံရေးထိုး ဇာတ်တစ် ခုကို ကတိုက်ကရိုက် ဖုတ်ပူမီးတိုက် ကျင်ပလိုက် ကြသေးသည်။

သို့တိုင် ထိပ်သီးများ ချည်း မဟုတ်ဘဲ လက်ထောက်များ၊ အရန်လူနှင့် မဆိုင်သူများ ဖြင့် စုဖွဲ့ထားခြင်းဖြစ်၍ လူများပြီး ပွဲမ သာနိုင်ခဲ့ပေ။ ထို့အပြင် သမ္မတက အဖွင့်မိန့်ခွန်းပြောပြီးနောက် တစ် ဦးလျှင် ဆယ်မိနစ်ကျစီသာ ပြောခွင့် ပေးပြီး ပိတ်သိမ်းလိုက်သည့်အခါ ဟန်ပြနိုင်ငံရေးလုပ်ဇာတ် ဖြစ်မှန်း ပေါ်လွင် သွားခဲ့ ၏။

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်တွင် လေးပွင့် လည်းမဆိုင်ခဲ့၊ ၁၄ပွင့်လည်းအလုပ် မဖြစ်နိုင်ဘဲ လိပ်ခဲ တည်းလည်း ဖြစ်နေသော အမျိုးသားပြန် လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို မျှတစွာ ကြားချဖြေ ရှင်းရေး အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်း တင်သွင်း ခဲ့သည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှု စောလျင်စွာ ကျင်းပရေးအဆိုကို ပြည်ထောင်စုလွှတ်တော်မှ ကန့်ကွက်သူမရှိ အတည် ပြုပေးလိုက်သည်။

သို့သော်၂၀၁၄ခုနှစ်ကုန်ပိုင်းသို့ ရောက်သည့်တိုင် သမ္မတ၏ သဘောထားကို ဖော်ပြမည့် သ၀ဏ်လွှာဖြင့် တရားဝင်လွှတ်တော်သို့ပြန် ကြားခြင်း မရှိခဲ့သေးပေ။ သို့ဖြင့် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး လွှတ်တော်၏ ဆုံးဖြတ်ပြဋ္ဌာန်း ချက်သည် သောင်မ တင်ရေ မကျဖြင့် ၂၀၁၅ ခုထဲသို့ဝင်ရောက် သွားတော့ မည့် အနေ အထားသို့ ဆိုက်နေ ခဲ့ရသည်။

ဤအနေအထားကြားမှာပင် ဒီဇင်ဘာ ၇ ရက်တွင် ရန်ကုန်တိုင်း လွှတ်တော်တွင် ကရင်တိုင်း ရင်းသားရေး ရာဝန်ကြီး တင်သွင်းသည့် ဖွဲ့စည်း ပုံပြင်ဆင်ရေး အတွက် သမ်္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော် ဥက်္ကဋ္ဌနှစ်ဦး၊ ဒေါ်အောင်ဆန်း စုကြည်နှင့် တိုင်းရင်း သား ကိုယ်စားလှယ် ခုနစ်ဦး ပါဝင်သည့် ၁၂ ပွင့် ဆိုင်တွေ့ ဆုံဆွေးနွေးရေးအဆိုကို အတည်ပြု ပြဋ္ဌာန်း လိုက်ကြပြန်သည်။

ယင်းသို့ အတည်ပြုပြဋ္ဌာန်းမှုနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်က “အရင်လေးပွင့်ဆိုင်တောင်းဆိုတုန်းက ၁၄ ယောက်တွေ့ သလိုလို ဘာလိုလို လုပ်ခဲ့ ကြပြီး နောက်တော့ ခြောက်ပွင့်ဆိုင်၊ အခုတစ်ခါ ၁၂ ပွင့်ဆိုင်လိုလိုဖြစ်ပြန်ပြီ။ ကျွန်မ အနေ နဲ့တော့ တကယ့်ဆွေးနွေး ပွဲတွေမဖြစ်အောင် ဦးတည် နေတယ် လို့ ပွင့်ပွင့် လင်းလင်း ပြောရမှာပါ” ဟူ၍ ကောက်ချက် ချခဲ့၏။

စင်စစ်အားဖြင့် မြန်မာနိုင်ငံ၏အပွင့်ဆိုင် နိုင်ငံရေးတောင်း ဆိုမှုသည်အမျိုးသားရင် ကြားစေ့ရေးဖြင့်ဖွဲ့စည်းပုံအခြေခံ ဥပဒေပြုပြင်ရေး၊ အဆင်ပြေချောမွေ့စေ ရန် တွေ့ဆုံဆွေးနွေးရေး ဖြစ်ထွန်း စေလိုခြင်း ဖြစ် သည်။ အပွင့်စုံဖြင့် နိုင်ငံရေးတွေ့ ဆုံဆွေးနွေး မှုမတိုင်မီ လိုအပ်သည့် လေးပွင့်ဆိုင် အခင်းအကျင်း ကို တောင်းဆိုနေ ခြင်းဖြစ်၍ အပွင့်အရေ အတွက်က အရေးမပါလှ ပေ။

