ယခု အခြေအနေမှာ ဘယ်နှပွင့်ဆိုင်တွေ့တွေ့က ပြဿနာမဟုတ်ပေ။ ထိုသို့ တွေ့ဆုံရသည့် အဖွဲ့ အစည်း အရေအတွက်၊ လူပုဂ်္ဂိုလ်အရေအတွက်မှာ နည်းဗျူဟာသာဖြစ်ပြီး အရေးကြီးသော မဟာဗျူဟာမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဖြစ်လေသည် . . .
~~~~~~~~~~~~~~~~~~~~~~
တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းတွင် ဘာကြောင့်တွေ့ဆုံမလဲဟု အငြင်းပွားနေ သည်ထက် ဘယ်လိုတွေ့ ဆုံမည်ကို အငြင်းပွားနေသည်က အချိန်ကုန်လွန်စေပါသည်။ ဒေါ်အောင်ဆန်းစုကြည်က ၎
ပွင့်ဆိုင်တွေ့ဆုံဖို့ ကမ်းလှမ်းလိုက်သည်မှစ၍ သမ္မတနှင့်ကာချုပ်က ငြင်းပယ်လိုက်ပြီးသည့်နောက် ဆက်တိုက်ဆက်တိုက် ၅ ပွင့် ဆိုင်ခေါ် ၁၄ ယောက် တွေ့ဆုံခြင်းများ ဖြစ်လာခဲ့သည်။ ထို ၅ ပွင့်ဆိုင်မှာ တွေ့ဆုံဆွေးနွေးခြင်း မဟုတ်ဘဲ တိုင်းရင်း သားခေါင်းဆောင်များ (အထူးသဖြင့် ရှမ်းခေါင်းဆောင် ၂ ဦး)၊ နိုင်ငံရေးခေါင်းဆောင် များ၊ ၄ ပွင့်ဆိုင် တွေ့ဆုံရေး တွင် ဖိတ်ခေါ်ခံရသူများ တွေ့ဆုံကာ တစ်ယောက် ၁၀ မိနစ်စီသာ ဆွေးနွေးခွင့်ရခဲ့လေသည်။ ထမင်းစားပွဲတစ်ခု သာ ဖြစ်ခဲ့ပြီး တိုင်းရင်းသားပါတီများ၊ နိုင်ငံရေးပါတီများက မကျေနပ်ခဲ့ကြပေ။ ၅ ပွင့်ဆိုင်တွေ့ ဆုံပွဲ ခေါ် ၁၄ ယောက်တွေ့ဆုံပွဲနှင့် ပတ်သက်ပြီး အခြေခံ သဘောတူညီမှုများ ရခဲ့ပါသည်ဟု သမ္မတရုံး ပြော ရေးဆိုခွင့် ရှိသူက ဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ခေါင်းဆောင် ၂ ဦးကဘာ သဘော တူညီမှုမှ မရခဲ့။ ထမင်းစားရုံသက်သက်သာဖြစ် သည်ဟု ပြတ်ပြတ်သားသား ပြောဆိုသွားလေသည်။ နိုင်ငံရေး နယ်ပယ်တွင်မူ ထို ၅ ပွင့်ဆိုင်တွေ့ဆုံပွဲကို စိတ်မ၀င်စားကြ။ နိုင်ငံတကာကလည်း အေးတိအေးစက်ဖြစ်နေခဲ့ သည်။ ထိုအချိန်တွင် ၆ ပွင့်ဆိုင် တွေ့ဆုံပွဲဟု ပြည်ခိုင်ဖြိုးပါတီက အဆိုတင်သွင်းရာ လွှတ်တော်တွင် အားလုံး က ကန့်ကွက်သူ မရှိ ထောက်ခံခဲ့ကြသည်။ နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်သူ့ လွှတ် တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား နိုင်ငံရေးပါတီများကို ကိုယ် စားပြုသော ရခိုင်အမျိုးသားတိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်တို့ကို ပြည်ထောင်စုလွှတ်တော်က ရွေး ချယ်သတ်မှတ် လိုက်ပါသည်။
