Sunday, October 19, 2014

အစိုးရဘက်ဂျက်ဖြင့် ဆောက်သည့် အဆောက်အအုံများ အရည်အသွေး မပြည့်မီ


အစိုးရဘတ်ဂျက်ဖြင့် ဆောက် လုပ်နေသည့် အဆောက်အဦ၊ လမ်း တံတား စသည့် လုပ်ငန်းများ အရည် အသွေး ပြည့်မီရန် လိုအပ်ပုံများနှင့်ပတ်သက်၍ ကွင်းဆင်းလေ့လာတွေ့ ရှိချက်များကို လွှတ်တော် ကိုယ်စား လှယ် ၂ ဦးက အမျိုးသားလွှတ်တော် ညွှန်ကြားရေးမှူးချုပ်ထံ တင်သွင်း ခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်အစိုးရ၏ စီမံကိန်းအ ဆောက်အဦ လုပ်ငန်းအများစုသည် ကျပ် သိန်းပေါင်းထောင်ချီသည့် လုပ်ငန်းများဖြစ်ကြပြီး အရည်အသွေးပြည့်မီခြင်း မရှိဘဲ အစိုးရဘဏ္ဍာငွေ များကို အလွဲသုံးစားပြုမှုများ ရှိနေ ခြင်းကြောင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် သီတင်း ကျွတ်ကာလ လွှတ်တော် ရပ်နားချိန် အတွင်း သွားရောက် လေ့လာမှုများ ပြုလုပ်ကာ ပြန် လည် တင်ပြကြရန် အမျိုးသား လွှတ်တော်ဥက္ကဌ ဦးခင် အောင်မြင့်က ပြီးခဲ့သည့် လအတွင်းက အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ညွှန်ကြား ခဲ့ခြင်းဖြစ် သည်။

လောင်းရှည်မှာရှိတဲ့ ဧရာဝတီ ကုမ္ပဏီက လုပ်တဲ့ သိန်း ၁,၀၀၈ သုံးပြီးတော့ ဆောက်တဲ့ အထက်တန်း ကျောင်း နှစ်ထပ်ကျောင်းဆောင်ပေါ့၊ တိုင်အလုံး ၅၀ အကုန်လုံး ဆက်ထား တယ်၊ ဆင်စွယ်ဆိုတဲ့ ရွာရောက် တော့ သိန်း ၁,၂၀၀ နဲ့ ကျေးလက် ကျန်းမာရေးဌာနခွဲ ဆောက်တာ ဖောင်ဒေးရှင်းက ၁ ပေပဲ ရှိတယ်၊ ကျွန် တော်ပေကြိုးနဲ့ တိုင်းကြည့်တာ၊ ဖျက်မလား၊ Black List သွင်းရမလား ဆိုတော့ ဖျက်ပါမယ်တဲ့၊ ခဏနေ လာကြည့်မယ်၊ ပြန်လာတော့ သူတို့ ဖျက်နေတာ တွေ့တယ်}ဟု ဦးလှ ဆွေကဆိုသည်။

မကွေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၈ ခုတွင် တွေ့ရှိခဲ့သည်များကို လွှတ်တော်တွင် တင်ပြမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်မြေ ၏ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးလှဆွေကပြောဆိုထားသည်။

ကျွန်တော့် မဲဆန္ဒနယ်ထဲမှာ ဆို ဒီလိုကိစ္စတွေ အများကြီးရှိတယ်။ ကျောင်းတွေ စံချိန်စံညွှန်း မမီတာ ဆောက်ပြီး မကြာခင်မှာဘဲ အန္တရာယ် ရှိ အဆောက် အအုံ ဖြစ်နေတာ။ လမ်း တွေကခင်းပြီး တစ်နှစ်လောက် မကြာခင် မှာဘဲ လုံးဝ သုံးလို့ မရအောင် ပျက်သွားတာ။ ဒါတွေကို အထောက်အထားနဲ့ တကွ တင်ပြ မှာပါ။ အဲဒါ တွေကို စုဆောင်းထားပါပြီ။ လက်ထဲ မရောက်သေးတဲ့ အချက် အလက် တွေကိုလည်း တောင်းထားတယ် ဟု ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၆ မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကလည်း ပြောဆိုထားမှုများ လည်း ရှိသည်။

သတင်း - ဇော်မင်းထွန်း

ဓါတ်ပုံ - U Hla Swe (MP)

The Ladies News Journal
 
 
 

No comments:

Post a Comment