သို့တိုင် အမျိုးသားပြန် လည်သင့်မြတ် ရေး စိတ်ဓာတ်ဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေး ကို မလိုလား သူများက အပွင့်စုံပြ၍ ရေနောက်ပြီး ငါးခြောက်နေ ကြခြင်းသာ ဖြစ်ပေသည်။

ပြိုကွဲသွားသော အမျိုးသား မျှော်လင့်ချက်များ ၂၀၁၄ ခု အောက်တိုဘာ ၁ ရက်က ပြောကြားခဲ့သော သမ္မတ ဦးသိန်းစိန်၏ လစဉ်မိန့်ခွန်း ထဲတွင် တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုး နိုင်မှသာလျှင် နိုင်ငံရေးဆွေးနွေး ပွဲများကို စတင်နိုင်မှာ ဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကျင်းပရေးနှင့်ညင် သာသောနိုင်ငံရေး အသွင်ကူးပြောင်း မှုသည်လည်း သေချာရေရာနိုင် လိမ့်မည်ဟု သတိပေးပြော ကြားခဲ့ သည်။

ထိုစဉ်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် မှုအဖွဲ့ (UPWC) နှင့်ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC)တို့အကြား တွေ့ ဆုံ ဆွေးနွေး ညှိနှိုင်းမှု ငါးကြိမ်ပြုလုပ်ပြီးဖြစ်၍ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ၂၀၁၄ ခုနှစ်မကုန်မီ လက်မှတ် ရေးထိုး နိုင်တော့မည်ဟု အများက ယုံကြည် ထား ခဲ့ကြသည်။ ထို့ပြင် ၂၀၁၄ ခုနှစ်၊ မေလတွင် အစိုးရနှင့် KIO ကိုယ်စားလှယ်များပါဝင်သည့် ပဋိပက္ခ ညှိနှိုင်းရေးကော် မတီများ၊ ဖွဲ့စည်းဆောင် ရွက်နိုင် ခဲ့ကြ သဖြင့် မြောက်ပိုင်း ဒေသ တစ်ခွင်တွင် တစ်စုံတစ်ရာ အေးချမ်း တည်ငြိမ်မှု ရနေချိန်လည်း ဖြစ်သည်။

သို့သော် စက်တင်ဘာ ၁၉ ရက်က ကာကွယ်ရေး တက္ကသိုလ်၌ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင် မိန့်ခွန်း ပြောရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များပြည် တွင်းဝင်ရောက်ခွင့်ရလာပြီးနောက် ပြည်တွင်း ပြည်ပအကူအညီများဖြင့် နိုင်ငံရေးနှင့် အခြားအင်အား စုဖွဲ့တည်ဆောက်မှုများ ပြုလုပ်လာခဲ့သည်။

UNFC အဖွဲ့၏ ဖက်ဒရယ်တပ်မတော်၊ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်များ ကြောင့် လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတားအ ဆီးဖြစ်လာနိုင် စရာရှိကြောင်း ထည့်သွင်း သတိပေး ခဲ့ပြန်သည်။

၏ထိုမိန့်ခွန်း ထွက်ပေါ် ပြီးနောက် မကြာမီကျင်းပသည့် UPWC နှင့် NCCTတို့၏ ခြောက်ကြိမ် မြောက်တွေ့ဆုံပွဲတွင် တပ်မတော်ခေါင်းဆောင် များ၏ဆွေးနွေး ပွဲပျက် ပြားရသည်။ ထို့နောက် ပိုင်းမှစ၍ တပ်မတော်နှင့် KIA၊ TNLA(ပလောင်-အဖွဲ့) တို့အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားကာ မြောက်ပိုင်း တစ်ခွင်လုံး   သေနတ်သံများ ဆူညံသွား ပြန်တော့သည်။

တစ်ချိန်တည်းမှာပင် ရှမ်းပြည်မြောက်ပိုင်း ကျေးသီးမြို့နယ်တွင် တပ်မတော်နှင့် SSA (မြောက်ပိုင်း) တပ်ဖွဲ့တို့အကြားပြင်းထန် သည့်တိုက်ပွဲများ ဖြစ်ပွားလာ ခဲ့ပြန်သည့် မြန်မာပြည်တောင်ပိုင်းနယ်စပ်မြို့ဖြစ်သော မြ၀တီတွင် တပ်မတော်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA တို့ တိုက်ပွဲဖြစ် ပွားသဖြင့် ဒုက္ခသည်များ အပြေးအလွှား တိမ်းရှောင် ပြေးကြရတော့သည်။

