ကမ္ဘာပေါ်တွင် ကွဲပြား ခြားနားသော လူမျိုးစုအများဆုံး ရှိသည့် နိုင်ငံအနေဖြင့် လူနည်းစုများအား အပြည့်အ၀ လေးစားမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အရေးကြီးဆုံးဖြစ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ်ကပြောသည်။
အောက်တိုဘာ ၂၈ ရက် တွင် ကုလသမဂ္ဂအထွေထွေ ညီ လာခံသို့ တင်သွင်းမည့် မြန်မာ နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီ ရင်ခံစာတွင် မစ္စရန်ဟီလီက အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် လူနည်းစုများကိုအပြည့်အ၀လေးစားမှုမှာ အရေးကြီးသည်ဟု ယုံကြည်ကြောင်း ရေးသားထားခြင်း ဖြစ်သည်။
လူမျိုးစုပေါင်း ၁၃၀ ကျော် ရှိနေသော မြန်မာနိုင်ငံတွင် လူ့အ ခွင့်အရေးနှင့် အခြေခံလွတ်လပ် ခွင့်တို့ကို ခွဲခြားမှုမရှိဘဲ ဥပဒေရှေ့ မှောက်၌ အပြည့်အ၀ ညီမျှစွာ ထိထိရောက်ရောက် လိုက်နာ ကျင့်သုံးရန် လိုအပ်နေကြောင်း အစီရင်ခံစာ၌ ဖော်ပြထား သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုသ သမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စရန်ဟီလီက မြန်မာနိုင်ငံတွင် ခွဲခြားဆက်ဆံမှု အဆုံးသတ်ရေး၊ လူနည်းစုများ၏ အခွင့်အရေးကာကွယ်မှု ခိုင်မာ ရေးအတွက် ဘာသာရေးလွတ် လပ်မှုနှင့် ယဉ်ကျေးမှု အခွင့်အ ရေးတို့ကို လေးစားရန် အကြံပြု လိုက်သည်။
ကုလသမဂ္ဂအထူးကိုယ်စား လှယ်အနေဖြင့် တာဝန်ထမ်း ဆောင်နေစဉ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာပစ်ခတ် တိုက်ခတ် မှု ရပ်စဲရေး သဘောတူညီချက် နှင့် တိုင်းရင်းသားလူမျိုးစုများနှင့် နိုင်ငံရေးဆွေးနွေးပွဲ စတင်ရေးတို့ နှင့် ပတ်သက်သော တိုးတက်မှုတို့ ကို ကြားသိခဲ့ရကြောင်း ၎င်းက ပြောသည်။ မြန်မာအစိုးရ အဖွဲ့ဝင်များ က နောက်ဆုံးသဘောတူညီချက် ကို မကြာမီ လက်မှတ်ရေးထိုးနိုင် မည်ဟု မျှော်လင့်နေသော်လည်း ပြည်ထောင်စုစနစ်အပါအ၀င် ရှုပ် ထွေးသောအကြောင်းအရာများ စွာကို ဆုံးဖြတ်ဆောင်ရွက်နိုင်ရန် ကျန်ရှိသေးကြောင်း အစီရင်ခံစာ တွင် ရေးသားထားသည်။
လူ့အခွင့်အရေး ကျင့်ထုံး များဖြစ်သော ပူးပေါင်းပါဝင်မှု၊ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှု၊ တာဝန်ယူမှု၊ ဥပဒေစိုးမိုးမှု၊ တန်း တူညီမျှမှုနှင့် ခွဲခြားဆက်ဆံခြင်း မရှိမှုတို့သည် ငြိမ်းချမ်းရေးဖြစ်စဉ် နှင့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ် ပေါ်လာစေရေးအတွက် ယုံကြည် မှုအားကောင်းစေမည်ဟု လူ့အ ခွင့်အရေးကိုယ်စားလှယ်အနေ ဖြင့် ယုံကြည်ကြောင်း ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်အနေဖြင့် မစ္စတာ ကင်တားနားနေရာကို ယခုနှစ် ဇွန် လတွင် ဆက်ခံခဲ့သော ရန်ဟီလီသည် အချက် ၈၈ ချက်ပါသော ၎င်း၏ ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကို(၆၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် တင်ပြသွားမည် ဖြစ်သည်။
Credit - 7DAY DAILY
No comments:
Post a Comment