နှစ်ဖက်တပ်ကြား ဆက် ဆံရေးရုံးကဏ္ဍအဆင့်မြှင့်သွား ရန် အလေးပေးထားသည့်အချက် အပါအဝင် အချက်လေးချက်ကို အောက်တိုဘာ ၁၈ရက် အစည်းအဝေးတွင် UPWC က အဆိုပြုခဲ့ပြီး ယင်းအချက်များကို ခေါင်းဆောင် များထံ ပြန်လည်တင်ပြ၍ အကြောင်း ပြန်မည်ဖြစ်ကြောင်း SSPP/ SSA ဘက်က တုံ့ပြန်ခဲ့သည်ဟု သတင်းရရှိသည်။
ပြီးခဲ့သည့်ရက်များအတွင်း အစိုးရတပ်မတော်နှင့် SSPP/ SSA အကြား တိုက်ပွဲများ ပြန် လည်ဖြစ်ပွားပြီးနောက် ယခုကဲ့သို့ အစိုးရ၏ပြည်ထောင်စုငြိမ်းချမ်း ရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC)နှင့် ရှမ်း ပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)
‘‘သမ္မတဦးသိန်းစိန်ရဲ့ ညွှန် ကြားချက်အရဆောင်ရွက်တဲ့ ဦးသိန်းဇော်ရဲ့အဆိုပြုချက် အောက်မှာ တပ်မတော်ဘက်က တက်ရောက်လာတဲ့အရာရှိကြီးတွေကလည်း အပြုသဘော သဘောတူကြပါတယ်။ ကျွန်တော်တို့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA)မူအရ ဘာပဲလုပ်လုပ် စုပေါင်းခေါင်းဆောင်မှုနဲ့လုပ်တဲ့အတွက် သူတို့ရဲ့အဆိုပြုချက်ကို ကျွန်တော်တို့ ဗဟိုကော်မတီကို တင်ပြမယ်ဆိုပြီး အကြောင်းပြန်ခဲ့ပါတယ်’’ဟု SSPP/SSA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစဝ်ခွန်ဆိုင်းက ပြောသည်။
ယင်းဆွေးနွေးပွဲတွင် ကာ ကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီးစိုးဝင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်အောင်စိုး၊ ရှမ်းပြည်နယ် နယ်စပ်/လုံခြုံဝန်ကြီးဗိုလ်မှူးကြီး အောင်သူတို့အပါအဝင် အစိုးရဘက်မှ အဆင့်မြင့်တာဝန်ရှိသူများတက်ရောက်ခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း က ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူလက်မှတ်ဖြင့် ‘ဝ’ပြည် သွေးစည်း ညီညွတ်ရေးတပ်မ တော် (UWSA) ထိန်းချုပ်နယ် မြေနှင့်ကပ်လျက် သံလွင်မြစ် အနောက်ဘက်ခြမ်းရှိ SSA တပ် စခန်းများ၊ လှုပ်ရှားစစ်ကြောင်း များကို နမ့်ပန်ချောင်းအနောက် ဘက်သို့ ရုပ်သိမ်းသွားရန် အကြောင်းကြားစာပေးပို့ခဲ့သည်။ ယင်းအတွက် တွေ့ဆုံဆွေးနွေး ရန် SSPP/SSA ဘက်က ကမ်း လှမ်းခဲ့၏။ ထို့နောက် အစိုးရဘက်က အကြောင်းပြန်ကြားလာရာ တွင် ‘ငြိမ်းချမ်းရေးနှင့်ဒေသဖွံ့ဖြိုး ရေးဆွေးနွေးရန်’ဆိုသည့်ခေါင်းစီး အောက်တွင် လားရှိုး၌ အောက်တိုဘာ ၁၈ ရက်တွင်တွေ့ဆုံရန်ဖော် ပြခဲ့သည်။
‘‘အခုထိတွေ့မှုမရှိတော့ပါ ဘူး။ တပ်ဆိုတာကတော့ နည်း နည်းပါးပါး ဒီလိုပဲထိတွေ့တာမျိုး တော့ရှိတာပေါ့။ ဒါပေမဲ့ အခုငြိမ် သွားပါပြီ။ ကျွန်တော်တို့ဘက်က တာဖာဆောင်ကနေဆုတ်ပေးခဲ့ရ တယ်။ အခု သူတို့ဘက်ကလည်း တဖြည်းဖြည်းဆုတ်ပေးမှာပါ။ သမ္မတကလည်း ဒီအတွက်မိန့် ကြားထားပြီးသားပဲ။ အခုဖြစ်ခဲ့ တာကို နှစ်ဦးနှစ်ဖက်သင်ခန်းစာ ယူဖို့ သဘောတူခဲ့တယ်’’ဟု ဗိုလ်မှူးကြီးစဝ်ခွန်ဆိုင်းကပြောသည်။
တစ်ဖက်တွင်လည်း မြန်မာ နိုင်ငံရှိ လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားနေကြသည့် ဒေသများ အနက် တိုက်ပွဲပြန်လည်ဖြစ်ပွားမှုမရှိသောဒေသများ၌ အစိုးရတပ် မတော်နှင့်တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များကြား စစ်မြေ ပြင်အရာရှိအဆင့်ဆက်ဆံရေး ကောင်းမွန်စွာ ရှိနေကြောင်းကို နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ အန္တရာယ်ဖြစ်နိုင်ခြေ ကြိုတင် သတိပေးခြင်း လေ့လာဆန်းစစ်မှု ပညာရှင်တစ်ဦးဖြစ်သည့် ဒေါက် တာမင်းဇော်ဦး၏(ယခုနှစ်လယ် ပိုင်းကထုတ်ပြန်ခဲ့သော)‘မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နား လည်ခြင်း’စာတမ်းက ထောက်ပြ ထားမှုရှိသည်။ နယ်မြေအဆင့် ဆက်ဆံရေးကို ကျယ်ကျယ်ပြန့် ပြန့်အကောင်အထည်မဖော်ခြင်း သည် အပစ်အခတ်ရပ်စဲရေးအဖွဲ့ များအပါအဝင် လက်နက်ကိုင် အဖွဲ့အရေအတွက် အများဆုံး လှုပ်ရှားနေသည့် ရှမ်းပြည်နယ် တွင် တိုက်ပွဲများစွာဖြစ်ပွားရခြင်း ၏အကြောင်းရင်းတစ်ရပ်ဟု လည်း ၎င်းကထောက်ပြခဲ့သည်။
SSPP သည် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ဇန်နဝါရီ ၂၈ ရက်တွင်အစိုးရနှင့်အပစ် အခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့သည်။ လက်ရှိတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်သည့်အဆင့်သို့ရောက်နေသည်။ SSPP သည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့၏ အဖွဲ့ဝင်လည်းဖြစ်သည်။
Credit - 7DAY DAILY
No comments:
Post a Comment