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်တွင်မူ KIA ဌာနချုပ် လိုင်ဇာအနီးရှိ ခရာဘွမ်တောင်ကြောတွင် နေရာယူ ထားသည့် တပ်မတော်စခန်းက A-105 တောင်ပေါ် ပစ်အမြောက်နှင့် ပစ်ခတ်သဖြင့် KIA ဗိုလ် သင်တန်း ကျောင်းမှ သင်တန်းသား ၂၃ ဦးကျဆုံးခဲ့ပြီး ၂၀ကျော်မျှ ဒဏ်ရာရ သွားခဲ့ကြသည်။

နောက်တစ်နေ့တွင် မြစ်ကြီးနားမြို့၊ ရှမ်းစုရပ်ကွက်ရှိနှစ်ခြင်းခရစ် ယာန်ဘုရားကျောင်းသို့ အနက်ရောင် ၀တ်ထားသည့် ကချင်လူငယ် များထောင်ချီ ၍၀တ်ပြု ဆုတောင်းခဲ့ကြ ၏။ တစ်ကမ္ဘာလုံးရှိ၊ တစ်နိုင်ငံလုံးရှိ ကချင်လူမျိုးတိုင်း သုံးရက်တိုင် ၀မ်းနည်း ဖွယ်နေ့အဖြစ် သတ်မှတ်ကာ ၀တ်ပြုဆု တောင်းရန် ဆော်သြ ခဲ့သည်။ ဒီဇင်ဘာ ၇ ရက်ကမူ ရန်ကုန်မြို့ သူရဲကောင်းစစ် သည်ဗိမာန်တွင် စစ်သည်ဟောင်းများက ကျဆုံး အညတြ ရဲဘော် ဟောင်းများဂုဏ် ပြုပွဲကျင်းပခဲ့ ကြပြန်၏။ ထိုသို့သော အမျိုးသား နာကျင်မှု အမျိုးမျိုးအောက်တွင် အမျိုးသား သင့်မြတ်ရေး စိတ်ဓာတ်များ ပြိုကွဲလာ သည့်အလျောက် ၂၀၁၄ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးပွဲ အခမ်းအနားကို ၂၀၁၅ သို့ပြောင်းရွှေ့ သွားရလေပြီ။

နိုင်ငံတကာ ဆက်ဆံရေး သရဖူ ၂၀၁၄ ခုနှစ်သည် ၁၉၆၂ ခုနှစ်မှ စတင်ခဲ့သည့် နှစ်ပေါင်း ၅၂ နှစ်ကြာ နိုင်ငံတကာ ဆက်ဆံရေး သမိုင်း စဉ်တွင် မြန်မာနိုင်ငံ ၏သံတမန်ရေးရာ လှုပ်ရှားမှု အများပြားဆုံးနှင့် အောင်မြင်မှုအရှိဆုံး၊ အခါသမယ ဟူ၍ပင် ဆိုရပေလိမ့်မည်။ စစ်အာဏာရှင် ဦးနေ၀င်း၏ အုပ်စိုးမှုသက်တမ်း တစ်လျှောက်လုံးတွင် ကွန်မြူ နစ်ဆန့်ကျင်ရေး အင်အားစု တစ်ရပ်အဖြစ် အသိအမှတ်ပြု ဆက်ဆံမှုရှိခဲ့ သည့်အတိုင်း ယုံကြည် စိတ်ချ ရသည့်မဟာမိတ် တစ်ဦး အဖြစ် အားပေးထောက်ပံ့ မှုမပြုခဲ့ပေ။

ရှစ်လေးလုံး လူထုအရေး တော်ပုံကြီးကို ရက်စက်စွာ နှိမ်နင်းဖြိုခွင်းပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီ အင်အားစု များကို ဖိနှိပ် ထောင်ချခဲ့ကြ   သော န၀တ၊ နအဖ အစိုးရများကိုမူ အမေရိကန် နှင့် ဥရောပ သမဂ္ဂတို့က စီးပွားရေးပိတ် ဆို့မှုများဖြင့် ၀ိုင်းပယ်ဒဏ် ခတ်ထားခဲ့ ကြ၏။

၂၀၁၀ ပြည့်နှစ် နောက်ပိုင်း ၂၀၀၈ ဖွဲ့စည်းပုံအရ ယူနီဖောင်းချွတ် အရပ်သား အစိုးရဖွဲ့ ပြီးနောက်ပိုင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေး ပြီးနောက်မှ စီးပွား ရေးပိတ်ဆို့ကန့် သတ်မှုများကို တဖြည်းဖြည်း လျှော့ချပေး ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်မှစတင်၍ ကမ္ဘာ့ဘဏ်၊IMF၊ ADB တို့မှ ချေးငွေများ ပေးလျော်ခြင်း၊ ကြွေးသစ်များ ထုတ်ပေးခြင်း တို့ဖြင့် မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်းအ၀ိုင်း သို့အသိ အမှတ်ပြု သွတ်သွင်းပေး ခဲ့ခြင်း ဖြစ်သည်။US, EUနှင့် အနောက်တိုင်းနိုင်ငံများမှ ခေါင်းဆောင်များ၊ လုပ်ငန်းရှင်များ မြန်မာနိုင်ငံ တွင်းသို့အမြောက် အမြား ၀င်ရောက်လာကြသကဲ့သို့ သမ်္မတဦးသိန်းစိန်နှင့် အာ ဏာရခေါင်းဆောင်များတို့၏ ပြည်ပခရီးစဉ်များ၊ အ လျှိုလျှို ပေါ်ပေါက်လာခဲ့တော့သည်။