နိုင်ငံရေးနယ်ပယ်နှင့် ပြည် သူလူထုက စိတ်ဝင်စားသော ဆုံးဖြတ်ချက် ဖြစ်ပါ သည်။ ပြည်ထောင်စုလွှတ်တော်က တညီတညွတ်တည်း ဆုံးဖြတ်ကာ သတ်မှတ်လိုက်သော တွေ့ဆုံဆွေးနွေး ပွဲဖြစ်လေသည်။ သို့သော် ၆ ပွင့်ဆိုင်တွေ့ ဆုံပွဲမှာ ယခုအထိ သောင်မတင်ရေမကျ ဖြစ်နေပါသည်။ အဘယ် ကြောင့်ဆိုသော် သမ္မတ၏ တွေ့ခွင့်မပေးနို င်ဆိုသောအဖြေကို သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်က ဖြေကြားသွားသလို ကာချုပ်၏ သဘောထားကိုလည်း KNU ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်း မောင်က ပြောကြား သွားသဖြင့် သူတို့အဆင့်အတန်းအရ စာနယ်ဇင်းများက အမှန်ဖြစ်သည်ဟု သတ်မှတ်ကာ ရေးသားခဲ့ကြလေသည်။
သို့သော် စာနယ်ဇင်းသမားများအနေ ဖြင့် သတင်းကို ကြုံသလို၊ ရသလို မရေးဘဲ သတင်းမှန်၊ မမှန် အတည်ပြု ချက်ရယူ ပြီးမှ ရေးသားပါဟု ပြန်ကြားရေးဝန်ကြီးဌာန ကဆိုလေသည်။ သမ္မတနှင့်ကာချုပ်က ၆ ပွင့်ဆိုင်တွေ့ ဆုံခြင်းကို ယတိပြတ်ငြင်းဆိုခြင်း၊ ယတိပြတ်လက်ခံခြင်း မရှိသေးသဖြင့် ငြင်းဆိုခြင်း၊ လက်ခံခြင်းကို မရေးသား သင့်ကြောင်း ပြောဆိုသွား၏။ ထိုအချိန်မှာပင် ရန်ကုန်တိုင်းဒေသကြီးလွှတ် တော်မှ ၁၂ ပွင့်ဆိုင် တွေ့ဆုံဖို့ တင် သွင်း ပြန်သည်။ ၄ မှစလိုက်သော တွေ့ဆုံခြင်း မှာ ၅၊ ၆ မှနေ ယခု ၁၂၊ နောက် ၁၅၊ ၂၀ စသည်ဖြင့် အပွင့် ဘယ်လောက်များ လာမည်ကို မှန်းဆရခက်နေပါသည်။ ၄ ပွင့်ဆိုင် တွေ့ဆုံရေးကို လှောင်သလိုလိုဖြင့် ထပ်တိုး ကန့်ကွက်သူက ကန့်ကွက်၊ တိုင်းရင်းသားပါတီများကလည်း သူတို့မပါရ ကောင်းလားဟု စိတ်ကောက်သူ က ကောက် ဖြင့် မုန့်ဆီကြော်က ဘယ်နေရာ နေမှန်းမသိ နှုတ်ခမ်းလန်နှင့်တည့်ပါ့မလားဟု ငြင်းခုံ နေသည်က အလုပ်မဖြစ်ပေ။
စင်စစ်အားဖြင့် အရေးကြီးသည်မှာ တွေ့ဆုံဆွေးနွေးရေးဖြစ်ပါသည်။ ဒေါ်အောင် ဆန်းစုကြည်တောင်းဆိုသော ၂၀၀၈ ဖွဲ့ စည်းပုံပြင်ဆင်ရေးအတွက် ခေါင်းဆောင် ၄ ဦးတွေ့ဆုံဖို့မှာ အမှန်ကန်ဆုံး၊ အဆင် ပြေဆုံးဖြစ်၍ ၄ ပွင့်ဆိုင်တွေ့ဆုံရေးဟု ပြောလိုက်ခြင်းဖြစ်ပါသည်။ ဒေါ်အောင် ဆန်းစုကြည်မှာ ဒီမိုကရေစီ၏ ပြယုဂ်၊ ဒီမိုကရေစီ ခေါင်းဆောင်ဖြစ်သည်ကို မည်သူမျှမငြင်းနိုင်ပေ။ အားလုံးလက်ခံကြသည်။ လက်မခံဘဲငြင်းဆိုနေသူမှာ တစ်ဖက်သတ် မိမိကိုယ်ကိုယ် အထင်ကြီး နေသူဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မှာ ဒီမိုကရေစီခေါင်း ဆောင်၊ လူထုခေါင်းဆောင်အဖြစ် ဖြတ်သန်းခဲ့သော သူမ၏ အတွေ့အကြုံအရ မှတ်ကျောက်တင်နိုင်ခဲ့ခြင်း ဖြစ် ပါသည်။
