ပြည်တွင်း၌ အလုပ်လုပ်ကိုင်လျက်ရှိသော ကလေးငယ် များ ပညာသင်ကြားနိုင်စေရန်
အူရီးဒူးမြန်မာသည် Myanmar Mobile Education Project နှင့် ပူးပေါင်း၍
ရွေ့လျားစာသင်ခန်း စနစ်ဖြင့် ပညာသင်ကြားပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါရွေ့လျားစာသင်ခန်း myME Project သည် ကလေးများ အဓိကလိုအပ်သော အခြေခံစာတတ်မြောက်မှု၊ ဂဏန်း သင်္ချာနှင့် ကွန်ပျူတာကျွမ်းကျင်မှုတို့ကို လုံခြုံစိတ်ချရသော ပတ် ဝန်းကျင်တွင် အသုံးချနိုင်ရန် သင်ကြားမှုများဖြင့် အထောက်အပံ့များပေးမည့် စီမံကိန်းတစ်ခုအဖြစ် ဆောင်ရွက်သွားမည်ဖြစ် သည်။
‘‘မြန်မာပြည်တိုးတက်ပြောင်းလဲရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ပညာရေးကဏ္ဍကို ထောက်ပံ့ပေးရတာ ဝမ်းသာဂုဏ်ယူမိပါတယ်’’ဟု အူရီးဒူးမြန်မာ၏ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးမန်နေဂျာ ဒေါ်သီရိကြာညိုက ပြောသည်။
myME Porject သည် လက်ရှိတွင် လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် ကလေး ၂၀၀ ကို ဘတ်စ်ကားနှစ်စီးဖြင့် တစ်နေ့လျှင် နှစ်နာရီ စာသင်ကြားပေးလျက်ရှိပြီး အူရီးဒူးမြန်မာနှင့်ပူးပေါင်း၍ ၂၀၁၅ နှစ်ဆန်းပိုင်းတွင် ကလေး ၃၀၀ ခန့်ကို ထပ်မံတိုးချဲ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အူရီးဒူးမြန်မာအနေဖြင့် ၎င်း တို့၏ 3G ကွန်ရက်အင်တာနက် နှင့် မိုဘိုင်းကိရိယာပစ္စည်းများကိုလည်း စာသင်ကြားရာတွင် အထောက်အကူပြုစေရန် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
myME Project သည် အမေရိကန်ပြည်ထောင်စု နယူး ယောက်မြို့ရှိ အသင်းအဖွဲ့ငယ်တစ်ခုနှင့် မြန်မာပြည်တွင်းမှ အဖွဲ့ငယ်တစ်ခုတို့ပူးပေါင်း တည်ထောင်ခဲ့သည့်အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသူများ၊ ကျောင်းဆရာ၊ ဆရာမများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များ၊ စာရေး ဆရာများနှင့် အနုပညာရှင်များ ပါဝင်ကြောင်း သိရသည်။

Credit - 7DAY DAILY
No comments:
Post a Comment