အထူးသဖြင့် ၂၀၁၄ခုနှစ်တွင် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ ဖိအားကြောင့် စွန့်လွှတ် ကျော်လွှား ထားခဲ့ရသည့် အာဆီယံ ဥက္ကဋ္ဌရာထူးကို ပြန်လည်ရယူ ခွင့်ရရှိခဲ့သည်။

သို့ဖြင့် အာဆီယံဝန်ကြီးချုပ်များ၊ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးမျိုးစုံကို နေပြည်တော်တွင် ကျင်းပ နိုင်ခဲ့ရုံမျှမက နိုဝင်ဘာလတွင် အမြင့်မား ဆုံး ခေါင်းဆောင် များ၏ အာဆီယံ ထိပ်သီး အစည်းအဝေးကြီးကို ပင် အောင်မြင်စွာ လက်ခံကျင်းပ ပေးနိုင်ခဲ့သည်။

ထိုအစည်း အဝေးသို့ အာဆီယံနှင့် တွဲဖက်ဖြစ်သော အမေ ရိကန်၊ အိန္ဒိယ၊ တရုတ်၊ ဂျပန်တို့မှ ထိပ်သီးခေါင်း ဆောင်များ ကိုယ်တိုင် တက်ရောက် ခဲ့ကြ၏။ ထို့ပြင် အာဆီယံနိုင်ငံ များ၏ အားကစားပြိုင်ပွဲ ကြီးကိုလည်း ၂၀၁၃ ခုနှစ်မှာပင် နေပြည်တော်တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့၏။ သို့ဖြင့် ၂၀၁၄ ခုနှစ် သည် မြန်မာ နိုင်ငံ၏ အာဆီယံနှစ် သမယ ဖြစ်သကဲ့သို့၊ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်တွင် အမြင့်မားဆုံး သရဖူဆောင်း ခွင့်ရသည့်နှစ် ကာလဟူ၍ ဆို ရပေ မည်။

သို့တိုင် ၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံကို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၏ စံနမူနာတစ်ရပ်အဖြစ် သဘော ထားခဲ့သော သမ္မတ အိုဘားမား၏ ၂၀၁၄ ခုနှစ် ခရီး စဉ်တွင်မူ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း များတန့်အီနေသဖြင့် ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတ သန့် ရှင်း စွာ ကျင်းပပေးရန် တိုက်တွန်း ခဲ့ရပေသည်။

ထို့ကြောင့် ၂၀၁၄ ခုနှစ်လွန်ကာလတွင် နိုင်ငံတကာ ဆက်ဆံရေး အရှိန်အဟုန် ဆက်လက်ကောင်းမွန်ရေးအတွက် မြန်မာ နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ် ငန်းစဉ်ကို တွန်းတင် ကြရပေ ဦးမည်။ ယခု ဘဏ္ဍာနှစ် အတွင်း နှစ်ပေါင်း ၃၀ ကျော်မှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပေါင်း (နိုဝင်ဘာလ အထိ) ဒေါ်လာ ၄,၃၈၂ သန်း ၀င်ရောက် လာခဲ့သည်။

ထို့ပြင် ဟောင်ကောင်၏ ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း ဒေါ်လာ ၆,၈၅၂ သန်းအထိ ရောက်ရှိလာပြီး စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း မှာ လည်း ဒေါ်လာ ၆,၆၉၆ သန်းအထိ မြင့်တက် လာခဲ့၏။ သို့ဖြင့် တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ မှုအများဆုံး နိုင်ငံအဖြစ် ဆက်လက် ရပ် တည်နိုင် ခဲ့သည့်အတိုင်း ယခင်က ဒုတိယနေရာတွင် ရပ်တည် နေခဲ့သော ထိုင်းနိုင်ငံမှာ ဟောင်ကောင်နှင့် စင်ကာပူ တို့ကို နေရာပေး လိုက်ရသဖြင့် ယခုအခါ စတုတ္ထနေ ရာသို့ ရောက်ရှိ သွားခဲ့ရသည်။

သမ္မတဦးသိန်းစိန် လက်ထက်တွင် နိုင်ငံ ၃၂ နိုင်ငံမှ မြန်မာနိုင်ငံသို့ လာ ရောက် ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းမှာ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလအထိ စုစုပေါင်း ဒေါ်လာ ၄၀ ဘီလီယံကျော်မျှ ရှိသွား ပြီ ဖြစ်သည်။

သို့တိုင် ၂၀၁၄ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာလ အတွင်း ပြည်ပကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ရှစ်ဘီလီယံ အထိရှိခဲ့ပြီး၊ ပို့ကုန်တန်ဖိုး စုစုပေါင်းမှာ ဒေါ်လာ ငါး ဘီလီယံမျှသာရှိသည့်အလျောက် ကုန်သွယ်ရေးလိုငွေ မှာ ခြောက်လအတွင်း သုံးဘီလီယံမျှ ရှိနေခဲ့၏။ ပြီးခဲ့သည့်နှစ် IMF ၏ အစီရင်ခံစာအရ ဗဟိုဘဏ်မှ စုဆောင်းထားသော အရန်ငွေကြေးမှာ ဒေါ်လာ ၇ ဒသမ ၈ ဘီလီယံရှိသော်လည်း နိုင်ငံပိုင် အရန်ငွေ ကြေးမှာ ၄ ဒသမ ၅ ဘီလီယံမျှသာရှိပြီး ကျန်ငွေများ မှာ ပုဂ္ဂလိက ဘဏ်ပိုင်ငွေများ ဖြစ်နေကြ၏။

ထိုအရန်ငွေကြေး ပမာဏမှာ သွင်းကုန်လိုငွေ၏ သုံးလစာ မျှသာရှိသဖြင့် အနိမ့်ဆုံး အရန်ငွေကြေးအဖြစ် ထားရမည်ဖြစ်၍ ထုတ်မသုံး ရဲပေ။ ထိုအခါ သဘာ ၀ကျစွာ သွင်းကုန်လိုငွေကို ဒေါ်လာဈေးကွက်ထဲမှ ရှာဖွေဖြည့်တင်းရသည့်အခါ မြန်မာကျပ်ငွေတန်ဖိုး ထိုးကျခဲ့ရသည်။ ၂၀၁၃ ခုနှစ် တွင် တစ်ဒေါ်လာ လျှင် မြန်မာကျပ်ငွေတန်ဖိုး ထိုးကျခဲ့ သည်။

၂၀၁၃ ခုနှစ်တွင် တစ်ဒေါ်လာလျှင် မြန်မာကျပ် ငွေ ၉၇၀ ပေါက်ဈေး ရှိရာမှ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ သို့ရောက်သည့်အခါ ၁,၀၇၀ ကျပ်အထိ ကျဆင်းသွား ခဲ့ရသည်။ ရက်ပိုင်း အတွင်းမှာပင် အမေရိကန်ဒေါ်လာ နှင့် နှိုင်းယှဉ်လျှင် မြန်မာကျပ်ငွေတန်ဖိုး ခုနစ် ရာခိုင်နှုန်းဝန်းကျင်ခန့် ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေခြင်းကို ၀င်ရောက် ကျားကန်ပေးရန် အင်အားမရှိသော ဗဟိုဘဏ်အနေနှင့် လည်းအခြေအနေကို လက်ပိုက် ကြည့်နေ ရတော့သည်။

ထိုသို့ ဗဟိုဘဏ်၏အရန်ငွေကြေး လွန်စွာ နည်း ပါးနေချိန်တွင် နာမည်ကောင်းရယူလိုသော ဦးသိန်းစိန် အစိုးရအဖွဲ့၏ အသုံးစရိတ်မှာလည်း ကြောက်ခမန်း လိလိတိုးမြှင့်သုံးစွဲလာခဲ့ကြ၏။ ပြည်ထောင်စု ၀န်ကြီး ဌာနများနှင့် ဦးစီးဌာနများအတွက်ကိုပင် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်က (ထပ်တိုးမပါ) မူလခွင့်ပြုထား အသုံး စရိတ်ကျပ် ဘီလီယံ ၆,၃၇၀ ရှိရာမှ ၂၀၁၄-၁၅ ခု မူလ ဘတ်ဂျက် ကျပ်ဘီလီယံ (၁၀,၁၈၃) အထိ ခွင့်ပြု ပေးခဲ့ရာ အသုံးစရိတ် နှစ်ဆမျှ တိုးမြှင့်သုံးစွဲခွင့်ပေး ခဲ့၏။

ထိုသို့ အစိုးရအသုံးစရိတ် အဆမတန် မြင့်မားလာ သည့်အတွက် ၂၀၁၄-၁၅ ခုနှစ်အတွက် ဘတ်ဂျက်လိုငွေမှာ GDP ၏ ငါးရာခိုင်နှုန်းမျှအထိကွာဟလာခဲ့တော့ ၏။ အသုံးစရိတ်များ၊ စီမံခန့်ခွဲ မှုညံ့ဖျင်းခြင်းနှင့် အဂတိ လိုက်စား မှုများကို ထိရောက်စွာ ဖြေရှင်းနိုင်စွမ်း မရှိ သည့်အနေ အထားတွင် နိုင်ငံတော် ဘဏ္ဍာမှာ “အိပ်ပေါက် နှင့်ဖားကောက်” နေရသကဲ့သို့ တိုးပွား ကြီးထွား မလာနိုင်ခဲ့ပေ။

ယင်းသို့ အစိုးရအသုံးစရိတ်များ တိုးမြှင့်သုံးစွဲလာ သည့်အတွက် ဖြစ်ပေါ်လာသည့် လိုငွေကို သမားရိုးကျ နည်းလမ်းအတိုင်း ငွေစက်္ကူတိုးမြှင့် ရိုက်ထုတ်သည့် နည်းဖြင့် ဖြေရှင်းလာသည့်အခါ သဘာဝကျစွာ မြန်မာ ကျပ်ငွေတန်ဖိုးကျဆင်းမှုနှင့် ငွေကြေးဖောင်းပွမှုနှုန်း တိုးပွားကြီးထွားမှုရောဂါတို့က ကပ်ငြိ ကျရောက် လာကြတော့သည်။

၂၀၁၄ သြဂုတ်လတွင် နောက်ဆုံး ထုတ်ပြန်သည့် ညွှန်းကိန်းများတွင် ငွေကြေးဖောင်းပွမှု နှုန်း ၅ ဒသမ ၃၆ ရာခိုင်နှုန်း ရှိနေခဲ့ပြီး ကုန်ဈေးနှုန်း အညွှန်းကိန်း (Consumer Price Index) သည် ၁၈၅ ဒသမ ၉၈ ရာခိုင်နှုန်းမျှ ရှိနေသည်။ ၂၀၁၃ ခုနှစ်၊ သြဂုတ်လက ငွေဖောင်းပွမှုနှုန်း ၄ ဒသမ ၁၇ ရာခိုင် နှုန်းရှိခဲ့ပြီး၊ ကုန်ဈေးနှုန်း အညွှန်းကိန်း (CPI) မှာ ၁၇၈ ဒသမ ၅၃ ရာခိုင်နှုန်း သာရှိခဲ့သဖြင့် သိသာစွာ မြင့် တက်ခဲ့သည်။

လက်ရှိ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှု နှင့် ကုန်ဈေးနှုန်း မြင့်တက်လာမှုအနေ အထားအရ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းရောက်လျှင် ငွေဖောင်းပွဲ မှုနှုန်းခုနစ် ရာခိုင်နှုန်းနှင့် ကုန်ဈေးနှုန်းအညွှန်းကိန်း ၂၀၀ ရာ ခိုင်နှုန်းအထိ ရောက်ရှိလာနိုင်သည်ဟု ပညာရှင်များက မှန်းဆထားခဲ့ကြသည်။ ထို့အတူ အိမ်ငှားရမ်းခဈေး   နှုန်းများမှာလည်း ကုန်ဈေးနှုန်းအညွှန်းကိန်းအရ ၂၀၁၃ ခုတွင် ၂၉၈ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၄ ခု ရောက်သည့်အခါ ၃၆၁ ရာခိုင်နှုန်းအထိ မြင့်မား စွာထိုးတက် လျက်ရှိပါသည်။

ထိုသို့ ပြည်သူလူထု၏ နေထိုင်စားသောက် မှုဆိုင်ရာ အထွေထွေကုန်ဈေးနှုန်းများ မြင့်မားကြီးထွား လာသည့် အတိုင်း လူတစ်ဦး ချင်းဝင်ငွေမှာ မြင့်တက် မလာ ခဲ့ပါ။ ကုလသမဂ်္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ညီလာ ခံ၏ ၂၀၁၄ ခုနှစ်ဖွံ့ဖြိုးမှု အနည်း ဆုံးနိုင်ငံများ (LDC)အစီရင်ခံစာ အရမြန်မာနိုင်ငံ ၏တစ်ဦးချင်း တစ်နှစ် ၀င်ငွေမှာ ဒေါ်လာ ၉၉၄ ကျပ် (ဆယ်သိန်းခန့်) သာ ရှိနေဆဲ ဖြစ်ပါသည်။

နှစ်ပေါင်း ၂၇ နှစ်တိုင် ကြာမြင့် ခဲ့ပြီဖြစ်သော ဖွံ့ဖြိုးမှု အနည်း ဆုံးနိုင်ငံ (LDC) အဆင့်မှ ယခုတိုင် မြန်မာနိုင်ငံ ရုန်းမထွက်နိုင်သေးပါ။ LDC စာရင်းမှ လွတ်မြောက်ရန် သတ်မှတ်ထားသည့် တစ်ဦး ချင်း တစ်နှစ်ဝင်ငွေ ၁,၁၉၀ ဒေါ်လာပြည့်မီရန် ဒေါ်လာ ၁၉၆ (ကျပ် နှစ်သိန်းကျော်ခန့်) တိုးမြှင့်လာရန် လိုအပ် နေပါသေးသည်။