ထို့ကြောင့် လူထုကိုကိုယ်စားပြု၍ NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က တစ်ပွင့်၊ လွှတ်တော်ကို ကိုယ်စားပြု၍ သူရဦးရွှေမန်းက ၁ ပွင့်၊ အစိုးရကို ကိုယ်စားပြု၍ သမ္မတဦးသိန်းစိန်ကတစ်ပွင့်၊ တပ်မတော် ကို ကိုယ်စားပြု၍ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တစ်ပွင့် သတ်မှတ်၍ ၄ပွင့်ဆိုင် တွေ့ဆုံဖို့ ပြောဆိုခဲ့ခြင်း ဖြစ် သည်။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တွေ့ဆုံကြ မည်ဖြစ်သောကြောင့် နည်းသည်များသည် သတ်မှတ် စရာမလို။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် နိုင်ငံရေးသမားများ၊ ဒီမိုကရေစီ ရေးလှုပ်ရှားသူများ နိုင်ငံရေးဖြတ်သန်း ခဲ့သော နိုင်ငံရေးအကျဉ်းသားများထက် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်စားပြုနိုင်သောကြောင့် ကျဉ်းမြောင်း သည်၊ ကျယ်ပြန့်သည် ပြဿနာမှာ ဆင်ခြေသာဖြစ်ပေလိမ့်မည်။
ထိုသို့ ၆ ပွင့်ဆိုင်တွေ့ဆုံရေးကို ပြည်ထောင်စု လွှတ်တော်မှာ ကန့်ကွက်သူမရှိ (တပ်မတော်သားကိုယ်စားလှယ်များ အပါအ၀င်) အတည်ပြုလိုက်ပြီးနောက် မကြာခင်မှာပင် ၁၂ ပွင့်ဆိုင် တွေ့ဆုံရေးဆိုသော အဆိုတစ်ခု ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်မှ ထွက်ပေါ် လာပြန်ပါသည်။ တွေ့ဆုံဆွေးနွေးမှု ၏ နောက်ဆုံးဖြစ် ပေါ်တိုးတက် မှုဟု ဆိုရပေမည်။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင် ရေးအတွက် တွေ့ဆုံ ဆွေးနွေးဖို့ တောင်းဆိုပွဲများဖြစ်၍ ကောင်းသော လက္ခဏာဖြစ်ပါသည်။ ခေါင်းစဉ်မှာလည်း ““၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးတွေ့ဆုံ ဆွေးနွေးပွဲ””ဖြစ်သည်။ အားလုံးတိုင် တိုင်ပင်ပင်ရှိလျှင် ၄ပွင့်ဆိုင် လည်း မဆိုး၊ ၁၂ ပွင့်ဆိုင်လည်း မဆိုးပေ။ အရေးကြီး သည်မှာ တွေ့ဆုံေ ဆွးနွေးဖို့သာဖြစ်ပါသည်။
ပြဿနာက သမ်္မတနှင့် ကာကွယ်ရေး ဦးစီးချုပ်တို့ ခေါင်းခဲစရာဖြစ်ပါသည်။ သူတို့မှာ တွေ့ဆုံဆွေးနွေးခြင်း၏ အနှစ်သာရ ကို သဘောပေါက်ကြ၏။ သို့သော် တွေ့ ဆုံဆွေးနွေးမည့် အကြောင်းအရာမှာ ဆုပ်လည်းစူး၊ စား လည်းရူးသော ၂၀၀၈ ဖွဲ့ စည်းပုံပြင်ဆင်ရေး ဗြဟ္မာ့ခေါင်းကြီးဖြစ် နေသောကြောင့်ပင်။ VOA နှင့်ကာချုပ် တို့ တွေ့ဆုံခဲ့ရာတွင် ထို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သူ၏ခေါင်းဆောင်များက သေချာအတိမ်း အစောင်း အမှားအယွင်းမရှိ ရေးဆွဲခဲ့သော ဖွဲ့စည်းပုံဖြစ်သည်ဟုဆိုပါသည်။ မှန်ပါသည်။