၂၀၁၄ ခုနှစ်တွင် ပြည် ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၏လစာကို ကျပ် ၁၀ သိန်းအထိ တိုးမြှင့်ပေးရန် ဆုံးဖြတ်ထားပြီး အစိုးရအဖွဲ့ မှဝန်ထမ်းများ လစာတိုးမြှင့်ရန် စီစဉ်နေကြသော်လည်း သာမန် လူထုဝင်ငွေ တိုးတက်အောင် လုပ်ဆောင်ပေးနိုင် စွမ်း မရှိသေးပါ။ ထို့ကြောင့် အထက်ပါ တိုးမြှင့်မှု များ က ငွေကြေးဖောင်းပွမှု ပိုမိုများပြား လာပြီး ကုန်ဈေးနှုန်း ကြီးမြင့်မှုကို တွန်းတင်ပေးနိုင် သည့်အတွက် ပြည်သူများကို ပိုမိုဝန်ပိလာနိုင်စရာ အကြောင်း ရှိပါ သည်။

ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးမှုအနိမ့်ဆုံး၊ အဆင်းရဲဆုံး နိုင်ငံ များစာရင်းတွင် မြန်မာနိုင်ငံနှင့်အတူ အိမ်နီးချင်းနိုင်ငံ များ ဖြစ်ကြသော ဘင်္ဂလားဒေ့ရှ်၊ ကမေ်္ဘာဒီးယားနှင့် လာအိုနိုင်ငံတို့လည်း ပါဝင်ပါသည်။ သို့ရာတွင် ယခင် က မြန်မာနိုင်ငံထက် များစွာနိမ့်ကျဆင်းရဲခဲ့သော လာအိုနိုင်ငံက ယခုအခါ မြန်မာနိုင်ငံထက် ပိုမိုမြင့် မားသော အဆင့်နေရာတွင် ရောက်ရှိနေခြင်းက မြန်မာနိုင်ငံ မည်မျှနောက် ကျကျန်ရစ် ခဲ့သည်ကို ဖော်ပြနေပါသည်။

ကုလသမဂ်္ဂ၏ အစီရင်ခံစာ တစ်ရပ်အရ မြန်မာ နိုင်ငံတွင် လူ ၁၀၀ ရှိလျှင် ၃၆ ယောက်က ဆင်းရဲမျဉ်း အောက်ကျရောက်နေပြီး အထက်တန်း လွှာဆိုသည် မှာလည်း ကိန်းဂဏန်းတစ်လုံးစာမျှသာ ရှိနေကြောင်း တွေ့ရသည်။ သမ်္မတဦးသိန်းစိန်က မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါး မှုရှိနေတယ်ဆိုတာကို ၀န်ခံထားပြီး ၂၀၁၅ ခုတွင် ဆင်းရဲနွမ်းပါးမှုကို လက်ရှိ ၂၆ ရာခိုင် နှုန်းမှ ၁၆ ရာခိုင်နှုန်းသို့ လျှော့ချရေး အတွက် တတိယ လှိုင်းပြုပြင်ပြောင်း လဲရေးတွေ လုပ်နေသည်ဟု ဆိုခဲ့သည်။

သို့ရာတွင် ၂၀၁၄ ခုနှစ်အတွင်း မြင်တွေ့ခဲ့ရ သည့် မြေသိမ်း၊ ယာသိမ်း၊ လယ်သိမ်းခံခဲ့ကြရသဖြင့် ဘ၀ပျက်လာသည့် ကျေးလက်ပြည်သူများ၊ မြို့ပြတွင် အိမ်ခြေယာမဲ့ဘ၀ ရောက်နေကြသောအဖြစ်များက ဆင်းရဲသားများ ပိုမိုတိုးပွားလာပြီလားဟူ၍ ထင်မှတ် မှားစရာ ဖြစ်နေရပါသည်။

၂၀၁၄-၁၅ ခုနှစ် ဘတ်ဂျက်စာရင်း တင်ပြခဲ့ရာတွင် ပညာရေးနှင့်ကျန်းမာရေး အသုံးစရိတ်များကို ယခင် အစိုးရများ လက် ထက်ကထက် လေးဆနီးပါးမျှ ပိုမို သုံးစွဲ ထားကြောင်း ကြားသိရသဖြင့် ၀မ်းမြောက် ကြရပါသည်။

ယခင်အစိုးရများလက်ထက်က ပညာ ရေး၊ လူမှုရေးအသုံးစရိတ်မှာ နှစ်စဉ်၏ နှစ်ရာခိုင်နှုန်း ၀န်းကျင်မျှသာ ရှိသဖြင့် ယခု အခါ ခုနစ် ရာခိုင်နှုန်း ၀န်းကျင် သို့ ရောက် ရှိလာသည်ကိုပင် ကျေးဇူးတင်ကြရပါမည်။ သို့ရာ တွင် ထိုင်းနိုင်ငံ၏ ပညာရေးရင်းနှီး မြှုပ်နှံမှုပမာဏမှာ ၂၀ ရာခိုင်နှုန်းကျော်ရှိခဲ့ သဖြင့် ထိုင်းနိုင်ငံ ၏ ပညာ ရေးအဆင့်အ တန်းမှာ အရှေ့တောင်အာရှတွင် စင်ကာ ပူပြီးလျှင်အမြင့်ဆုံးဟု ပြောရမည်သကဲ့သို့ ရှိနေ ခဲ့ပါသည်။

ထို့အတူ ထိုင်းနိုင်ငံတွင် လူတစ်ဦးချင်း နိုင်ငံတော်မှချပေးသော ကျန်းမာရေးအသုံးစရိတ်၊ နှစ်စဉ် ဒေါ်လာ ၂၅၀ ၀န်းကျင်တွင်ရှိနေစဉ် ကုလသမဂ်္ဂ စာရင်း တစ်ခုအရ မြန်မာနိုင်ငံ၏ လူတစ်ဦးချင်းအပေါ် ကျခံသည့် ကျန်းမာရေးကုန်ကျ စရိတ်မှာ တစ်နှစ်လျှင် ၁၁ ဒေါ်လာမျှသာရှိ သည်ကို သိရသောအခါ များစွာ အံ့သြ ၀မ်း နည်းရပါသည်။ ထိုအခါ မြန်မာနိုင်ငံ၏ ပညာရေးနှင့် ကျန်းမာရေးနယ်ပယ်တို့တွင် ချို့ယွင်း အားနည်းချက်နှင့် လိုအပ်ချက်များစွာ ရှိနေသည်မှာ အဆန်းတကြယ်တော့ မဟုတ်တော့ပါ။

ခြုံငုံသုံးသပ်ကြည့်လျှင် ၂၀၁၄ ခုနှစ် တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ ရှေ့မတိုး၊ နောက်မဆုတ်သာနှင့် တန့်အီနေသော အ နေအထား ဖြစ်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဤ ကာလအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး လုပ်နိုင်စွမ်းမရှိခဲ့သောကြောင့် ဖြစ်ပါသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြုပြင်ရေး လုပ်ဆောင်နိုင်စွမ်း မရှိ ရခြင်း၏ အခြေခံ အကြောင်း အချက်မှာ လည်း ဟန်ပြ အပွင့်ဆိုင် နိုင်ငံရေး တွေ့ဆုံပွဲကိုထိရောက် နက်ရှိုင်းသည့် နိုင်ငံရေးထိပ်သီးများ၏ အမျိုးသား ရင် ကြားစေ့ရေး ဆွေ နွေးပွဲဖြစ်အောင် လုပ်ဆောင်လိုသည့် သဘောထား မရှိသောကြောင့် ပင်ဖြစ်ပါသည်။

ထိုသို့သော သဘောထားမရှိသည့် အတွက်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ များတွင် အပစ်အခတ်ရပ်စဲရေး စာချုပ် မချုပ်ဆိုနိုင်ရုံမက အမျိုးသား ပြန်လည် တိုက်ခိုက်ရေး သဘောထားကြောင့် သေနတ်သံ များပြန်၍ ဆူညံ လာခြင်း ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ ၂၀၁၄ ခုနှစ်သည် မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက် ဆံရေး နယ်ပယ်ကျယ်ပြန့်များပြားလာရုံမက အာဆီယံ အဖွဲ့ခေါင်းဆောင်အဖြစ် သရဖူဆောင်းနိုင်သည့် ကာလ လည်း ဖြစ်ပါသည်။

သို့တိုင် ကျယ်ပြန့် လာသည့် နိုင်ငံ တကာ ဆက်ဆံရေးနှင့်အတူ ရရှိလာသည့် ဘဏ္ဍာရေး အကူအညီနှင့် ရင်းနှီးမြှုပ်နှံများကို စီမံခန့်ခွဲ မှုညံ့ဖျင်းသဖြင့်ထိရောက် အကျိုးရှိစွာ အသုံးမချနိုင်သဖြင့်  LDC ဘ၀မှ မလွတ်မြောက်နိုင်ဘဲ ပြည်သူများ ဆင်းရဲတွင်း နက်နေဆဲပင် ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ ၏ ပုံရိပ်များ က ပင်လာမည့် ၂၀၁၅ ခုနှစ်၏ ရုပ်ပုံလွှာကို ပုံဖော်ခြယ်မှုန်း သွားမည် ဖြစ်ပါသည်။

Credit  -  Mizzima News

No comments:

Post a Comment