ဆယ်စုနှစ်တစ်ခုကျော် အောင် စစ်အာဏာရှင်များနှင့် ပုလဲနံပသင့်သော၊ စစ်အာဏာရှင်များ၏ လွှမ်းမိုးမှုရှိသော ပညာရှင်များ၊ နိုင်ငံရေး သမား များ၊ စစ်ဗိုလ်ချုပ်များဖြင့် ၂၀၀၈ ဖွဲ့စည်းပုံကို ဟာကွက်လွတ်ကွက်မရှိအောင် ရေးဆွဲ ထားသည်မဟုတ်ပါလော။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံကို အလေးအနက် ကာကွယ်စောင့်ရှောက်ရမည့်တာဝန်မှာ သမ္မတ ခေါင်းပေါ်ရော၊ ကာချုပ်၏ ခေါင်းပေါ်ပါ ရောက်ရှိနေသည့်အတွက် ယခုအချိန်တွင် ၂၀၀၈ ဖွဲ့စည်းပုံပြင် ဆင်ရေး ဆွေးနွေး လာပါ က သူတို့ဘယ်လိုဖြေရှင်းကြမလဲ။ ယခုအခြေအနေမှာ ဘယ်နှပွင့်ဆိုင်တွေ့ တွေ့ က ပြဿနာမဟုတ်ပေ။
ထိုသို့ တွေ့ ဆုံရသည့် အဖွဲ့အစည်းအရေအတွက်၊ လူပုဂ်္ဂိုလ်အရေအတွက်မှာ နည်းဗျူဟာသာ ဖြစ်ပြီး အရေးကြီး သော မဟာဗျူဟာမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဖြစ်လေသည်။ ပြဿနာမှာ ပြင်ဆင်ရေးနှင့် မပြင်ဆင်ရေး ဖြစ်သည်။ ထိုအခြေအနေကို နားလည် သဘောပေါက်လျှင် သမ္မတနှင့် ကာချုပ်ကို စာနာ၍ ရပေလိမ့်မည်။ အရေးကြီးသည်မှာ သမ္မတနှင့်ကာချုပ်သည် ဖွဲ့စည်းပုံပြင်သင့်၊ မပြင်သင့်ကို အလေးအနက်စဉ်း စားဆင် ခြင်သင့်လေသည်။ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီကရော၊ တိုင်းပြည်အခြေအနေမှန်ကို သိရှိနား လည်သော ဗိုလ်ချုပ်များ၊ ဗိုလ်ချုပ်ဟောင်းများကရော ၂၀၀၈ ဖွဲ့ စည်းပုံမှာ ဒီမိုကရေစီမကျ၊ စစ်အာဏာရှင် အရိပ်မည်း လွှမ်းမိုး နေသည်ကို နားလည် သဘောပေါက်ကြသောကြောင့် ပြင်ဆင် ရေးကို သဘောတူကြ၊ နားလည်လက်ခံ ကြခြင်းဖြစ်လေသည်။
သမ္မတနှင့် ကာချုပ် အနေနှင့်လည်း ထိုသို့အမှန်ကို နားလည် လက်ခံလာသော ဗိုလ်ချုပ် များကဲ့သို့ပင် ၂၀၀၈ ဖွဲ့စည်းပုံ၌ ဒီမိုကရေစီမကျသော ဥပဒေပုဒ်မများရှိနေသည်။ ထိုဥပဒေပုဒ်မ များကို ပြင်ရ မည်ဟု သဘောပေါက်လျှင် ဘယ်နှပွင့်ဆိုင်တွေ့တွေ့၊ တွေ့ဆုံဆွေး နွေးခြင်းကို သဘောတူလက်ခံရပေမည်။ VOA နှင့် တွေ့ ဆုံရာတွင် ကာကွယ်ရေးဦးစီးချုပ်က ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့သည် ကို ကြည့်ခြင်းအားဖြင့် ယခင် စစ်အစိုးရ တာဝန်ရှိသူများ၏ သဘောထားအတိုင်း ဖြစ်နေပါသည်။ ၂၀၀၈ဖွဲ့စည်းပုံသည် ဒီမို ကရေစီ ကျကျရေးဆွဲထားသော ဖွဲ့စည်းပုံ ဖြစ်သည်။ ပြည်သူလူထု ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းကထောက်ခံသော ဖွဲ့စည်းပုံဖြစ် သောကြောင့် ထို ၂၀၀၈ဖွဲ့စည်းပုံမှာ perfect ဖြစ်သလို လူထုအများဆုံး ထောက်ခံသော ဖွဲ့စည်းပုံဖြစ်၍ ပြင်စရာမလိုဟု ဖြေဆို သွားပါသည်။
ထိုသဘောထားမှာ ယခင် စစ်အစိုးရ၏ သဘောထားဖြစ်ပါသည်။ အပြောင်းအလဲကို ဖော်ဆောင်သော တပ်မတော် မဟုတ်ဘဲ ယခင်စစ်အစိုးရခေတ်က တပ်မတော်၏ သဘော ထားအတိုင်း ဖြစ်နေသည် ကိုတွေ့ရလေသည်။ တပ်မတော်မှာ ဒီမိုကရေစီကိုဖော်ဆောင်သော အင်စတီကျူး ရှင်းတစ်ခု မဟုတ်တော့ပေ။ လွန်ခဲ့သော ၅ နှစ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်ခဲ့သော မြန်မာ့တပ်မတော် ၏အဆက် ယခင်စစ်အစိုးရကာလ တပ်မတော်၏ အမြင်၊ အတွေး၊ အယူအဆအတိုင်း ဖြစ်နေသော ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကာချုပ်က လက်မခံသည် မှာ သဘာဝကျသည်ဟုဆိုရမည်။ ထို့ပြင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော စစ်အစိုးရက အရပ်ဝတ်အစိုးရ အတွက် သူခေါင်းခေါက် ရွေးချယ်ရာတွင် ကျိုးနွံ သော ဦးသိန်းစိန်ကို သမ္မတအဖြစ် တာဝန်ပေးလိုက်လေသည်။
ထို့ကြောင့် ၄ ပွင့်ဆိုင်ပဲဖြစ်ဖြစ်၊ ၆ ပွင့်ဆိုင်ပဲ ဖြစ်ဖြစ်၊ ၁၂ ပွင့်ဆိုင်ပဲဖြစ်ဖြစ် အရေးမကြီးဘဲ တွေ့ဆုံသည့် ရည် ရွယ်ချက် ချင်းတူပါက ဘယ်နှပွင့်ဆိုင် တွေ့တွေ့ အရေးမကြီး။ ဘက်တစ်ဖက်က ဒီမိုကရေစီ မကျသော ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်လိုသည်။ ထိုထဲတွင် သမ္မတဖြစ်ရေး၊ မဖြစ်ရေး အထင်အမြင်လွဲစရာရှိသည့် ၅၉(စ)လည်း ပါသည်။ တစ်ဖက်က တပ်မတော်သည် လွှတ်တော်၌ နိုင်ငံရေးအခန်းကဏ္ဍ ရှိနေရမည်ဆိုပြီး ၂၀၀၈ ဖွဲ့စည်းပုံ ပြင် ဆင်ရေးကိုလက်မခံပေ။ အမှန်မှာ တပ်မတော်သည် အာဏာသိမ်းစရာအကြောင်းလည်း မရှိပေ။ ဘယ်လို ခိုင်းခိုင်း တပ်မတော်သည် တိုင်းပြည်ကို ကာကွယ်စောင့် ရှောက်ဖို့သာ အဓိကကျလေသည်။ လွှတ် တော်ထဲ တွင် တပ်မတော်၏ အခန်းကဏ္ဍ ရှိကိုရှိရမည်ဟု ဆိုသူများသည် ဒီမိုကရေစီနိုင်ငံတော်၊ ဒီမိုကရေစီလွှတ်တော် ဆိုသည်ကို နားမလည်၊ သဘောမပေါက်သူများ ဖြစ်ပေလိမ့်မည်။
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment